ဂျပန်အစိုးရရဲ့နျူကလီးယားရည်မှန်းချက်တွေကို တားဆီးသွားမယ်လို့ မြောက်ကိုရီးယားအစိုးရပြော

112

Pika (NP News) - ဒီဇင်ဘာ ၂၃
ဂျပန်အစိုးရရဲ့နျူကလီးယားဆိုင်ရာရည်မှန်းချက်တွေကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် တားဆီးရမယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံက နျူကလီးယားလက်နက်တွေပိုင်ဆိုင်သင့်တယ်လို့ ဂျပန်အရာရှိတစ်ဦးက အကြံပြုပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂျပန်အရာရှိတစ်ဦးက “ဂျပန်က နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂျပန်ရဲ့လုံခြုံရေးမူဝါဒကို ရေးဆွဲရာမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တဲ့အရာရှိ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအရာရှိက “ဂျပန်က နျူကလီးယားလက်နက်တွေသာ ပိုင်ဆိုင်ထား မယ်ဆိုရင် နောက်ဆုံးမှာတော့ အသုံးပြုဖို့လိုအပ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်မှာလည်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂျပန်အရာရှိရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ပြောဆိုချက်တွေဟာ အနီရောင်မျဉ်းကို ကျော်လွန် နေပြီး လက်ခံနိုင်စရာမရှိတဲ့ပြောဆိုချက်တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက တုံ့ပြန်ပြောကြားခဲ့ပါ တယ်။ မြောက်ကိုရီးယားအစိုးရက “ဂျပန်နိုင်ငံရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် တားဆီးကာကွယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂ်ပန္အစိုးရရဲ႕န်ဴကလီးယားရည္မွန္းခ်က္ေတြကို တားဆီးသြားမယ္လို႔ ေျမာက္ကိုရီးယားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၃
ဂ်ပန္အစိုးရရဲ႕န်ဴကလီးယားဆိုင္ရာရည္မွန္းခ်က္ေတြကို ဘယ္လိုနည္းလမ္းနဲ႔ျဖစ္ျဖစ္ တားဆီးရမယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံက န်ဴကလီးယားလက္နက္ေတြပိုင္ဆိုင္သင့္တယ္လို႔ ဂ်ပန္အရာရွိတစ္ဦးက အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂ်ပန္အရာရွိတစ္ဦးက “ဂ်ပန္က န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္သင့္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂ်ပန္ရဲ႕လုံၿခဳံေရးမူဝါဒကို ေရးဆြဲရာမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တဲ့အရာရွိ ပါဝင္ပတ္သက္ခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီအရာရွိက “ဂ်ပန္က န်ဴကလီးယားလက္နက္ေတြသာ ပိုင္ဆိုင္ထား မယ္ဆိုရင္ ေနာက္ဆုံးမွာေတာ့ အသုံးျပဳဖို႔လိုအပ္လာတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ အားကိုးႏိုင္မွာလည္း ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂ်ပန္အရာရွိရဲ႕န်ဴကလီးယားလက္နက္ပိုင္ဆိုင္သင့္တယ္ဆိုတဲ့ေျပာဆိုခ်က္ေတြဟာ အနီေရာင္မ်ဥ္းကို ေက်ာ္လြန္ ေနၿပီး လက္ခံႏိုင္စရာမရွိတဲ့ေျပာဆိုခ်က္တစ္ခုျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက တုံ႔ျပန္ေျပာၾကားခဲ့ပါ တယ္။ ေျမာက္ကိုရီးယားအစိုးရက “ဂ်ပန္ႏိုင္ငံရဲ႕န်ဴကလီးယားလက္နက္ပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းမႈမွန္သမွ်ကို ဘယ္လို နည္းလမ္းနဲ႔ပဲျဖစ္ျဖစ္ တားဆီးကာကြယ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။