အစာအိမ်ထဲတွင် မီးခြစ်တစ်လုံးရှိနေမှန်းမသိဘဲ နှစ်ပေါင်း(၃၀)ကြာ ရှင်သန်နေထိုင်ခဲ့သည့် တရုတ် အမျိုးသား

 288

Pika (NP News) - ဒီဇင်ဘာ ၂၄
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူမြို့တွင် နေထိုင်သည့် အသက် (၆၇) နှစ်အရွယ် ဒန်းဆိုသည့် အမျိုးသားသည် အစာအိမ်ထဲတွင် မီးခြစ်တစ်လုံး ရှိနေကြောင်းမသိဘဲ နှစ်ပေါင်း (၃၀) ခန့်ကြာအောင် အသက်ရှင်သန်နေထိုင်ခဲ့ကြောင်းသိရသည်။
လွန်ခဲ့သည့်တစ်လခန့်ကစတင်ပြီး ဒန်းသည် ဝမ်းဗိုက်ဖောင်းလာခြင်းနှင့် နာကျင်မှုကို ခံစားခဲ့ရ သော်လည်း အစာအိမ်ရောဂါသာဖြစ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဆေးရုံတွင်ပြသခြင်းမျိုးမရှိဘဲ နေခဲ့ ကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် နာကျင်မှုက ပိုဆိုးလာသောကြောင့် ဆေးရုံကို သွား လိုက်သည့်အချိန်တွင် ဆရာဝန်များက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ဒန်း၏အစာအိမ်နံရံတွင်ကပ်နေ သော ထူးဆန်းသည့်အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ဆရာဝန်များက အဆိုပါအရာဝတ္ထုကို ဖယ်ရှားရန်ကြိုးပမ်းခဲ့သော်လည်း အရာဝတ္ထု၏မျက်နှာ ပြင်က ချောမွတ်နေသောကြောင့် ထုတ်ယူနိုင်ခြင်းမျိုး မရှိခဲ့ကြောင်းသိရသည်။ ထို့နောက် ဆရာဝန်များ က ဒန်းကို အရာဝတ္ထုတစ်ခုခုကို မျိုချခဲ့ခြင်းမျိုး ရှိ/မရှိမေးမြန်းခဲ့သည့်အချိန်တွင် အစာအိမ်ထဲတွင်ရှိနေ သည့်အရာက မီးခြစ်ဖြစ်နေသည်ကို သိရှိခဲ့ကြသည်။
ဒန်းက ၎င်းသည် (၁၉၉၀) ပြည့်နှစ်များအတွင်း သူငယ်ချင်းအချို့နှင့် အရက်သောက်ခဲ့သည့် ည တွင် စိန်ခေါ်မှုများလုပ်ဆောင်ကာ မီးခြစ်တစ်လုံးကို မျိုချမိခဲ့ကြောင်း ဆရာဝန်များကို ပြောကြားခဲ့ သည်။ သို့သော်လည်း ဒန်းသည်အစာအိမ်ထဲတွင် မီးခြစ်တစ်လုံးရှိနေမှန်းတောင်မသိဘဲ နှစ်ပေါင်းများစွာ ကြာအောင် ရှင်သန်နေထိုင်ခဲ့ပြီး နှစ်ပေါင်း(၃၀)ခန့် အကြာမှသာ နာကျင်မှုကို စတင်ခံစားခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။ ထို့နောက် ဆရာဝန်များက ဒန်း၏အစာအိမ် ထဲတွင်ရှိနေသည့် မီးခြစ်ကို မည်သို့ ထုတ်ယူရမည် ဆိုသည့် နည်းလမ်းပေါင်းများစွာကို ကြိုးစားကြည့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။ ဆရာဝန်များကို နောက်ထပ် အံ့ဩစေခဲ့သည့်အရာတစ်ခုမှာ ဒန်း၏ အစာအိမ်ထဲတွင်ရှိနေသည့်မီးခြစ်၏အခွံသည် အစာအိမ်တွင်ရှိသည့် အက် ဆစ်များကြောင့် မည်းညစ် သွားသော်လည်း အတွင်းတွင်ဂက်စ်များရှိနေဆဲဖြစ်ကြောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဆရာဝန်များက အစာပြွန်ထဲတွင် သတ္တု ဇွန်းတစ်ချောင်းရှိနေသည့်အနေအထားဖြင့် အချိန် တစ် နှစ်ကြာနေထိုင်ခဲ့သောအမျိုးသားနှင့် အစာအိမ်ထဲတွင် ဖုန်းတစ်လုံးရှိနေသည့်အနေအထားဖြင့် အချိန် (၆) လကြာအောင် နေထိုင်ခဲ့သည့်အမျိုးသားတို့ကို တွေ့မြင်ဖူးသော်လည်း အစာအိမ်ထဲတွင်မီးခြစ် ရှိနေ သည့်အနေအထားဖြင့် နှစ်ပေါင်း(၃၀)ခန့်ကြာအောင် အသက်ရှင်သန်နေထိုင်ခဲ့သူကို တစ်ခါမှ မတွေ့ မြင်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
