ခြေရာပျောက်ခရီး သို့မဟုတ် မန္တလေး - ဟုမ္မလင်း လမ်း

 154

သုတကျော် (NP News) - ဒီဇင်ဘာ ၂၄

မန္တလေး - ဟုမ္မလင်း လမ်းအကြောင်း မပြောမီ ယင်းလမ်းနှင့် ပတ်သက်၍ ပြည်သူတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုပါသည်။ တိုက်ပွဲများ ရောက်မလာမီက ဟုမ္မလင်းမြို့သို့ သွား ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး လမ်းပိုင်း အဆင်မပြေ တော့သည့်တိုင် မွေးရပ်မြေသို့ မပြန်သေးဘဲ မိသားစု ကိုထောက်ပံ့ရန် မြို့မှ မစွန့်ခွာနိုင်ခဲ့သော အမျိုးသားတစ်ဦးတွင် အသက်ကို ရန်ရှာနိုင်လောက်သော ရောဂါတစ်ခု ရုတ်တရက် စွဲကပ်ပါလေ၏။
အဆိုပါ အမျိုးသား၏ ရောဂါကို ဆေးဝါးကုသရန် ဟုမ္မလင်းမြို့တွင် အဆင်မပြေသည့်အတွက် မန္တလေး သို့မဟုတ် ရန်ကုန်ကဲ့သို့ မြို့ကြီးတစ်မြို့သို့ ပို့ဆောင် ကုသရန် လိုအပ်လာသည်။ မိသားစုက လည်း လူနာကို အမြန်ဆုံး ပြန်ခေါ်လိုကြ၏။ သို့သော် လူနာ၏ မိသားစုဝင်များမှာ တောသူ တောင်သား များဖြစ်ပြီး ထိုသို့ရောဂါဖြစ်လာမည်ဟုလည်း ကြိုမတွေးဖြစ်ခဲ့ကြ။ လမ်းကြောင်း အခြေအနေ မကောင်း ကြောင်း သိသော်လည်း အဘယ်မျှအထိ မကောင်းဆိုသောအချက်ကို မသိခဲ့ကြပေ။ လူနာကိုယ်တိုင်က လည်း မိသားစုများ စိုးရိမ်မည်စိုးသည့်အတွက် ယခင်နေကောင်းစဉ်က ဖုန်းပြောရာတွင် ခပ်ဖော့ဖော့သာ ပြောထားခဲ့သည်။
လူနာကို ခေါ်မည်ဆိုသောအခါမှ လမ်းပိုင်းကို စုံစမ်းကြသောအခါ ဟုမ္မလင်းမှ အပြန်ခရီးမှာ ငါး ရက် သို့မဟုတ် တစ်ပတ်ခန့်ကြာနိုင်ကြောင်း ထိုစဉ်မှသိကြရတော့သည်။ လမ်းခရီး၏ဒဏ်ကို လူနာခံနိုင် ပါ မည်လောဆိုသည့်မေးခွန်းတစ်ရပ် ပေါ်လာသည်။ ထို့ကြောင့် မိသားစုဝင် လူနာ၏အသက်ကို လောင်း ကြေးထပ် မစွန့်စားရဲတော့။ တစ်ဖန် လူနာတင်ယာဉ်ဖြင့် ခေါ်မည်ဆိုပါကလည်း ယင်းပရဟိတ ဆောင် ရွက်သူများ၏ လမ်းပိုင်းလုံခြုံရေးအတွက် အာမခံရန် လူနာ၏တောသူတောင်သားမိသားစုမှာ မဝံ့ရဲရှာ ကြပေ။
