ကျောက်ခတ်တွင် ပဟေဠိဆန်ဆန် အလုံပိတ် တိုက်တန်းတစ်ခု ရှိနေဟုဆို

568

သုတကျော် (NP News) - ဒီဇင်ဘာ ၂၃
DKBA ထိန်းချုပ်နယ်မြေမှ အွန်လိုင်းလိမ်လည်မှုအတွက် နာမည်ကျော်နေသည့် ကျောက်ခတ် တွင် ပဟေဠိဆန်ဆန် အလုံပိတ် တိုက်တန်းတစ်ခုရှိနေကြောင်း ယင်းနှင့်ပတ်သက်၍သိရှိသူ သတင်း ရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။ အဆိုပါအချက်အလက်နှင့်ပတ်သက်၍ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးသော်လည်း ယင်းအဆောက်အအုံသည် ကျောက်ခတ်ရှိ KTV ၏ အနီးတွင် တည်ရှိနေ ကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။ “အလုံပိတ်တိုက်လည်းရှိပါတယ်။ တိုက် အရှည်ကြီးနဲ့ပါ။ နှစ်ထပ်ကျော်လောက် မြင့်တယ်” ဟု ၎င်းကဆိုသည်။
ယင်းနေရာတွင် အဆိုပါတိုက် အမျိုးအစား မျိုး ယင်းတစ်ခုသာရှိပြီး ခန့်မှန်းပြောဆိုချက်များသာ ရှိနေကြောင်း ၎င်းကဆိုသည်။ “ထမင်းသွားပို့တာတွေ ဘာတွေတော့ ရှိတယ်။ ဆိုက်ထဲကပဲ ပို့ပေးတာ။ တရုတ်တွေပဲ ထင်တယ်။ တိုက်ပုံစံကတော့ လူတော်တော်များများ ထားလို့ရမယ့်ပုံစံမျိုးပဲ။ အဲဒီနားက လူတွေလည်း မကပ်ရဲဘူး။ အထဲမှာ လူတွေလည်းရှိ တယ်။ အပြင်မှာ အစောင့်အကြပ်တွေရှိတယ်” ဟု ၎င်းက ဆိုသည်။ ယင်းတိုက်တွင် အပေါက်ဝများကို ပြင်ပမှ မမြင်နိုင်စေရန် ပိတ်ဆို့ထားခြင်းဖြစ်သော ကြောင့် အတွင်းတွင် အွန်လိုင်းလိမ်လည်မှုဆောင်ရွက်ခြင်းလော သို့မဟုတ် အခြားမည်သည့်အရာ လုပ် နေသည်ဆိုသောအချက်ကိုသိရှိရန် ခက်ခဲကြောင်းလည်း ၎င်းကဆိုသည်။ ယင်းတိုက်နှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန်မေးမြန်းရာ သေချာ သောအချက်ကို မသိရသော်လည်း ယင်းနေရာတွင် ရံဖန်ရံခါ ပါတီပွဲကျင်းပသည့်အသံမျိုးကို ကြားရသော်လည်း အနီးသို့သွားရောက်ကြည့်ရှုရန် အဆင်မပြေ ကြောင်း ၎င်းက ဆိုသည်။
“တစ်ခါတလေတော့ party လုပ်လားတော့ မသိဘူး။ သီချင်းသံတွေ ဘာတွေ ကြားတယ်။ ဒါပေမဲ့ အဲဒီတိုက်နားကို ညဘက်တွေ သွားကပ်ပြီးတော့ နားထောင်လို့မရဘူး။ ကြားရတာတော့ ပစ် တယ်လို့ကြားတယ်” က ၎င်းကဆိုသည်။ ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေတို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည် မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက် ရေးအတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်မှုကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အ ပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်နေကြောင်းသည်။