အစာအိမ္ထဲတြင္ မီးျခစ္တစ္လုံးရွိေနမွန္းမသိဘဲ ႏွစ္ေပါင္း(၃၀)ၾကာ ရွင္သန္ေနထိုင္ခဲ့သည့္ တ႐ုတ္ အမ်ိဳးသား
Pika (NP News) - ဒီဇင္ဘာ ၂၄
တ႐ုတ္ႏိုင္ငံ စီခြၽမ္ျပည္နယ္ ခ်န္ဒူၿမိဳ႕တြင္ ေနထိုင္သည့္ အသက္ (၆၇) ႏွစ္အ႐ြယ္ ဒန္းဆိုသည့္ အမ်ိဳးသားသည္ အစာအိမ္ထဲတြင္ မီးျခစ္တစ္လုံး ရွိေနေၾကာင္းမသိဘဲ ႏွစ္ေပါင္း (၃၀) ခန႔္ၾကာေအာင္ အသက္ရွင္သန္ေနထိုင္ခဲ့ေၾကာင္းသိရသည္။
လြန္ခဲ့သည့္တစ္လခန႔္ကစတင္ၿပီး ဒန္းသည္ ဝမ္းဗိုက္ေဖာင္းလာျခင္းႏွင့္ နာက်င္မႈကို ခံစားခဲ့ရ ေသာ္လည္း အစာအိမ္ေရာဂါသာျဖစ္ႏိုင္ေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး ေဆး႐ုံတြင္ျပသျခင္းမ်ိဳးမရွိဘဲ ေနခဲ့ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ နာက်င္မႈက ပိုဆိုးလာေသာေၾကာင့္ ေဆး႐ုံကို သြား လိုက္သည့္အခ်ိန္တြင္ ဆရာဝန္မ်ားက စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ရာ ဒန္း၏အစာအိမ္နံရံတြင္ကပ္ေန ေသာ ထူးဆန္းသည့္အရာတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
ဆရာဝန္မ်ားက အဆိုပါအရာဝတၳဳကို ဖယ္ရွားရန္ႀကိဳးပမ္းခဲ့ေသာ္လည္း အရာဝတၳဳ၏မ်က္ႏွာ ျပင္က ေခ်ာမြတ္ေနေသာေၾကာင့္ ထုတ္ယူႏိုင္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ဆရာဝန္မ်ား က ဒန္းကို အရာဝတၳဳတစ္ခုခုကို မ်ိဳခ်ခဲ့ျခင္းမ်ိဳး ရွိ/မရွိေမးျမန္းခဲ့သည့္အခ်ိန္တြင္ အစာအိမ္ထဲတြင္ရွိေန သည့္အရာက မီးျခစ္ျဖစ္ေနသည္ကို သိရွိခဲ့ၾကသည္။
ဒန္းက ၎သည္ (၁၉၉၀) ျပည့္ႏွစ္မ်ားအတြင္း သူငယ္ခ်င္းအခ်ိဳ႕ႏွင့္ အရက္ေသာက္ခဲ့သည့္ ည တြင္ စိန္ေခၚမႈမ်ားလုပ္ေဆာင္ကာ မီးျခစ္တစ္လုံးကို မ်ိဳခ်မိခဲ့ေၾကာင္း ဆရာဝန္မ်ားကို ေျပာၾကားခဲ့ သည္။ သို႔ေသာ္လည္း ဒန္းသည္အစာအိမ္ထဲတြင္ မီးျခစ္တစ္လုံးရွိေနမွန္းေတာင္မသိဘဲ ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ရွင္သန္ေနထိုင္ခဲ့ၿပီး ႏွစ္ေပါင္း(၃၀)ခန႔္ အၾကာမွသာ နာက်င္မႈကို စတင္ခံစားခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။ ထို႔ေနာက္ ဆရာဝန္မ်ားက ဒန္း၏အစာအိမ္ ထဲတြင္ရွိေနသည့္ မီးျခစ္ကို မည္သို႔ ထုတ္ယူရမည္ ဆိုသည့္ နည္းလမ္းေပါင္းမ်ားစြာကို ႀကိဳးစားၾကည့္ခဲ့ၿပီး ေနာက္ဆုံးတြင္ ေအာင္ျမင္စြာ ထုတ္ယူႏိုင္ခဲ့ေၾကာင္းသိရသည္။ ဆရာဝန္မ်ားကို ေနာက္ထပ္ အံ့ဩေစခဲ့သည့္အရာတစ္ခုမွာ ဒန္း၏ အစာအိမ္ထဲတြင္ရွိေနသည့္မီးျခစ္၏အခြံသည္ အစာအိမ္တြင္ရွိသည့္ အက္ ဆစ္မ်ားေၾကာင့္ မည္းညစ္ သြားေသာ္လည္း အတြင္းတြင္ဂက္စ္မ်ားရွိေနဆဲျဖစ္ေၾကာင္းကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ဆရာဝန္မ်ားက အစာႁပြန္ထဲတြင္ သတၱဳ ဇြန္းတစ္ေခ်ာင္းရွိေနသည့္အေနအထားျဖင့္ အခ်ိန္ တစ္ ႏွစ္ၾကာေနထိုင္ခဲ့ေသာအမ်ိဳးသားႏွင့္ အစာအိမ္ထဲတြင္ ဖုန္းတစ္လုံးရွိေနသည့္အေနအထားျဖင့္ အခ်ိန္ (၆) လၾကာေအာင္ ေနထိုင္ခဲ့သည့္အမ်ိဳးသားတို႔ကို ေတြ႕ျမင္ဖူးေသာ္လည္း အစာအိမ္ထဲတြင္မီးျခစ္ ရွိေန သည့္အေနအထားျဖင့္ ႏွစ္ေပါင္း(၃၀)ခန႔္ၾကာေအာင္ အသက္ရွင္သန္ေနထိုင္ခဲ့သူကို တစ္ခါမွ မေတြ႕ ျမင္ခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.