စေတနာ (၂)မျိုးနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ခဲ့တာဖြစ်ကြောင်းပြည်ခိုင်ဖြိုးပါတီမှ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကံမြင့်သန်းက ပြည်သူနှင့်တွေ့ဆုံစဉ်ပြောကြား

145

ပြည့်ဖြိုးပိုင် (မအူပင်)ဒီဇင်ဘာ - ၂၃
ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စေတနာနဲ့ ကိုယ့်ဒေသမှာဖြစ်လာတဲ့ ကိစ္စတွေကိုဖြေရှင်းဖို့ စေတနာ ဆိုတဲ့စေတနာ (၂)မျိုးနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ခဲ့တာဖြစ်ကြောင်းပြည်ခိုင်ဖြိုးပါတီမှ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကံမြင့်သန်းက ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းက မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
"ကျွန်တော်အနည်းဆုံး (၁၀)နိုင်ငံလောက်ရောက်ခဲ့ဖူးပါတယ်။နိုင်ငံတွေတိုးတက်တာတွေ အားသာချက်တွေအားနည်းချက်တွေ ၊ ဒေသအနှံ့အပြားက ကိုယ့်တိုင်းရင်းသားတွေရဲ့အခြေနေတွေ ၊ အထူးသဖြင့်မြို့နဲ့ရွာတွေရဲ့ကွာဟချက် ၊ ပြည်မနဲ့ ပြည်နယ်တွေရဲ့ကွာဟချက် ၊ ဗဟိုအစိုးရနဲ့ နယ်စပ်ဒေသတွေရဲ့ကွာဟချက် ဒီကွာဟချက်တွေတွေ့ရတဲ့အခါမှာ ကျွန်တော်တို့လုပ်ပေးရမှာတွေ အများကြီးပဲ။ ဒါကြောင့်ဘာစေတနာဖြစ်လာလည်းဆိုရင် ကိုယ့်ဒေသကိုကိုယ်ပြန်ပြီးတော့မှ ဒီထက်ပို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးချင်တဲ့ စေတနာ ဒါကပထမတစ်ချက်ဖြစ်ပါတယ် ၊ ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့မအူပင်မြို့နယ်မှာ နေထိုင်တဲ့ညီကိုမောင်နှမတွေ (၃)သိန်းခွဲလောက်ရှိတယ် ၊ သူတို့မှာအခက်အခဲတွေရှိနိုင်တယ် သူတို့မှာပြသနာတွေရှိလာနိုင်တယ် ၊ သူတို့မှာ ဖြေရှင်းရမယ့်ကိစ္စတွေရှိလာနိုင်တယ် ၊ သူတို့ပြောတဲ့အခါနားထောင်ပြီးလုပ်ပေးရမှာတွေရှိလာနိုင်တယ် ၊ ဒီလိုအခါမျိုးမှာ သူတို့ကိုယ်စား သူတို့ရှေ့ကနေပြောမယ် ဆိုမယ် လုပ်မယ် ဒီစေတနာ ဖြစ်ပါတယ် ၊ အဲ့တော့စေတနာနှစ်မျိုးရှိတယ် ၊ တစ်ခုသည် ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စေတနာနဲ့ ဒုတိယတစ်ခုသည် ကိုယ့်ဒေသမှာဖြစ်လာတဲ့ ကိစ္စတွေကိုဖြေရှင်းဖို့ စေတနာ ဆိုတဲ့စေတနာ (၂)မျိုးနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်၊ အခု ဒီအချိန်မှာ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ် ပြောလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့စေတနာကိုခန့်မှန်းပြီး အကြောင်းအရာတွေကိုခန့်မှန်းပြီးမှ ပါတီကိုဝန်းရံသူတွေ ပါတီဝင်တွေက တခဲနက်အားပေးဖို့ပြောတာဖြစ်ပါတယ်ဟု" ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကံမြင့်သန်းက မဲဆန္ဒရှင်ပြည်သူများကိုပြောကြားခဲ့သည်။
အဆိုပါမဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲအား တလုပ်လပ်အရှေ့ကျေးရွာရှိ တပင်ရွှေထီး ဆန်စက်ဝန်းအတွင်း၌ ပြုလုပ်ခဲ့ပြီး မအူပင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကံမြင့်သန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မင်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးဝင်းကျော်ကျော် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း စောသောင်းဒန် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သူဇာသန်းမြင့်တို့နှင့်အတူ ပါတီဝင်များ ၊ ပါတီဝန်းရံသူများ ၊ ပြည်သူများ အင်အား (၂၀၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
