ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်ရန် အလားအလာရှိနေ

 2285

Pearl (NP News) - ဒီဇင်ဘာ ၂၃
တရုတ် - မြန်မာ နယ်စပ် မူဆယ် (၁၀၅) ကုန်သွယ်ရေးဇုန်အတွင်းရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်ရန် အလား အလာရှိနေကြောင်း ကုန်သည်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါ ကျင်စန်းကျော့ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် တာဝန်ရှိသူများက ညှိနှိုင်းမှုများ ဆောင်ရွက် နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ပြန်ဖွင့်နိုင် ကြောင်းလည်း သိရသည်။ “ကျင်စန်းကျော့ဂိတ်က ပြန်ဖွင့်တော့ မယ်ဆိုတဲ့အနေအထားကတော့ သူတို့ဆွေးနွေးမှု ရလဒ်ပေါ် မူတည်တာပေါ့နော်။ တစ်ဆင့်ချင်းတော့ တိုး တက်လာတာမြင်နေရတယ်။ ဒီရွေးကောက်ပွဲအလွန် သို့မ ဟုတ် ဒီထက်စောရင် ဒီနှစ်ကုန်ရင် တစ်ခုခု ထူးခြားမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲအလွန်မှာ ပြန်ဖွင့်နိုင်မလားဆိုတာပဲ။ သေချာတာကတော့ ကျင်စန်းကျော့လမ်းအတိုင်းကတော့ ပြန်ဖွင့်မှာပေါ့လေ။ အလားအလာကတော့ တော်တော်ရှိနေတဲ့ အနေအထားပေါ့။ လမ်းပိုင်းအခြေအနေမှာ နယ်မြေစိုးမိုးမှုအနေအထားတွေရယ် ပြန်ဆွေးနွေးတဲ့အနေ အထားတွေရယ်ကြောင့်။ တရုတ်ဘက်ရဲ့ ဆန္ဒရောပေါ့”ဟု ကုန်သည်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ကုန်သည်များအနေဖြင့် ကျင်စန်းကျော့ဂိတ်ပိတ်ထားသည့်အတွက် ကျိုင်းတုံ၊ မိုင်း လားဂိတ်မှတစ်ဆင့် တရုတ်ပြည်သို့ ကုန်ပစ္စည်းများ တင်ပို့နေရကြောင်း သိရသည်။ ထို့ကြောင့် ကုန် သည်များအနေဖြင့်လည်း ကျင်စန်းကျော့ဂိတ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။
“မန္တလေးကနေပြီးတော့ ကျင်စန်းကျော့ကို ကားခ သိန်း (၃၀)လောက်ရှိမယ်။ သွားလာတဲ့ ရက် ကလည်း (၁) ညအိပ်၊ (၂)ညအိပ်ပေါ့။ မိုင်းလား ဘက်သွားရင် ကုန်ကျစရိတ်က သိန်း (၁၀ဝ) ကျော် တယ်။ သွားရတဲ့ ခရီးက (၇) ရက်၊ (၈)ရက်။ ပို့ရတဲ့ကုန်က ကုန်စိမ်းဆိုတော့ ရောင်းပန်းလှတဲ့ အနေ အထားက လမ်းပန်းပေါ်မှာ အများကြီးမူတည်တယ်လေ။ အခုက မိုင်းလားဘက်သွားတော့ ရောင်းပန်း မလှတော့ဘူး။ ဈေးကွက် အားသာမှုကတော့ ကျင်စန်းကျော့ပေါ့လေ။ သစ်သီးပို့တဲ့လူတွေ မျှော်လင့် တာကတော့ ကျင်စန်းကျော့ဂိတ်ပေါ့လေ”ဟု ၎င်းကဆက်ပြောသည်။ အဆိုပါ ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားသည့်အတွက် မြန်မာဘက်မှကုန်သည်များအပြင် တရုတ်ပြည်ဘက်မှ လုပ်ငန်းရှင်များလည်း အခက်တွေ့နေကြောင်းလည်း သိရသည်။
“တရုတ်တွေနဲ့ ဒီကလုပ်ငန်းရှင်တွေ ဆွေးနွေးတယ်။ ဒီယူနန်ပြည်နယ်ဆိုရင် ဒီလမ်းကြောင်း ပိတ်နေတာ သူတို့အတွက် တအားခက်ခဲမှကိုဖြစ်တာပေါ့လေ။ ယူနန်ပြည်နယ်ထဲက ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ အလုပ်မဖြစ်တော့ဘူး။ ယူနန်ပြည်နယ်က နေပြီးလာပြီး ရင်းနှီးမြှုပ်နှံရင် တခြား ပြည်မကြီးထဲကလူတွေကလည်း အလျှိုလျှိုပြန်သွားကြပြီဆိုတော့။ ကျယ်ဂေါင်ဆိုရင် ပြန်သွားကြပြီ။ တရုတ်ကလည်း ဒါကို ပြန်ဖွင့်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
