တောင်ကိုရီးယားသရုပ်ဆောင် မွန်းဆိုရီ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့သံတမန်အဖြစ် ခန့်အပ်ခံရ

 82

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃

"When Life Gives You Tangerines" ဇာတ်ကားနဲ့ နာမည်ကျော်တဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီးမွန်းဆိုရီဟာ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းဆိုင်ရာအသိပညာပေးရေးအတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့စေတနာ့ဝန်ထမ်း သံတမန်အဖြစ် ခန့်အပ်ခံရပါတယ်။
မွန်းဆိုရီကို စေတနာ့ဝန်ထမ်း သံတမန်အဖြစ် တရားဝင်ခန့်အပ်ခဲ့ကြောင်းကို WFP တောင်ကိုရီးယားရုံးက ဒီဇင်ဘာ ၁၇ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ရာထူးခန့်အပ်မှုအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ရှိ The Plaza ဟိုတယ်မှာ အဲဒီနေ့ နံနက်အစောပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ လည်ပတ်နေတဲ့ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့အစည်းဖြစ်ပါတယ်။ အရေးပေါ်အခြေအနေရှိနေတဲ့အသက်တွေကို ကယ်တင်ပြီး ပဋိပက္ခ၊ ဘေးအန္တရာယ်နဲ့ ရာသီဥတုအကျပ်အတည်းတွေကြောင့် ထိခိုက်ခံရသူတွေကို စားနပ်ရိက္ခာအကူအညီတွေ ပေးအပ် ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ WFP ဟာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပါတယ်။ သရုပ်ဆောင် မွန်းဆိုရီဟာ ယခုနှစ်အစောပိုင်းကမှ WFP နဲ့အတူ အလုပ် စတင်လုပ်ကိုင်ခဲ့ပြီး အောက်တိုဘာလက ကင်ညာနိုင်ငံကို ခရီးထွက်ကာ ကာကူမာ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာအကူအညီပေးရေးလုပ်ငန်းတွေကို လေ့လာခဲ့ပါတယ်။
“ကင်ညာမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ဒုက္ခသည်တွေကနေတစ်ဆင့် အစားအစာဆိုတာ တစ်နပ်စာတည်းမဟုတ်ဘဲ မျှော်လင့်ချက်၊ ရဲစွမ်းသတ္တိနဲ့ ကျွန်မတို့ရဲ့လူသားချင်းစာနာထောက်ထားမှုကို ကိုယ်စားပြုတဲ့အရာတစ်ခုဖြစ်တယ် ဆိုတာ ထပ်မံသဘောပေါက်ခဲ့ပါတယ်” လို့ မွန်းက ပြောကြားခဲ့ပါတယ်။
WFP ရဲ့စေတနာ့ဝန်ထမ်းတစ်ဦးအနေနဲ့ မွန်းဆိုရီဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုကမ်ပိန်းတွေနဲ့ ပရိုမိုးရှင်းလှုပ်ရှားမှုတွေမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မြန္းဆိုရီ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ရဲ႕သံတမန္အျဖစ္ ခန႔္အပ္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
"When Life Gives You Tangerines" ဇာတ္ကားနဲ႔ နာမည္ေက်ာ္တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသမီးမြန္းဆိုရီဟာ ကမာၻလုံးဆိုင္ရာစားနပ္ရိကၡာအက်ပ္အတည္းဆိုင္ရာအသိပညာေပးေရးအတြက္ ကုလသမဂၢကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ရဲ႕ေစတနာ့ဝန္ထမ္း သံတမန္အျဖစ္ ခန႔္အပ္ခံရပါတယ္။
မြန္းဆိုရီကို ေစတနာ့ဝန္ထမ္း သံတမန္အျဖစ္ တရားဝင္ခန႔္အပ္ခဲ့ေၾကာင္းကို WFP ေတာင္ကိုရီးယား႐ုံးက ဒီဇင္ဘာ ၁၇ ရက္မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ ရာထူးခန႔္အပ္မႈအခမ္းအနားကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ ရွိ The Plaza ဟိုတယ္မွာ အဲဒီေန႔ နံနက္အေစာပိုင္းက က်င္းပခဲ့တာျဖစ္ပါတယ္။ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ဟာ ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံေပါင္း ၁၂၀ ေက်ာ္မွာ လည္ပတ္ေနတဲ့ ကမာၻ႔အႀကီးဆုံး လူသားခ်င္းစာနာ ေထာက္ထားမႈအဖြဲ႕အစည္းျဖစ္ပါတယ္။ အေရးေပၚအေျခအေနရွိေနတဲ့အသက္ေတြကို ကယ္တင္ၿပီး ပဋိပကၡ၊ ေဘးအႏၲရာယ္နဲ႔ ရာသီဥတုအက်ပ္အတည္းေတြေၾကာင့္ ထိခိုက္ခံရသူေတြကို စားနပ္ရိကၡာအကူအညီေတြ ေပးအပ္ ပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္မွာ WFP ဟာ သူ႔ရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြအတြက္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ရရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္ မြန္းဆိုရီဟာ ယခုႏွစ္အေစာပိုင္းကမွ WFP နဲ႔အတူ အလုပ္ စတင္လုပ္ကိုင္ခဲ့ၿပီး ေအာက္တိုဘာလက ကင္ညာႏိုင္ငံကို ခရီးထြက္ကာ ကာကူမာ ဒုကၡသည္စခန္းမွာ စားနပ္ရိကၡာအကူအညီေပးေရးလုပ္ငန္းေတြကို ေလ့လာခဲ့ပါတယ္။
“ကင္ညာမွာ ကြၽန္မေတြ႕ဆုံခဲ့တဲ့ဒုကၡသည္ေတြကေနတစ္ဆင့္ အစားအစာဆိုတာ တစ္နပ္စာတည္းမဟုတ္ဘဲ ေမွ်ာ္လင့္ခ်က္၊ ရဲစြမ္းသတၱိနဲ႔ ကြၽန္မတို႔ရဲ႕လူသားခ်င္းစာနာေထာက္ထားမႈကို ကိုယ္စားျပဳတဲ့အရာတစ္ခုျဖစ္တယ္ ဆိုတာ ထပ္မံသေဘာေပါက္ခဲ့ပါတယ္” လို႔ မြန္းက ေျပာၾကားခဲ့ပါတယ္။
WFP ရဲ႕ေစတနာ့ဝန္ထမ္းတစ္ဦးအေနနဲ႔ မြန္းဆိုရီဟာ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ လူသားခ်င္းစာနာ ေထာက္ထားမႈကမ္ပိန္းေတြနဲ႔ ပ႐ိုမိုးရွင္းလႈပ္ရွားမႈေတြမွာ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Related news

© 2021. All rights reserved.