ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်ကြမ်းသမား ရှားပါးလာသဖြင့် လုပ်သားမျှသုံးနေရ

 6706

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၄

ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း အလုပ်ကြမ်းလုပ်သားရှားပါးလာမှုကြောင့် ကန်ထရိုက် အချင်းချင်းကြားတွင် လုပ်သားမျှသုံးရသော အခြေ အနေမျိုးရောက်ရှိနေကြောင်း ကန်ထရိုက်တာများ ထံမှသိရသည်။
လွန်ခဲ့သောနှစ်ကတည်းက အလုပ်ကြမ်းလုပ်သားရှားပါးလာသော်လည်း တည်ဆောက်ရသည့် အခြေအနေအပေါ်မူတည်၍ လည်ပတ်လုပ်ဆောင် နိုင်စွမ်းရှိသော်လည်း ယခုနောက်ပိုင်းတွင် အလုပ် ကြမ်းလုပ်သားရှားပါးမှုမှာ ပိုမိုဆိုးရွားလာသော အခြေအနေမျိုးဖြစ်လာကြောင်း ရန်ကုန်အခြေစိုက် ကန်ထရိုက်တစ်ဦးက ပြောသည်။
“အရင်တုန်းကတော့ ရှားတယ်ဆိုပေမယ့် ဆောက်ရတဲ့အနေအထားကလည်း နည်းသေးတော့ ဒီဘက်ဆိုက်အတွက်လုပ်လိုက် ခဏနားပြီး နောက် တစ်ပတ်တခြားဆိုက်မှာ လုပ်လိုက်နဲ့ လည်ပတ်လို့ရ သေးတယ်၊ အခုက တော်တော်လေးကို လုပ်သားရှား လာတာ၊ အလုပ်သမားခေါင်းကအစ ချော့ပြီး ထိန်း ထားရတယ်၊ ကိုယ့်ကန်ထရိုက်အချင်းချင်း မင်းဆီမှာ ဘယ်နှယောက်ရှိသလဲ ဒီဘက်ကိုတစ်လှည့်လွှတ် ပေးဆိုတာမျိုးနဲ့ ညှိပြီး လုပ်နေရတယ်”ဟု ၎င်းက ရှင်းပြသည်။ ရန်ကုန်မြို့အတွင်း ဆင်ခြေဖုံးရပ်ကွက် များတွင် ကန်ထရိုက်တိုက်များဆောက်လုပ်လာမှုနှင့် အတူ ကာလတိုအတွင်း အလျင်အမြန် တည် ဆောက်ပြီးစီးရန်လုပ်ဆောင်လာခြင်းကြောင့် ကန်ထရိုက်အချို့မှာ လုပ်သားအင်အားအများအပြားကို အသုံးချလုပ်ဆောင်ရခြင်းများလည်းရှိနေသည်။
“ပြီးခဲ့တဲ့အပတ်တုန်းကတော့ သာကေတ ဘက်ကဆိုက်မှာ အလုပ်သွားဆင်းရပါတယ်၊ ဒီအပတ် တော့ အလုပ်သမားခေါင်းက မရမ်းကုန်းဘက်က ဆိုက်မှာဝင်ပေးပါဆိုလို့ သွားဆင်းမယ်၊ နောက် တစ် ပတ်တော့ သာကေတဆိုက်ဘက် ပြန်ရောက်မှာပါ၊ နေ့တွက်ခကတော့ မကွာပါဘူး၊ သွားရတာဝေးတဲ့ ဆိုက်နေရာမျိုးကျတော့ နေ့တွက်ခအပြင် လမ်းစရိတ်ဆိုပြီး (၂၀ဝဝ-၃၀ဝဝ) ထပ်ပေးတာမျိုးတော့ ရှိ တယ်”ဟု အလုပ်ကြမ်းလုပ်သားတစ်ဦးက ပြောသည်။
ထိုအလုပ်ကြမ်းလုပ်သားများကို ယခင်က တစ်ရက်လျှင် ကျပ် (၁၀ဝဝဝ မှ ၁၂၀ဝဝ) ကြား ရရှိ လေ့ရှိပြီး ပန်းရန်တတ်ကျွမ်းသူဖြစ်ပါက ကျပ် (၁၈၀ဝ၀ မှ ၂၀ဝဝဝ) ကြားရရှိကြောင်း၊ ယခုအခါ တစ်ရက် ကျပ် (၁၅၀ဝ၀ မှ ၁၈၀ဝဝ) ကြားပေးကာ ခေါ်ယူနေပြီး ပန်းရန်တတ်ကျွမ်းသူမှာ ကျပ် (၂၅၀ဝ၀ မှ ၃၀ဝဝဝ) ကြားဖြင့် ခေါ်ယူနေကြောင်းလည်း အဆိုပါအလုပ်ကြမ်းလုပ်သားများထံမှ သိရသည်။

