ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် မည့်သည့်ဝန်ဆောင်မှုမဆို အခကြေးငွေ ပေးရန် မလိုသော်လည်း ခုတုံးလုပ်၍ လိမ်လည်ကောက်ခံသူများကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်

110

စော(NP News)- ဒီဇင်ဘာ ၂၃
မည့်သည့်ဝန်ဆောင်မှုမဆို အခကြေးငွေ ပေးရန် မလိုသော်လည်း ခုတုံးလုပ်၍ လိမ်လည်ကောက်ခံသူများကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာ ၂၃ရက်)တွင် အသိပေးကြေညာထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလုပ်ကိုင်လျက်ရှိသော တရားဝင်သို့မဟုတ် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးသို့ ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားသည့်အခါများတွင် မြန်မာသံရုံးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သုံးစွဲအရေးယူဆောင်ရွက်လျက်ရှိသည့် 117 hotline သို့ ဆက်လက်တိုင်ကြားမှုလည်းကောင်း၊ ယင်းတရားမဝင်အလုပ်ရုံများမှ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများအား ကမ္ဘောဒီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးစခန်းများမှတစ်ဆင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ရှိ လူဝင်မှုကြီးကြပ်ရေးစခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအားလည်းကောင်း မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်စေလွှတ်နိုင်ရေးကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် မိမိနိုင်ငံသားများအကျိုး ကြည့်ရှုကာကွယ်စောင့်ရှောက်ရန် တစ်ခု တည်းသောစိတ်ဖြင့် စေတနာထားဆောင်ရွက်လျက်ရှိ၍ မြန်မာသံရုံးသို့ မည်သည့် ဝန်ဆောင်မှု အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုကြောင်း ဖော်ပြထားသည်။
သို့သော် မြန်မာသံရုံး၏ ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး၊ ပျက်စီး လျှောက်ထားခြင်း၊ အခွန်ပေးဆောင်ခြင်းစသည့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ အပေါ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ် ထားသည့် စာအုပ်တန်ဖိုး၊ ဒဏ်ကြေးများအပြင် အခြားအခကြေးငွေပေးရန် မလိုကြောင်း ထပ်မံဖော်ပြထားသည်။
ထို့ကြောင့် မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိသည့် အထက်ပါကိစ္စရပ်များအပေါ် ခုတုံး လုပ်၍ လိမ်လည်ကောက်ခံသူများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသည္ မည့္သည့္ဝန္ေဆာင္မႈမဆို အခေၾကးေငြ ေပးရန္ မလိုေသာ္လည္း ခုတုံးလုပ္၍ လိမ္လည္ေကာက္ခံသူမ်ားကို ေတြ႕ရွိပါက အေရးယူေဆာင္႐ြက္သြားမည္
ေစာ(NP News)- ဒီဇင္ဘာ ၂၃
မည့္သည့္ဝန္ေဆာင္မႈမဆို အခေၾကးေငြ ေပးရန္ မလိုေသာ္လည္း ခုတုံးလုပ္၍ လိမ္လည္ေကာက္ခံသူမ်ားကို ေတြ႕ရွိပါက အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔(ဒီဇင္ဘာ ၂၃ရက္)တြင္ အသိေပးေၾကညာထားသည္။
ကေမာၻဒီးယားႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိလုပ္ကိုင္လ်က္ရွိေသာ တရားဝင္သို႔မဟုတ္ တရားမဝင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာသံ႐ုံးသို႔ ဖုန္းျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ တိုင္ၾကားသည့္အခါမ်ားတြင္ ျမန္မာသံ႐ုံးအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံ၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဖြင့္လွစ္သုံးစြဲအေရးယူေဆာင္႐ြက္လ်က္ရွိသည့္ 117 hotline သို႔ ဆက္လက္တိုင္ၾကားမႈလည္းေကာင္း၊ ယင္းတရားမဝင္အလုပ္႐ုံမ်ားမွ ထြက္ေျပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ကေမာၻဒီးယားႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးစခန္းမ်ားမွတစ္ဆင့္လည္းေကာင္း၊ ကေမာၻဒီးယားႏိုင္ငံ ရွိ လူဝင္မႈႀကီးၾကပ္ေရးစခန္းမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ားအားလည္းေကာင္း ျမန္မာႏိုင္ငံသို႔ ေဆာလ်င္စြာ ျပန္လည္ေစလႊတ္ႏိုင္ေရးကိစၥမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္း၍ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံးအေနျဖင့္ မိမိႏိုင္ငံသားမ်ားအက်ိဳး ၾကည့္ရႈကာကြယ္ေစာင့္ေရွာက္ရန္ တစ္ခု တည္းေသာစိတ္ျဖင့္ ေစတနာထားေဆာင္႐ြက္လ်က္ရွိ၍ ျမန္မာသံ႐ုံးသို႔ မည္သည့္ ဝန္ေဆာင္မႈ အခေၾကးေငြ တစ္စုံတစ္ရာေပးရန္ မလိုေၾကာင္း ေဖာ္ျပထားသည္။
သို႔ေသာ္ ျမန္မာသံ႐ုံး၏ ဝန္ေဆာင္မႈမ်ားျဖစ္သည့္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္း၊ ေပ်ာက္ဆုံး၊ ပ်က္စီး ေလွ်ာက္ထားျခင္း၊ အခြန္ေပးေဆာင္ျခင္းစသည့္ ေကာင္စစ္ဆိုင္ရာကိစၥရပ္မ်ား အေပၚတြင္လည္း ႏိုင္ငံေတာ္မွ သတ္မွတ္ ထားသည့္ စာအုပ္တန္ဖိုး၊ ဒဏ္ေၾကးမ်ားအျပင္ အျခားအခေၾကးေငြေပးရန္ မလိုေၾကာင္း ထပ္မံေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ျမန္မာသံ႐ုံးမွ ေဆာင္႐ြက္လ်က္ရွိသည့္ အထက္ပါကိစၥရပ္မ်ားအေပၚ ခုတုံး လုပ္၍ လိမ္လည္ေကာက္ခံသူမ်ားအား စစ္ေဆးေတြ႕ရွိပါက သက္ဆိုင္ရာ အာဏာပိုင္မ်ားႏွင့္ ပူးေပါင္း၍ လိုအပ္သည့္ အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။