ယခုနှစ် နိုဝင်ဘာလကုန်အထိ တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာ (၅၆၀,၀၀၀)ကျော်အထိ တိုးတက်ပိုင်ဆိုင်လာ

 83

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၃

ယခုနှစ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာ (၅၆၀,၀၀၀)ကျော်ရှိတိုးတက်ပိုင်ဆိုင်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(ဒီဇင်ဘာ ၂၂ ရက်)၊ နံနက်ပိုင်းက နေပြည်တော်စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) ၌ ကျင်းပသော လယ်ယာသုံးစက်ကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာပြပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ နေထိုင်ဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်နည်း နည်းနှင့် ဆက်စပ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍကိုအခြေခံပြီး ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ကို ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်နေသည့် သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံ စိုက်စွမ်းအား မြှင့်တင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို မှန်ကန်အောင် ဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာကို စနစ်တကျ ပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေကို ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြစ်စေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေကြသည့်နေရာတွင် စက်မှုလယ်ယာစနစ် အသုံးပြုနိုင်ရေးသည် အရေးကြီးကဏ္ဍ ကနေ ပါဝင်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုအသုံးပြုနိုင်ရန်အတွက် အားပေးကူညီဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာ များအနေဖြင့် ထွန်စက်ကြီး (၄၃၉၃၉) စီး၊ လက်တွန်းထွန်စက် (၄၆၂၆၂၇) စီး၊ ကောက်စိုက်စက် (၁၅၈) စီး၊ လက်ဆွဲကောက်စိုက်စက် စီး (၆၁၀)၊ လက်ဆွဲမျိုးစေ့ ချကိရိယာ (၃၇၄၆၇) လက်၊ ရိတ်သိမ်းခြွေလှေ့စက် (၁၃၂၁၁) စီး၊ စပါးအခြောက်ခံ စက် (၂၁၁၀) အထိ တိုးတက်ပိုင်ဆိုင်လာသည်ကို စာရင်းဇယားများအရ တွေ့ရှိရကြောင်း ပြည်ထောင် စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မြေပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများတွင် အထိုက်အလျောက် စက်ကိရိယာများ သုံးစွဲနေ ကြပြီဖြစ်သော်လည်း သီးနှံစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ စပါးအပြင် အခြားသီးနှံများ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သီးနှံအခြောက်ခံ ခြင်း စသည့် အခြားစိုက်ပျိုးရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် စက်ကိရိယာအသုံးပြုမှုသည် အစပျိုးဆောင်ရွက်နေသည့် အဆင့်တွင်သာရှိနေသေးကြောင်း သိရသည်။
စက်ကိရိယာများကို ရာခိုင်နှုန်း ပြည့်သုံးစွဲနိုင်ရန်ဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်းအဆင့်တိုင်းတွင် လယ်ယာသုံးစက်ကိရိယာများ မြောက်မြားစွာ လိုအပ်နေသေးသည်ကို တွေ့ရှိရကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