နောက်တစ်နည်းကိုထပ်စဉ်းစားကြရာ လေကြောင်းလမ်းအဆင်ပြေသည်ဟု ကြားရသည့် အတွက် လက်မှတ်ဖြတ်ရာတွင်လည်း တစ်လခန့်ကြို တင်လက်မှတ်ဖြတ်ရမည်ဖြစ်ကြောင်း ထိုစဉ်မှ သိ ကြရတော့သည်။ သူစိမ်းများကြားတွင် လူနာ အဆင်ပြေပါမည်လောဆိုသော အပူနှင့် ရောဂါက အနိုင် ယူသွားတော့မည်လောဆိုသော အပူနှစ်ခုကြား ယင်း မိသားစုမှာ လမ်းပင်ပျောက်လုမတတ် ဖြစ်ခဲ့ရ သည်။ သို့သော် ကံကောင်းထောက်မ၍ တစ်ယောက်စာ လေယာဉ်လက်မှတ်ရခဲ့သည့်အပြင် လုပ်ဖော် ကိုင်ဖက်များက ဝိုင်းဝန်းပြုစုကြသည့် အကျိုးအားကြောင့် လူနာမှာ မိသားစုနှင့် ပြန်လည် ဆုံတွေ့နိုင်ခဲ့ ပြီး ဆေးဝါးကုသမှုပင် ခံယူနေပေပြီ။ သို့သော် ယင်းလူနာကဲ့သို့ ကံကောင်းသူ လူနာမျိုးမှာ ကားများများ စားစား ရှိနိုင်လိမ့်မည် မထင်ပေ။
ချင်းတွင်းမြစ်ကမ်းနံဘေးကို မေးတင်ကာ နံဘေးမှ ဥရုမြစ်က ရစ်ခွေ စီးဆင်းနေသော ဟုမ္မလင်း မြို့သည် တစ်ဖက်တွင် အိန္ဒိယနယ်စပ်ရှိပြီး မြို့၏တည်နေပုံအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခုဖြစ်သည်။ အထက်သို့တက်လျှင် လေရှီးမြို့၊ လဟယ်မြို့ရှိပြီး အောက်တွင် ဖောင်းပြင် မြို့၊ နံ ဘေးတွင် ဗန်းမောက်မြို့ ရှိသည်။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် ဟုမ္မလင်းမြို့အတွက် အရေးတကြီးလိုအပ်သည် ဖြစ်ရာ ခေတ်ဆက်ဆက် လမ်းပိုင်းကို အဆင့်မြှင့် တင်ခြင်းများရှိခဲ့သည်။ ဟုမ္မလင်းမှ ထွက်လျှင် ဖောင်း ပြင် - မော်လိုက် - တန့်ဆည် - ခင်ဦး - ရွှေဘို - စစ်ကိုင်း တို့ကို ဖြတ်သန်းကာ မန္တလေးအထိ ခရီးသည် မိုင်ပေါင်း (၃၀ဝ) ကျော် ရှည်လျားသော တအီကြီး စီးရမည့် ခရီးတစ်ခုလည်းဖြစ်နေသည်။
သို့သော် လမ်းကောင်းလာလျှင် ခရီးသွားချိန်လည်း တိုလာသည်ဖြစ်ရာ နောက်ဆုံး ယင်းလမ်း ပိုင်းတွင် ခရီးသည်တင်ကားတစ်စီး၏ မောင်းရမည့် ကြာချိန်မှာ (၂၄) နာရီထက် မပိုတော့ပေ။ တဖန် ဟုမ္မလင်းမြို့နယ်တွင် ရွှေထွက်သည်ဖြစ်ရာ ဟုမ္မ လင်း - မန္တလေး ခရီးသည် ရွှေလမ်း၊ ငွေလမ်း ဟုလည်း တင်စားလိုက တင်စားနိုင်ပေလိမ့်မည်။
သို့သော် ဟုမ္မလင်းနှင့် မန္တလေးကြား ခရီးလမ်းတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကိုင်သူပုန်တို့ ရောက်လာသောအခါ လမ်းပိုင်းသည် တစ်စတစ်စ ခက်ခဲလာရာမှ လုံးဝအဆင်မပြေသောအခြေအနေကို ရောက်သွားခဲ့သည်။ “လမ်းတွေက (၂၀၂၃) ခုနှစ်လောက်မှာ စပြီးတော့ အဆင်မပြေတော့တာပေါ့”ဟု ဟုမ္မလင်း မြို့ခံတစ်ဦးက ဆိုသည်။