ေစတနာ (၂)မ်ိဳးနဲ႔ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္းျပည္ခိုင္ၿဖိဳးပါတီမွ မအူပင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးကံျမင့္သန္းက ျပည္သူႏွင့္ေတြ႕ဆုံစဥ္ေျပာၾကား
ျပည့္ၿဖိဳးပိုင္ (မအူပင္)ဒီဇင္ဘာ - ၂၂
ကိုယ္ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေစတနာနဲ႔ ကိုယ့္ေဒသမွာျဖစ္လာတဲ့ ကိစၥေတြကိုေျဖရွင္းဖို႔ ေစတနာ ဆိုတဲ့ေစတနာ (၂)မ်ိဳးနဲ႔ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္းျပည္ခိုင္ၿဖိဳးပါတီမွ မအူပင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးကံျမင့္သန္းက ဒီဇင္ဘာလ (၂၂)ရက္ေန႔ ညေနပိုင္းက မအူပင္ၿမိဳ႕နယ္ တလုပ္လပ္အေရွ႕ေက်း႐ြာရွိ ျပည္သူမ်ားႏွင့္ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္။
"ကြၽန္ေတာ္အနည္းဆုံး (၁၀)ႏိုင္ငံေလာက္ေရာက္ခဲ့ဖူးပါတယ္။ႏိုင္ငံေတြတိုးတက္တာေတြ အားသာခ်က္ေတြအားနည္းခ်က္ေတြ ၊ ေဒသအႏွံ႔အျပားက ကိုယ့္တိုင္းရင္းသားေတြရဲ႕အေျခေနေတြ ၊ အထူးသျဖင့္ၿမိဳ႕နဲ႔႐ြာေတြရဲ႕ကြာဟခ်က္ ၊ ျပည္မနဲ႔ ျပည္နယ္ေတြရဲ႕ကြာဟခ်က္ ၊ ဗဟိုအစိုးရနဲ႔ နယ္စပ္ေဒသေတြရဲ႕ကြာဟခ်က္ ဒီကြာဟခ်က္ေတြေတြ႕ရတဲ့အခါမွာ ကြၽန္ေတာ္တို႔လုပ္ေပးရမွာေတြ အမ်ားႀကီးပဲ။ ဒါေၾကာင့္ဘာေစတနာျဖစ္လာလည္းဆိုရင္ ကိုယ့္ေဒသကိုကိုယ္ျပန္ၿပီးေတာ့မွ ဒီထက္ပို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ေပးခ်င္တဲ့ ေစတနာ ဒါကပထမတစ္ခ်က္ျဖစ္ပါတယ္ ၊ ဒုတိယတစ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔မအူပင္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ညီကိုေမာင္ႏွမေတြ (၃)သိန္းခြဲေလာက္ရွိတယ္ ၊ သူတို႔မွာအခက္အခဲေတြရွိႏိုင္တယ္ သူတို႔မွာျပသနာေတြရွိလာႏိုင္တယ္ ၊ သူတို႔မွာ ေျဖရွင္းရမယ့္ကိစၥေတြရွိလာႏိုင္တယ္ ၊ သူတို႔ေျပာတဲ့အခါနားေထာင္ၿပီးလုပ္ေပးရမွာေတြရွိလာႏိုင္တယ္ ၊ ဒီလိုအခါမ်ိဳးမွာ သူတို႔ကိုယ္စား သူတို႔ေရွ႕ကေနေျပာမယ္ ဆိုမယ္ လုပ္မယ္ ဒီေစတနာ ျဖစ္ပါတယ္ ၊ အဲ့ေတာ့ေစတနာႏွစ္မ်ိဳးရွိတယ္ ၊ တစ္ခုသည္ ကိုယ္ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေစတနာနဲ႔ ဒုတိယတစ္ခုသည္ ကိုယ့္ေဒသမွာျဖစ္လာတဲ့ ကိစၥေတြကိုေျဖရွင္းဖို႔ ေစတနာ ဆိုတဲ့ေစတနာ (၂)မ်ိဳးနဲ႔ ေ႐ြးေကာက္ပြဲဝင္ခဲ့တာျဖစ္ပါတယ္၊ အခု ဒီအခ်ိန္မွာ ဟိုဟာလုပ္ေပးမယ္ ဒီဟာလုပ္ေပးမယ္ ေျပာလို႔မရပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ေစတနာကိုခန႔္မွန္းၿပီး အေၾကာင္းအရာေတြကိုခန႔္မွန္းၿပီးမွ ပါတီကိုဝန္းရံသူေတြ ပါတီဝင္ေတြက တခဲနက္အားေပးဖို႔ေျပာတာျဖစ္ပါတယ္ဟု" ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးကံျမင့္သန္းက မဲဆႏၵရွင္ျပည္သူမ်ားကိုေျပာၾကားခဲ့သည္။
အဆိုပါမဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲအား တလုပ္လပ္အေရွ႕ေက်း႐ြာရွိ တပင္ေ႐ႊထီး ဆန္စက္ဝန္းအတြင္း၌ ျပဳလုပ္ခဲ့ၿပီး မအူပင္ၿမိဳ႕ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးကံျမင့္သန္း ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ေက်ာ္မင္း ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း(PR) ဦးဝင္းေက်ာ္ေက်ာ္ ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေစာေသာင္းဒန္ ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (PR) ေဒၚသူဇာသန္းျမင့္တို႔ႏွင့္အတူ ပါတီဝင္မ်ား ၊ ပါတီဝန္းရံသူမ်ား ၊ ျပည္သူမ်ား အင္အား (၂၀၀၀)ခန႔္တက္ေရာက္ခဲ့ၾကေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)