ထားဝယ်မြို့နှင့် ပတ်ဝန်းကျင်တွင် လယ်မြေနှင့် ဓနိတောများကို မြေဖို့၍ အကွက်ရိုက်ရောင်းချနေ

 4631

Pearl (NP News) - ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နှင့် ပတ်ဝန်းကျင်တွင် လယ်မြေနှင့် ဓနိတောများကို မြေဖို့၍ အကွက်ရိုက်ကာရောင်းချမှု ပိုများလာ ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ PDF များကြီးစိုးရာဒေသမှ ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ ကာ ထားဝယ်မြို့အနီးဝန်းကျင်တွင် မြေ ဝယ်ယူမှုများရှိနေပြီး ဒေသခံပွဲစားများကလည်း တောင်သူများ ထံမှ လယ်မြေများ၊ ဓနိတောများကိုဝယ်ယူကာ မြေဖို့၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေရောက်လာတော့ မြို့နဲ့ အနီးစပ်ဆုံးနေရာတွေမှာ ဝယ်ကြတာပေါ့။ ဝယ် ရောင်းလုပ်တဲ့ ပွဲစားတွေကလည်း အတင့်ရဲပြီး လုပ်လာတယ်။ ပိုဆိုးလာတယ်။ သူတို့က တောသူ တောင် သားတွေဆီက လယ်မြေတွေကို ဝယ်တယ်၊ ဓနိတောတွေကို ဝယ်တယ်။ ဝယ်ပြီး မြေဖို့တယ်။ ရောင်းစား တယ်။ အပေါ်က လူတွေကတော့ သိချင်မှသိမယ်။ ရွာက ရပ်ကျေး ဥက္ကဋ္ဌနဲ့ မြေစာရင်းရယ် မြို့နယ်မြေ စာရင်းရယ် ပေါင်းပြီးလုပ်စားနေတဲ့ သဘောရှိတာပေါ့လေ။ အဆိုးဆုံးက လောင်းလုံး ဧရိယာထဲမှာ။ လောင်းလုံးဆိုပေမယ့် ထားဝယ်နဲ့ နီးတာပေါ့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပွဲစားများအနေဖြင့် လယ်မြေကို ပေ (၂၀ x ပေ ၆၀) အဖြစ်လည်းကောင်း၊ (ပေ ၄၀ x ပေ ၆၀)အဖြစ်လည်းကောင်း အကွက်ရိုက် ရောင်းချနေခြင်းဖြစ်ပြီး (ပေ ၂၀ x ပေ ၆၀) တစ်ကွက်လျှင် ကျပ်သိန်း (၂၀ဝ) ဝန်းကျင်ပေါက်ဈေးရှိကြောင်းလည်း သိရသည်။
“မြို့နဲ့ သိပ်မနီးတဲ့နေရာဆိုရင် (၁၅၀) ၊ (၂၀ဝ) ရောင်းတယ်။ နည်းနည်းနီးရင် (၂၅၀) လောက် ရောင်းတာပေါ့။ (၂၀ x ၆၀) တွေ များတယ်။ ထားဝယ်မြို့ထဲမှာလည်း လုပ်တယ်။ ထားဝယ်မြို့ ဧရိယာ ထဲမှာရှိတဲ့ လယ်မြေတောင်မှ အကွက်ရိုက်ပြီး ရောင်းတာရှိတယ်။ သူတို့ မြေဖို့တာတွေကို ဓာတ်ပုံ ရိုက် ရင်တောင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေရှိတယ်လို့ပြောတယ်။ တောသူတောင်သားတွေ လည်း ခေါင်းပုံဖြတ်ခံရတယ်။ ထိန်းကျောင်းဖို့တော့လိုနေပြီ။ ဓနိတောတွေ ခုတ်ပစ်တာ၊ လယ်မြေတွေ မြေဖို့ပစ်တာတွေကလည်း သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးတာပေါ့”ဟု ၎င်းက ဆက်လက်ပြော သည်။

Zawgyi Version:
ထားဝယ္ၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္တြင္ လယ္ေျမႏွင့္ ဓနိေတာမ်ားကို ေျမဖို႔၍ အကြက္႐ိုက္ေရာင္းခ်ေန