Zawgyi Version:
ယခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ေတာင္သူပိုင္လယ္ယာသုံးစက္ကိရိယာ (၅၆၀,၀၀၀)ေက်ာ္အထိ တိုးတက္ပိုင္ဆိုင္လာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၃
ယခုႏွစ္ ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလကုန္အထိ ေတာင္သူပိုင္လယ္ယာသုံးစက္ကိရိယာ (၅၆၀,၀၀၀)ေက်ာ္ရွိတိုးတက္ပိုင္ဆိုင္လာခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ဒီဇင္ဘာ ၂၂ ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးသိပၸံ(ပ်ဥ္းမနား) ၌ က်င္းပေသာ လယ္ယာသုံးစက္ကိရိယာျပပြဲ ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လယ္ယာသုံးစက္ကိရိယာျပပြဲကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ စက္မႈလယ္ယာဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ လယ္ယာသုံးစက္ကိရိယာ လုပ္ငန္းရွင္မ်ားအသင္းတို႔က ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ လူဦးေရ၏ (၇၀) ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေဒသမ်ား ေနထိုင္ျဖစ္ၾကၿပီး လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ တစ္နည္း နည္းႏွင့္ ဆက္စပ္ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးက႑ကိုအေျခခံၿပီး ေက်းလက္ေဒသေနျပည္သူမ်ား လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစရန္အတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအေနျဖင့္ ဦးတည္ခ်က္(၄)ရပ္တြင္ “ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး၌ အဓိကႏွင့္အေျခခံအုတ္ျမစ္ျဖစ္သည့္ စိုက္ပ်ိဳးေရးက႑စဥ္ဆက္မျပတ္တိုးတက္၍ စိုက္ပ်ိဳးေမြးျမဴေရးကို အေျခခံသည့္ စက္မႈက႑ (Agro-based Industries) ဖြံ႕ၿဖိဳးတိုးတက္မႈမွသည္ ျပည္သူတို႔၏ လူမႈစီးပြားဘဝကို စဥ္ဆက္မျပတ္ျမႇင့္တင္ေရး” ကို ဦးတည္ခ်က္တစ္ရပ္အျဖစ္ ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
လယ္ယာက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ ဦးစားေပးေဆာင္႐ြက္ေနသည့္ သီးႏွံမ်ား၏ ပန္းတိုင္အထြက္ႏႈန္းရရွိေရး၊ သီးႏွံ စိုက္စြမ္းအား ျမႇင့္တင္ေရး၊ မ်ိဳး၊ ေျမ၊ ေရ၊ နည္းပညာမ်ားကို မွန္ကန္ေအာင္ ေဆာင္႐ြက္ႏိုင္ေရး၊ ေျမဆီလႊာကို စနစ္တက် ျပဳျပင္ႏိုင္ေရး၊ စိုက္ပ်ိဳးေရကို ေကာင္းမြန္သည့္ စီမံခန႔္ခြဲမႈျဖစ္ေစေရး၊ ရိတ္သိမ္းခ်ိန္လြန္ နည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး ေဆာင္႐ြက္ေနၾကသည့္ေနရာတြင္ စက္မႈလယ္ယာစနစ္ အသုံးျပဳႏိုင္ေရးသည္ အေရးႀကီးက႑ ကေန ပါဝင္ေနေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ လယ္ယာက႑တြင္ စက္ကိရိယာမ်ား ပိုမိုအသုံးျပဳႏိုင္ရန္အတြက္ အားေပးကူညီေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ေတာင္သူပိုင္ လယ္ယာသုံးစက္ကိရိယာ မ်ားအေနျဖင့္ ထြန္စက္ႀကီး (၄၃၉၃၉) စီး၊ လက္တြန္းထြန္စက္ (၄၆၂၆၂၇) စီး၊ ေကာက္စိုက္စက္ (၁၅၈) စီး၊ လက္ဆြဲေကာက္စိုက္စက္ စီး (၆၁၀)၊ လက္ဆြဲမ်ိဳးေစ့ ခ်ကိရိယာ (၃၇၄၆၇) လက္၊ ရိတ္သိမ္းေႁခြေလွ႔စက္ (၁၃၂၁၁) စီး၊ စပါးအေျခာက္ခံ စက္ (၂၁၁၀) အထိ တိုးတက္ပိုင္ဆိုင္လာသည္ကို စာရင္းဇယားမ်ားအရ ေတြ႕ရွိရေၾကာင္း ျပည္ေထာင္ စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ေျမျပဳျပင္ျခင္းႏွင့္ စပါးရိတ္သိမ္းေႁခြေလွ႔ျခင္းလုပ္ငန္းမ်ားတြင္ အထိုက္အေလ်ာက္ စက္ကိရိယာမ်ား သုံးစြဲေန ၾကၿပီျဖစ္ေသာ္လည္း သီးႏွံစိုက္ပ်ိဳးျခင္း၊ အပင္ျပဳစုျခင္း၊ စပါးအျပင္ အျခားသီးႏွံမ်ား ရိတ္သိမ္းေႁခြေလွ႔ျခင္း၊ သီးႏွံအေျခာက္ခံ ျခင္း စသည့္ အျခားစိုက္ပ်ိဳးေရးလုပ္ငန္းစဥ္ အဆင့္ဆင့္တြင္ စက္ကိရိယာအသုံးျပဳမႈသည္ အစပ်ိဳးေဆာင္႐ြက္ေနသည့္ အဆင့္တြင္သာရွိေနေသးေၾကာင္း သိရသည္။
စက္ကိရိယာမ်ားကို ရာခိုင္ႏႈန္း ျပည့္သုံးစြဲႏိုင္ရန္ဆိုလွ်င္ စိုက္ပ်ိဳးေရးလုပ္ငန္းအဆင့္တိုင္းတြင္ လယ္ယာသုံးစက္ကိရိယာမ်ား ေျမာက္ျမားစြာ လိုအပ္ေနေသးသည္ကို ေတြ႕ရွိရေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးကဆိုသည္။

Related news

© 2021. All rights reserved.