Zawgyi Version:
ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အလုပ္ၾကမ္းသမား ရွားပါးလာသျဖင့္ လုပ္သားမွ်သုံးေနရ
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၄
ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြင္း အလုပ္ၾကမ္းလုပ္သားရွားပါးလာမႈေၾကာင့္ ကန္ထ႐ိုက္ အခ်င္းခ်င္းၾကားတြင္ လုပ္သားမွ်သုံးရေသာ အေျခ အေနမ်ိဳးေရာက္ရွိေနေၾကာင္း ကန္ထ႐ိုက္တာမ်ား ထံမွသိရသည္။
လြန္ခဲ့ေသာႏွစ္ကတည္းက အလုပ္ၾကမ္းလုပ္သားရွားပါးလာေသာ္လည္း တည္ေဆာက္ရသည့္ အေျခအေနအေပၚမူတည္၍ လည္ပတ္လုပ္ေဆာင္ ႏိုင္စြမ္းရွိေသာ္လည္း ယခုေနာက္ပိုင္းတြင္ အလုပ္ ၾကမ္းလုပ္သားရွားပါးမႈမွာ ပိုမိုဆိုး႐ြားလာေသာ အေျခအေနမ်ိဳးျဖစ္လာေၾကာင္း ရန္ကုန္အေျခစိုက္ ကန္ထ႐ိုက္တစ္ဦးက ေျပာသည္။
“အရင္တုန္းကေတာ့ ရွားတယ္ဆိုေပမယ့္ ေဆာက္ရတဲ့အေနအထားကလည္း နည္းေသးေတာ့ ဒီဘက္ဆိုက္အတြက္လုပ္လိုက္ ခဏနားၿပီး ေနာက္ တစ္ပတ္တျခားဆိုက္မွာ လုပ္လိုက္နဲ႔ လည္ပတ္လို႔ရ ေသးတယ္၊ အခုက ေတာ္ေတာ္ေလးကို လုပ္သားရွား လာတာ၊ အလုပ္သမားေခါင္းကအစ ေခ်ာ့ၿပီး ထိန္း ထားရတယ္၊ ကိုယ့္ကန္ထ႐ိုက္အခ်င္းခ်င္း မင္းဆီမွာ ဘယ္ႏွေယာက္ရွိသလဲ ဒီဘက္ကိုတစ္လွည့္လႊတ္ ေပးဆိုတာမ်ိဳးနဲ႔ ညႇိၿပီး လုပ္ေနရတယ္”ဟု ၎က ရွင္းျပသည္။ ရန္ကုန္ၿမိဳ႕အတြင္း ဆင္ေျခဖုံးရပ္ကြက္ မ်ားတြင္ ကန္ထ႐ိုက္တိုက္မ်ားေဆာက္လုပ္လာမႈႏွင့္ အတူ ကာလတိုအတြင္း အလ်င္အျမန္ တည္ ေဆာက္ၿပီးစီးရန္လုပ္ေဆာင္လာျခင္းေၾကာင့္ ကန္ထ႐ိုက္အခ်ိဳ႕မွာ လုပ္သားအင္အားအမ်ားအျပားကို အသုံးခ်လုပ္ေဆာင္ရျခင္းမ်ားလည္းရွိေနသည္။
“ၿပီးခဲ့တဲ့အပတ္တုန္းကေတာ့ သာေကတ ဘက္ကဆိုက္မွာ အလုပ္သြားဆင္းရပါတယ္၊ ဒီအပတ္ ေတာ့ အလုပ္သမားေခါင္းက မရမ္းကုန္းဘက္က ဆိုက္မွာဝင္ေပးပါဆိုလို႔ သြားဆင္းမယ္၊ ေနာက္ တစ္ ပတ္ေတာ့ သာေကတဆိုက္ဘက္ ျပန္ေရာက္မွာပါ၊ ေန႔တြက္ခကေတာ့ မကြာပါဘူး၊ သြားရတာေဝးတဲ့ ဆိုက္ေနရာမ်ိဳးက်ေတာ့ ေန႔တြက္ခအျပင္ လမ္းစရိတ္ဆိုၿပီး (၂၀ဝဝ-၃၀ဝဝ) ထပ္ေပးတာမ်ိဳးေတာ့ ရွိ တယ္”ဟု အလုပ္ၾကမ္းလုပ္သားတစ္ဦးက ေျပာသည္။
ထိုအလုပ္ၾကမ္းလုပ္သားမ်ားကို ယခင္က တစ္ရက္လွ်င္ က်ပ္ (၁၀ဝဝဝ မွ ၁၂၀ဝဝ) ၾကား ရရွိ ေလ့ရွိၿပီး ပန္းရန္တတ္ကြၽမ္းသူျဖစ္ပါက က်ပ္ (၁၈၀ဝ၀ မွ ၂၀ဝဝဝ) ၾကားရရွိေၾကာင္း၊ ယခုအခါ တစ္ရက္ က်ပ္ (၁၅၀ဝ၀ မွ ၁၈၀ဝဝ) ၾကားေပးကာ ေခၚယူေနၿပီး ပန္းရန္တတ္ကြၽမ္းသူမွာ က်ပ္ (၂၅၀ဝ၀ မွ ၃၀ဝဝဝ) ၾကားျဖင့္ ေခၚယူေနေၾကာင္းလည္း အဆိုပါအလုပ္ၾကမ္းလုပ္သားမ်ားထံမွ သိရသည္။

Picture

Aung Aung

25/12/2025 10:09

ဘယ်သူ့ကြောင့်လို့ မင်းထင်သလဲ ?🤷

Related news

© 2021. All rights reserved.