Pearl (NP News) - ဒီဇင္ဘာ ၂၄

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္ႏွင့္ ပတ္ဝန္းက်င္တြင္ လယ္ေျမႏွင့္ ဓနိေတာမ်ားကို ေျမဖို႔၍ အကြက္႐ိုက္ကာေရာင္းခ်မႈ ပိုမ်ားလာ ေၾကာင္း ေဒသခံ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ PDF မ်ားႀကီးစိုးရာေဒသမွ ေဒသခံမ်ားအေနျဖင့္ ေနရပ္စြန႔္ခြာ ကာ ထားဝယ္ၿမိဳ႕အနီးဝန္းက်င္တြင္ ေျမ ဝယ္ယူမႈမ်ားရွိေနၿပီး ေဒသခံပြဲစားမ်ားကလည္း ေတာင္သူမ်ား ထံမွ လယ္ေျမမ်ား၊ ဓနိေတာမ်ားကိုဝယ္ယူကာ ေျမဖို႔၍ ျပန္လည္ေရာင္းခ်ေနေၾကာင္း သိရသည္။
“စစ္ေဘးေရွာင္ေတြေရာက္လာေတာ့ ၿမိဳ႕နဲ႔ အနီးစပ္ဆုံးေနရာေတြမွာ ဝယ္ၾကတာေပါ့။ ဝယ္ ေရာင္းလုပ္တဲ့ ပြဲစားေတြကလည္း အတင့္ရဲၿပီး လုပ္လာတယ္။ ပိုဆိုးလာတယ္။ သူတို႔က ေတာသူ ေတာင္ သားေတြဆီက လယ္ေျမေတြကို ဝယ္တယ္၊ ဓနိေတာေတြကို ဝယ္တယ္။ ဝယ္ၿပီး ေျမဖို႔တယ္။ ေရာင္းစား တယ္။ အေပၚက လူေတြကေတာ့ သိခ်င္မွသိမယ္။ ႐ြာက ရပ္ေက်း ဥကၠ႒နဲ႔ ေျမစာရင္းရယ္ ၿမိဳ႕နယ္ေျမ စာရင္းရယ္ ေပါင္းၿပီးလုပ္စားေနတဲ့ သေဘာရွိတာေပါ့ေလ။ အဆိုးဆုံးက ေလာင္းလုံး ဧရိယာထဲမွာ။ ေလာင္းလုံးဆိုေပမယ့္ ထားဝယ္နဲ႔ နီးတာေပါ့ေလ” ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ပြဲစားမ်ားအေနျဖင့္ လယ္ေျမကို ေပ (၂၀ x ေပ ၆၀) အျဖစ္လည္းေကာင္း၊ (ေပ ၄၀ x ေပ ၆၀)အျဖစ္လည္းေကာင္း အကြက္႐ိုက္ ေရာင္းခ်ေနျခင္းျဖစ္ၿပီး (ေပ ၂၀ x ေပ ၆၀) တစ္ကြက္လွ်င္ က်ပ္သိန္း (၂၀ဝ) ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းလည္း သိရသည္။
“ၿမိဳ႕နဲ႔ သိပ္မနီးတဲ့ေနရာဆိုရင္ (၁၅၀) ၊ (၂၀ဝ) ေရာင္းတယ္။ နည္းနည္းနီးရင္ (၂၅၀) ေလာက္ ေရာင္းတာေပါ့။ (၂၀ x ၆၀) ေတြ မ်ားတယ္။ ထားဝယ္ၿမိဳ႕ထဲမွာလည္း လုပ္တယ္။ ထားဝယ္ၿမိဳ႕ ဧရိယာ ထဲမွာရွိတဲ့ လယ္ေျမေတာင္မွ အကြက္႐ိုက္ၿပီး ေရာင္းတာရွိတယ္။ သူတို႔ ေျမဖို႔တာေတြကို ဓာတ္ပုံ ႐ိုက္ ရင္ေတာင္ တရားစြဲမယ္ဆိုၿပီး ၿခိမ္းေျခာက္တာမ်ိဳးေတြရွိတယ္လို႔ေျပာတယ္။ ေတာသူေတာင္သားေတြ လည္း ေခါင္းပုံျဖတ္ခံရတယ္။ ထိန္းေက်ာင္းဖို႔ေတာ့လိုေနၿပီ။ ဓနိေတာေတြ ခုတ္ပစ္တာ၊ လယ္ေျမေတြ ေျမဖို႔ပစ္တာေတြကလည္း သဘာဝပတ္ဝန္းက်င္လည္း ပ်က္စီးတာေပါ့”ဟု ၎က ဆက္လက္ေျပာ သည္။

Related news

© 2021. All rights reserved.