အသစ်ပြောင်းလဲလိုက်တဲ့ လစာနှုန်းထား ကန့်သတ်ချက်ကြောင့် အီလွန်မက်စ် ဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၇ဝဝ ကျော်ရှိတဲ့ ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာ

202

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ်က ပယ်ဖျက်ထားတဲ့ အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံတန်ဖိုးရှိ Tesla ရဲ့ ရှယ်ယာလစာတွေကို ဒယ်လာဝဲတရားရုံးချုပ်က ပြန်လည်ခွင့်ပြုပြီးတဲ့နောက်မှာ အီလွန်မက်စ်ဟာ အမေရိကန်ဒေါ်လာ ၇၄၉ ဘီလီယံ (စင်ကာပူဒေါ်လာ ၉၆၈ ဘီလီယံ) အထိ ပိုင်ဆိုင်မှုရှိတဲ့ ကမ္ဘာ့ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ Forbes ရဲ့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်တဲ့ ဘီလီယံနာအညွှန်းကိန်းအရ သိရပါတယ်။
တချိန်က အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံတန်ဖိုးရှိတဲ့ မစ္စတာမက်စ် ရဲ့ ၂၀၁၈ ခုနှစ် လစာနှုန်းထားကို အောက်တရားရုံးတစ်ခုက "နားမလည်နိုင်စရာကိစ္စ" အဖြစ် ပယ်ဖျက်ပြီး နှစ်နှစ်အကြာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဒယ်လာဝဲတရားရုံးချုပ်က ပြန်လည်ခွင့်ပြုချက် ပေးခဲ့တာ ဖြစ်ပါတယ်။ လစာအစီအစဉ်ကို ရုပ်သိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ ၂ နှစ်က ဆုံးဖြတ်ချက်ဟာ မစ္စတာမက်စ်အတွက် မမျှတဘူးလို့ တရားရုံးချုပ်က ပြောပါတယ်။ ယခုသီတင်းပတ် အစောပိုင်းက မစ္စတာမက်စ်ဟာ သူ့ရဲ့အာကာသယာဉ်လုပ်ငန်းသစ် SpaceX ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း Tesla ရှယ်ယာရှင် တွေဟာ မစ္စတာမက်စ်ရဲ့သမိုင်းမှာ အကြီးမားဆုံး ကော်ပိုရိတ်လစာအစီအစဉ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို သီးခြားစီ အတည်ပြုပေးခဲ့ပြီး AI နဲ့ ရိုဘော့တစ်လောကလုံးရဲ့ ကြီးမားတဲ့လုပ်ငန်းအဖြစ် ပြောင်းလဲ မယ်ဆိုတဲ့ သူ့ရဲ့အမြင်ကို ထောက်ခံခဲ့ကြပါတယ်။
အခုဆိုရင် မက်စ်ရဲ့ပိုင်ဆိုင်မှုဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Google ပူးတွဲတည်ထောင်သူ လော်ရီပေ့ ထက် အမေရိကန်ဒေါ်လာ ၅ဝဝ ဘီလီယံနီးပါးထိ ကျော်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
အသစ္ေျပာင္းလဲလိုက္တဲ့ လစာႏႈန္းထား ကန႔္သတ္ခ်က္ေၾကာင့္ အီလြန္မက္စ္ ဟာ အသားတင္ပိုင္ဆိုင္မႈ ေဒၚလာ ဘီလီယံ ၇ဝဝ ေက်ာ္ရွိတဲ့ ကမာၻ႔ပထမဆုံးပုဂၢိဳလ္ျဖစ္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
၂၀၂၄ ခုႏွစ္က ပယ္ဖ်က္ထားတဲ့ အေမရိကန္ေဒၚလာ ၁၃၉ ဘီလီယံတန္ဖိုးရွိ Tesla ရဲ႕ ရွယ္ယာလစာေတြကို ဒယ္လာဝဲတရား႐ုံးခ်ဳပ္က ျပန္လည္ခြင့္ျပဳၿပီးတဲ့ေနာက္မွာ အီလြန္မက္စ္ဟာ အေမရိကန္ေဒၚလာ ၇၄၉ ဘီလီယံ (စင္ကာပူေဒၚလာ ၉၆၈ ဘီလီယံ) အထိ ပိုင္ဆိုင္မႈရွိတဲ့ ကမာၻ႔ပထမဆုံး ပုဂၢိဳလ္ျဖစ္လာတယ္လို႔ Forbes ရဲ႕ ဒီဇင္ဘာ ၁၉ ရက္က ထုတ္ျပန္တဲ့ ဘီလီယံနာအၫႊန္းကိန္းအရ သိရပါတယ္။
တခ်ိန္က အေမရိကန္ေဒၚလာ ၅၆ ဘီလီယံတန္ဖိုးရွိတဲ့ မစၥတာမက္စ္ ရဲ႕ ၂၀၁၈ ခုႏွစ္ လစာႏႈန္းထားကို ေအာက္တရား႐ုံးတစ္ခုက "နားမလည္ႏိုင္စရာကိစၥ" အျဖစ္ ပယ္ဖ်က္ၿပီး ႏွစ္ႏွစ္အၾကာ ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ဒယ္လာဝဲတရား႐ုံးခ်ဳပ္က ျပန္လည္ခြင့္ျပဳခ်က္ ေပးခဲ့တာ ျဖစ္ပါတယ္။ လစာအစီအစဥ္ကို ႐ုပ္သိမ္းခဲ့တဲ့ ၿပီးခဲ့တဲ့ ၂ ႏွစ္က ဆုံးျဖတ္ခ်က္ဟာ မစၥတာမက္စ္အတြက္ မမွ်တဘူးလို႔ တရား႐ုံးခ်ဳပ္က ေျပာပါတယ္။ ယခုသီတင္းပတ္ အေစာပိုင္းက မစၥတာမက္စ္ဟာ သူ႔ရဲ႕အာကာသယာဥ္လုပ္ငန္းသစ္ SpaceX ကို အမ်ားပိုင္ကုမၸဏီအျဖစ္ ေျပာင္းလဲဖြယ္ရွိတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ အခုလို အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ ၇၀၀ ဘီလီယံေက်ာ္တဲ့ ပထမဆုံးပုဂၢိဳလ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကလည္း Tesla ရွယ္ယာရွင္ ေတြဟာ မစၥတာမက္စ္ရဲ႕သမိုင္းမွာ အႀကီးမားဆုံး ေကာ္ပိုရိတ္လစာအစီအစဥ္ျဖစ္တဲ့ အေမရိကန္ေဒၚလာ ၁ ထရီလီယံကို သီးျခားစီ အတည္ျပဳေပးခဲ့ၿပီး AI နဲ႔ ႐ိုေဘာ့တစ္ေလာကလုံးရဲ႕ ႀကီးမားတဲ့လုပ္ငန္းအျဖစ္ ေျပာင္းလဲ မယ္ဆိုတဲ့ သူ႔ရဲ႕အျမင္ကို ေထာက္ခံခဲ့ၾကပါတယ္။
အခုဆိုရင္ မက္စ္ရဲ႕ပိုင္ဆိုင္မႈဟာ ကမာၻ႔ဒုတိယအခ်မ္းသာဆုံးပုဂၢိဳလ္ Google ပူးတြဲတည္ေထာင္သူ ေလာ္ရီေပ့ ထက္ အေမရိကန္ေဒၚလာ ၅ဝဝ ဘီလီယံနီးပါးထိ ေက်ာ္လြန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။