ဟားမက်နဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့က လက်နက်မဖျက်သိမ်းဘူးဆိုရင် စစ်ရေးအရ အရေးယူဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တိုက်တွန်း

918

Pika (NP News) - ဒီဇင်ဘာ ၂၃
ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့က လက်နက်ဖျက်သိမ်းဖို့ငြင်းဆိုခဲ့မယ်ဆိုရင် စစ်ရေးအရ အရေးယူမှုတွေလုပ်ဆောင်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်လင်ဆေးဂရေဟမ်က တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသမှာ ၎င်းတို့ရဲ့အာဏာကို စုစည်းဖို့လုပ်ဆောင်နေ တယ်လို့လည်း လင်ဆေးဂရေဟမ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
လင်ဆေးဂရေဟမ်ဟာ အစ္စရေးကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ လက်နက်တွေ ကို ဖျက်သိမ်းတာဟာ ဒေသတွင်းမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ရရှိစေလိမ့်မယ်လို့လည်း အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားထားပါတယ်။
လင်ဆေးဂရေဟမ်က “အစီအစဉ်တစ်ခုကို မြန်မြန်ရေးဆွဲဖို့၊ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အချိန်တစ်ခုပေးထား ပြီး အဲဒီအချိန်အတွင်း လက်နက်ဖျက်သိမ်းအောင်လုပ်ဆောင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ အကယ်၍ သူတို့ ကသာ လက်နက်ဖျက်သိမ်းဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဟားမက္နဲ႔ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔က လက္နက္မဖ်က္သိမ္းဘူးဆိုရင္ စစ္ေရးအရ အေရးယူဖို႔ အေမရိကန္အထက္လႊတ္ေတာ္အမတ္ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၂၃
ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔က လက္နက္ဖ်က္သိမ္းဖို႔ျငင္းဆိုခဲ့မယ္ဆိုရင္ စစ္ေရးအရ အေရးယူမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္အထက္လႊတ္ေတာ္အမတ္လင္ေဆးဂေရဟမ္က ေတာင္းဆိုခဲ့ တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဂါဇာကမ္းေျမာင္ေဒသမွာ ၎တို႔ရဲ႕အာဏာကို စုစည္းဖို႔လုပ္ေဆာင္ေန တယ္လို႔လည္း လင္ေဆးဂေရဟမ္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။
လင္ေဆးဂေရဟမ္ဟာ အစၥေရးကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ လက္နက္ေတြ ကို ဖ်က္သိမ္းတာဟာ ေဒသတြင္းမွာေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးကို ရရွိေစလိမ့္မယ္လို႔လည္း အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားထားပါတယ္။
လင္ေဆးဂေရဟမ္က “အစီအစဥ္တစ္ခုကို ျမန္ျမန္ေရးဆြဲဖို႔၊ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အခ်ိန္တစ္ခုေပးထား ၿပီး အဲဒီအခ်ိန္အတြင္း လက္နက္ဖ်က္သိမ္းေအာင္လုပ္ေဆာင္ဖို႔က အရမ္းကိုအေရးႀကီးပါတယ္။ အကယ္၍ သူတို႔ ကသာ လက္နက္ဖ်က္သိမ္းဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ စစ္ေရးအရ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔လည္း တိုက္တြန္းခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။