လာမည့် ဖေဖော်ဝါရီနှင့်မေလတို့တွင် သူနာပြု ၁၇၀၀ ကျော်ကို သစ်လွင်သူနာပြုအဖြစ် ခန့်အပ်မည်

102

Pearl (NP News) - ဒီဇင်ဘာ ၂၃
လာမည့် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ နှင့် မေလတို့တွင် သူနာပြု ၁၇၀၀ ကျော်ကို သစ်လွင်သူနာပြုအဖြစ် ခန့်အပ် မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) က သူနာပြု - သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းဆင်းမည့် သစ်လွင်သူနာပြုများနှင့် သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းဆင်းမည့် သစ်လွင်သားဖွားများကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲကို သူနာပြုတက္ကသိုလ်(ရန်ကုန်) Auditorium ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြု၊ သားဖွားများလိုက်နာရမည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သော ခံယူချက်ရှိသည့် သူနာပြု၊ သားဖွားကောင်းများ ဖြစ်ကြစေလိုကြောင်းနှင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ဖော်ရွေစွာပြောဆိုဆက်ဆံကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု ၈၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု ၃၄၀၊ ရန်ကုန်ဗဟိုသားဖွား သင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သားဖွား ၁၆၂ ဦး စုစုပေါင်း ၅၈၈ ဦးကိုယ်စား သစ်လွင်သူနာပြုနှစ်ဦး၊ သစ်လွင်သားဖွား တစ်ဦးတို့ထံ ခန့်အပ်တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာများပေးအပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၂၅ ခုနှစ်တွင် သစ်လွင်သူနာပြု ၁၅၂၀ နှင့် သစ်လွင်သားဖွား ၃၆၁ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် သူနာပြု ၁၇၆၂ ဦးကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
လာမည့္ ေဖေဖာ္ဝါရီႏွင့္ေမလတို႔တြင္ သူနာျပဳ ၁၇၀၀ ေက်ာ္ကို သစ္လြင္သူနာျပဳအျဖစ္ ခန႔္အပ္မည္
Pearl (NP News) - ဒီဇင္ဘာ ၂၃
လာမည့္ ၂၀၂၆ ခုႏွစ္ ၊ ေဖေဖာ္ဝါရီ ႏွင့္ ေမလတို႔တြင္ သူနာျပဳ ၁၇၀၀ ေက်ာ္ကို သစ္လြင္သူနာျပဳအျဖစ္ ခန႔္အပ္ မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၂၂ ရက္) က သူနာျပဳ - သားဖြား ဒီပလိုမာ သုံးႏွစ္သင္တန္းဆင္းမည့္ သစ္လြင္သူနာျပဳမ်ားႏွင့္ သားဖြားဒီပလိုမာ ႏွစ္ႏွစ္သင္တန္းဆင္းမည့္ သစ္လြင္သားဖြားမ်ားကို ႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ေပးအပ္သည့္ ခန႔္အပ္လႊာေပးအပ္ပြဲကို သူနာျပဳတကၠသိုလ္(ရန္ကုန္) Auditorium ခန္းမ၌ Hybrid စနစ္ျဖင့္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနား၌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ျပည္သူလူထုကို က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ အရည္အေသြးေရာ အရည္အခ်င္းပါ ျပည့္ဝ႐ုံမွ်မက မိမိတို႔သူနာျပဳ၊ သားဖြားမ်ားလိုက္နာရမည့္ အသက္ေမြး ဝမ္းေက်ာင္းဆိုင္ရာက်င့္ဝတ္မ်ားကို လိုက္နာက်င့္ႀကံၾကေစလိုေၾကာင္း၊ အေျခခံသူနာျပဳစုမႈႏွင့္ သားဖြားအတတ္ပညာမ်ားကို အသုံးျပဳ၍ ျပည္သူမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာျဖင့္ ျပဳစုေပးႏိုင္ေသာ မွန္ကန္ေသာ ခံယူခ်က္ရွိသည့္ သူနာျပဳ၊ သားဖြားေကာင္းမ်ား ျဖစ္ၾကေစလိုေၾကာင္းႏွင့္ ျပည္သူလူထုႏွင့္ ဆက္ဆံရာတြင္ ေဖာ္ေ႐ြစြာေျပာဆိုဆက္ဆံၾကေစလိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ေနျပည္ေတာ္ သူနာျပဳ၊ သားဖြားသင္တန္းေက်ာင္းမွ တက္ေရာက္ေအာင္ျမင္သူ သစ္လြင္သူနာျပဳ ၈၆ ဦး၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သူနာျပဳ၊ သားဖြားသင္တန္းေက်ာင္းမ်ားမွ တက္ေရာက္ေအာင္ျမင္သူ သစ္လြင္သူနာျပဳ ၃၄၀၊ ရန္ကုန္ဗဟိုသားဖြား သင္တန္းေက်ာင္းမွ တက္ေရာက္ေအာင္ျမင္သူ သစ္လြင္သားဖြား ၁၆၂ ဦး စုစုေပါင္း ၅၈၈ ဦးကိုယ္စား သစ္လြင္သူနာျပဳႏွစ္ဦး၊ သစ္လြင္သားဖြား တစ္ဦးတို႔ထံ ခန႔္အပ္တာဝန္ေပးအပ္သည့္ ဌာနဆိုင္ရာအမိန႔္စာမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္လည္း ၂၀၂၅ ခုႏွစ္တြင္ သစ္လြင္သူနာျပဳ ၁၅၂၀ ႏွင့္ သစ္လြင္သားဖြား ၃၆၁ ဦးကို ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ခန႔္အပ္တာဝန္ေပးႏိုင္ခဲ့ၿပီး ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလႏွင့္ ေမလတို႔တြင္ သူနာျပဳ ၁၇၆၂ ဦးကို သစ္လြင္သူနာျပဳမ်ားအျဖစ္ ခန႔္အပ္တာဝန္ေပးအပ္မည္ျဖစ္ေၾကာင္းသိရသည္။