က်င္စန္းေက်ာ့ နယ္စပ္ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္ရန္ အလားအလာရွိေန
Pearl (NP News) - ဒီဇင္ဘာ ၂၃
တ႐ုတ္ - ျမန္မာ နယ္စပ္ မူဆယ္ (၁၀၅) ကုန္သြယ္ေရးဇုန္အတြင္းရွိ နယ္စပ္ဂိတ္တစ္ခုျဖစ္သည့္ က်င္စန္းေက်ာ့ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္ရန္ အလား အလာရွိေနေၾကာင္း ကုန္သည္တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ က်င္စန္းေက်ာ့ဂိတ္ကို ျပန္လည္ဖြင့္လွစ္ရန္ တာဝန္ရွိသူမ်ားက ညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္ ေနၿပီး ယခုႏွစ္ကုန္ပိုင္းတြင္ ျပန္ဖြင့္ႏိုင္ ေၾကာင္းလည္း သိရသည္။ “က်င္စန္းေက်ာ့ဂိတ္က ျပန္ဖြင့္ေတာ့ မယ္ဆိုတဲ့အေနအထားကေတာ့ သူတို႔ေဆြးေႏြးမႈ ရလဒ္ေပၚ မူတည္တာေပါ့ေနာ္။ တစ္ဆင့္ခ်င္းေတာ့ တိုး တက္လာတာျမင္ေနရတယ္။ ဒီေ႐ြးေကာက္ပြဲအလြန္ သို႔မ ဟုတ္ ဒီထက္ေစာရင္ ဒီႏွစ္ကုန္ရင္ တစ္ခုခု ထူးျခားမလား၊ ဒါမွမဟုတ္ ေ႐ြးေကာက္ပြဲအလြန္မွာ ျပန္ဖြင့္ႏိုင္မလားဆိုတာပဲ။ ေသခ်ာတာကေတာ့ က်င္စန္းေက်ာ့လမ္းအတိုင္းကေတာ့ ျပန္ဖြင့္မွာေပါ့ေလ။ အလားအလာကေတာ့ ေတာ္ေတာ္ရွိေနတဲ့ အေနအထားေပါ့။ လမ္းပိုင္းအေျခအေနမွာ နယ္ေျမစိုးမိုးမႈအေနအထားေတြရယ္ ျပန္ေဆြးေႏြးတဲ့အေန အထားေတြရယ္ေၾကာင့္။ တ႐ုတ္ဘက္ရဲ႕ ဆႏၵေရာေပါ့”ဟု ကုန္သည္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ကုန္သည္မ်ားအေနျဖင့္ က်င္စန္းေက်ာ့ဂိတ္ပိတ္ထားသည့္အတြက္ က်ိဳင္းတုံ၊ မိုင္း လားဂိတ္မွတစ္ဆင့္ တ႐ုတ္ျပည္သို႔ ကုန္ပစၥည္းမ်ား တင္ပို႔ေနရေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ကုန္ သည္မ်ားအေနျဖင့္လည္း က်င္စန္းေက်ာ့ဂိတ္ အျမန္ဆုံးျပန္လည္ဖြင့္လွစ္ရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။
“မႏၲေလးကေနၿပီးေတာ့ က်င္စန္းေက်ာ့ကို ကားခ သိန္း (၃၀)ေလာက္ရွိမယ္။ သြားလာတဲ့ ရက္ ကလည္း (၁) ညအိပ္၊ (၂)ညအိပ္ေပါ့။ မိုင္းလား ဘက္သြားရင္ ကုန္က်စရိတ္က သိန္း (၁၀ဝ) ေက်ာ္ တယ္။ သြားရတဲ့ ခရီးက (၇) ရက္၊ (၈)ရက္။ ပို႔ရတဲ့ကုန္က ကုန္စိမ္းဆိုေတာ့ ေရာင္းပန္းလွတဲ့ အေန အထားက လမ္းပန္းေပၚမွာ အမ်ားႀကီးမူတည္တယ္ေလ။ အခုက မိုင္းလားဘက္သြားေတာ့ ေရာင္းပန္း မလွေတာ့ဘူး။ ေဈးကြက္ အားသာမႈကေတာ့ က်င္စန္းေက်ာ့ေပါ့ေလ။ သစ္သီးပို႔တဲ့လူေတြ ေမွ်ာ္လင့္ တာကေတာ့ က်င္စန္းေက်ာ့ဂိတ္ေပါ့ေလ”ဟု ၎ကဆက္ေျပာသည္။ အဆိုပါ က်င္စန္းေက်ာ့ဂိတ္ကို ပိတ္ထားသည့္အတြက္ ျမန္မာဘက္မွကုန္သည္မ်ားအျပင္ တ႐ုတ္ျပည္ဘက္မွ လုပ္ငန္းရွင္မ်ားလည္း အခက္ေတြ႕ေနေၾကာင္းလည္း သိရသည္။
“တ႐ုတ္ေတြနဲ႔ ဒီကလုပ္ငန္းရွင္ေတြ ေဆြးေႏြးတယ္။ ဒီယူနန္ျပည္နယ္ဆိုရင္ ဒီလမ္းေၾကာင္း ပိတ္ေနတာ သူတို႔အတြက္ တအားခက္ခဲမွကိုျဖစ္တာေပါ့ေလ။ ယူနန္ျပည္နယ္ထဲက ကုမၸဏီေတြ လုပ္ငန္းရွင္ေတြ အလုပ္မျဖစ္ေတာ့ဘူး။ ယူနန္ျပည္နယ္က ေနၿပီးလာၿပီး ရင္းႏွီးျမႇဳပ္ႏွံရင္ တျခား ျပည္မႀကီးထဲကလူေတြကလည္း အလွ်ိဳလွ်ိဳျပန္သြားၾကၿပီဆိုေတာ့။ က်ယ္ေဂါင္ဆိုရင္ ျပန္သြားၾကၿပီ။ တ႐ုတ္ကလည္း ဒါကို ျပန္ဖြင့္ခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.