တောင်အာဖရိကနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၉)ဦး သေဆုံး

153

Pika (NP News) - ဒီဇင်ဘာ ၂၃
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့ အနောက်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံးပြီး အခြားလူ(၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို အာဏာပိုင်တွေက ချက်ချင်းလိုက်လံ ဖမ်းဆီးနေတယ်လို့လည်း တောင်အာဖရိကရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဂျိုဟန်နက်စ်ဘာ့ချ်မြို့ အနောက်တောင်ဘက်က ဘက်ကာဒယ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခု မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဖြူရောင်မီနီဘတ်စ်ကားတစ်စီးနဲ့ ငွေရောင် sedan ကားပေါ်တို့မှာ လိုက်ပါလာတဲ့ သံသယရှိသူ(၁၂)ဦးဟာ စားသောက်ဆိုင်အတွင်းမှာရှိတဲ့ ဧည့်သည်တွေကို သေနတ်နဲ့ ကြုံရာကျပန်းပစ်ခတ်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပစ်ခတ်မှုကို ဘာကြောင့်လုပ်ဆောင်ရသလဲဆိုတဲ့ အသေးစိတ်အချက် အလက်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းနဲ့ အသေးစိတ်သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ လူ(၁ဝ)ဦးကို ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတဲ့လူတွေ ပါဝင်တာမျိုး မရှိဘူးလို့ ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေတာင္အာဖရိကႏိုင္ငံက စားေသာက္ဆိုင္တစ္ခုမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၉)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၂၃
ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳဟန္နက္စ္ဘာ့ခ်္ၿမိဳ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြား ခဲ့ရာ အနည္းဆုံးလူ(၉)ဦးေသဆုံးၿပီး အျခားလူ(၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သံသယရွိသူေတြကို အာဏာပိုင္ေတြက ခ်က္ခ်င္းလိုက္လံ ဖမ္းဆီးေနတယ္လို႔လည္း ေတာင္အာဖရိကရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ ဂ်ိဳဟန္နက္စ္ဘာ့ခ်္ၿမိဳ႕ အေနာက္ေတာင္ဘက္က ဘက္ကာဒယ္ၿမိဳ႕မွာရွိတဲ့ စားေသာက္ဆိုင္တစ္ခု မွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အျဖဴေရာင္မီနီဘတ္စ္ကားတစ္စီးနဲ႔ ေငြေရာင္ sedan ကားေပၚတို႔မွာ လိုက္ပါလာတဲ့ သံသယရွိသူ(၁၂)ဦးဟာ စားေသာက္ဆိုင္အတြင္းမွာရွိတဲ့ ဧည့္သည္ေတြကို ေသနတ္နဲ႔ ႀကဳံရာက်ပန္းပစ္ခတ္ခဲ့ၿပီးေနာက္ အခင္းျဖစ္ပြားရာ ေနရာကေန ထြက္ေျပးသြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပစ္ခတ္မႈကို ဘာေၾကာင့္လုပ္ေဆာင္ရသလဲဆိုတဲ့ အေသးစိတ္အခ်က္ အလက္ေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေၾကာင္းနဲ႔ အေသးစိတ္သိရွိႏိုင္ဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တဲ့ လူ(၁ဝ)ဦးကို ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ၿပီး စိုးရိမ္ရတဲ့အေျခအေနမွာရွိေနတဲ့လူေတြ ပါဝင္တာမ်ိဳး မရွိဘူးလို႔ ရဲတပ္ဖြဲ႕က ထပ္မံေျပာၾကားခဲ့ပါတယ္။