Zawgyi Version:
ေက်ာက္ခတ္တြင္ ပေဟဠိဆန္ဆန္ အလုံပိတ္ တိုက္တန္းတစ္ခု ရွိေနဟုဆို
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၃
DKBA ထိန္းခ်ဳပ္နယ္ေျမမွ အြန္လိုင္းလိမ္လည္မႈအတြက္ နာမည္ေက်ာ္ေနသည့္ ေက်ာက္ခတ္ တြင္ ပေဟဠိဆန္ဆန္ အလုံပိတ္ တိုက္တန္းတစ္ခုရွိေနေၾကာင္း ယင္းႏွင့္ပတ္သက္၍သိရွိသူ သတင္း ရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။ အဆိုပါအခ်က္အလက္ႏွင့္ပတ္သက္၍ သီးျခားအတည္ျပဳ ႏိုင္ျခင္း မရွိေသးေသာ္လည္း ယင္းအေဆာက္အအုံသည္ ေက်ာက္ခတ္ရွိ KTV ၏ အနီးတြင္ တည္ရွိေန ေၾကာင္း အဆိုပါ သတင္းရင္းျမစ္ကဆိုသည္။ “အလုံပိတ္တိုက္လည္းရွိပါတယ္။ တိုက္ အရွည္ႀကီးနဲ႔ပါ။ ႏွစ္ထပ္ေက်ာ္ေလာက္ ျမင့္တယ္” ဟု ၎ကဆိုသည္။
ယင္းေနရာတြင္ အဆိုပါတိုက္ အမ်ိဳးအစား မ်ိဳး ယင္းတစ္ခုသာရွိၿပီး ခန႔္မွန္းေျပာဆိုခ်က္မ်ားသာ ရွိေနေၾကာင္း ၎ကဆိုသည္။ “ထမင္းသြားပို႔တာေတြ ဘာေတြေတာ့ ရွိတယ္။ ဆိုက္ထဲကပဲ ပို႔ေပးတာ။ တ႐ုတ္ေတြပဲ ထင္တယ္။ တိုက္ပုံစံကေတာ့ လူေတာ္ေတာ္မ်ားမ်ား ထားလို႔ရမယ့္ပုံစံမ်ိဳးပဲ။ အဲဒီနားက လူေတြလည္း မကပ္ရဲဘူး။ အထဲမွာ လူေတြလည္းရွိ တယ္။ အျပင္မွာ အေစာင့္အၾကပ္ေတြရွိတယ္” ဟု ၎က ဆိုသည္။ ယင္းတိုက္တြင္ အေပါက္ဝမ်ားကို ျပင္ပမွ မျမင္ႏိုင္ေစရန္ ပိတ္ဆို႔ထားျခင္းျဖစ္ေသာ ေၾကာင့္ အတြင္းတြင္ အြန္လိုင္းလိမ္လည္မႈေဆာင္႐ြက္ျခင္းေလာ သို႔မဟုတ္ အျခားမည္သည့္အရာ လုပ္ ေနသည္ဆိုေသာအခ်က္ကိုသိရွိရန္ ခက္ခဲေၾကာင္းလည္း ၎ကဆိုသည္။ ယင္းတိုက္ႏွင့္ ပတ္သက္၍ သေဘာထားမွတ္ခ်က္ေပးရန္ေမးျမန္းရာ ေသခ်ာ ေသာအခ်က္ကို မသိရေသာ္လည္း ယင္းေနရာတြင္ ရံဖန္ရံခါ ပါတီပြဲက်င္းပသည့္အသံမ်ိဳးကို ၾကားရေသာ္လည္း အနီးသို႔သြားေရာက္ၾကည့္ရႈရန္ အဆင္မေျပ ေၾကာင္း ၎က ဆိုသည္။
“တစ္ခါတေလေတာ့ party လုပ္လားေတာ့ မသိဘူး။ သီခ်င္းသံေတြ ဘာေတြ ၾကားတယ္။ ဒါေပမဲ့ အဲဒီတိုက္နားကို ညဘက္ေတြ သြားကပ္ၿပီးေတာ့ နားေထာင္လို႔မရဘူး။ ၾကားရတာေတာ့ ပစ္ တယ္လို႔ၾကားတယ္” က ၎ကဆိုသည္။ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္၊ မဲ့ေထာ္သေလး (KK Park) ႏွင့္ ေက်ာက္ခတ္နယ္ေျမတို႔တြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္း လိမ္လည္ မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိရာ အြန္လိုင္းလိမ္ လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္ ေရးအတြက္ ျမန္မာ-တ႐ုတ္-ထိုင္း သုံးႏိုင္ငံ ပူးေပါင္းေဆာင္ ႐ြက္မႈကိုလည္း စဥ္ဆက္မျပတ္ တိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရး တာဝန္တစ္ရပ္အျဖစ္ခံယူကာ ျမန္မာႏိုင္ငံအတြင္း လုံးဝအေျခမျပဳႏိုင္ေရး ျပည္တြင္းအင္အားစုမ်ား အ ျပင္ အိမ္နီးခ်င္းႏိုင္ငံအစိုးရမ်ားႏွင့္လည္း ေပါင္းစပ္ညႇိႏႈိင္း၍ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္းသည္။