ဟုမ္မလင်းမှ မန္တလေးသို့ ခရီးသွားရာတွင် လမ်း၌ လက်နက်ကိုင်အဖွဲ့တို့၏ အတားအဆီးများက ခရီးလမ်းကို ပိုကြာလာစေသည်။ ထို့ပြင် သွားရိုးလမ်းမှ မဟုတ်ဘဲ ကွင်းလမ်းများကို အသုံးပြုကြရသည်။ မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်းကာလများအတွင်း ကွင်းလမ်းဆိုသော အသုံးအနှုန်းများ ခေတ်စားလာ သည့်နည်းတူ ဟုမ္မလင်း - မန္တလေးလမ်းတွင်လည်း ယင်းလမ်းများ အလျှိုလျှိုပေါ်ပေါက်လာသည်။
ကွင်းလမ်း ဆိုသည်မှာ သွားရိုးလမ်းမှ မဟုတ်ဘဲ လက်နက်ကိုင်တို့က လမ်းသစ်ဖော်ကာ သွား စေခြင်းဖြစ်ပြီး လမ်းသစ်ဆိုသည်မှာ တောလမ်းဖြစ်သည့်အပြင် ယင်းကွင်းလမ်းများကိုအသုံးပြုသည့် အတွက် လမ်းအသုံးပြုခပင် ပေးရသည်သာမက မြေသားလမ်း ဖြစ်သောကြောင့် ကားများ ဗွက်နစ်လျှင် ကားဆွဲရန် ထွန်စက်ခလည်း ပေးရသေးသည်။ မြန်မာသူပုန်တို့၏ လမ်းသစ်ဖောက် ငွေရှာနည်း တစ်ရပ် ပင် ဖြစ်သည်။
ဟုမ္မလင်း - မန္တလေးလမ်းတွင်လည်း အလားတူ ကွင်းလမ်းများရှိသည်။ ထို့ပြင် လက်နက်ကိုင် သူပုန်တို့ ကြီးစိုးရာ နေရာများတွင် လမ်းကို တစ်ဆက်တည်း မောင်း၍မရဘဲ သတ်မှတ်ထားသော အချိန် အတိုင်းအတာအတွင်းသာ မောင်းနှင်ခွင့်ရှိသည်။ ထို့ပြင် မကြာခဏလည်း အကြောင်းပြချက် မျိုးစုံဖြင့် လည်း လမ်းတွင် ရပ်တန့်ရသေးသည်။
“အရင်တုန်းက ကုန်တင်ကားတွေဆိုရင်တော့ လမ်းမှာ (၂) ရက်လောက် ကြာတယ်။ ခရီးသည် တင် ကားတွေက နေ့ချင်းပေါက်တယ်။ အခု သူတို့လုပ်လိုက်တဲ့အခါကျတော့ အများဆုံးကြာချိန်က (၁၅) ရက်လောက်ဖြစ်သွားတယ်။ တိတိကျကျကို ပြောလို့မရတော့ဘူး”ဟု အဆိုပါဒေသခံက ဆိုသည်။
လမ်းတွင် အစစ်အဆေးများသည်။ သူပုန်တို့၏ အစစ်အဆေးက မည်သည့်ဥပဒေအပေါ် အခြေခံ ထားသနည်းဆိုသောအချက်မှာ ပြည်သူများအကြား မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်။ ထို့ပြင် သူပုန်တို့၏ လမ်းခရီးတွင် ပိတ်လိုက်၊ ဖွင့်လိုက် အဟန့်အတား ပြုနေမှုကလည်း လက်နက်မြင်လျှင်ပင် စိုးရိမ်စိတ် ဖြစ်နေသော ပြည်သူများအတွက် မီးလောင်ရာ လေပင့်ပေးနေသကဲ့သို့ ဖြစ်သည်။ ထို့နောက် အကြောက် တရား ဝင်လာသည်။ မေးခွန်းအဆင့်မှ အကြောက်တရား ဖြစ်လာသည့်အဆင့်အထိ ဆင့်ကဲဖြစ်စဉ်မှာ မြန်ဆန်သော်လည်း ယင်း၏ အကျိုးသက်ရောက်မှုကား ကြီးမားလှသည်။ တိုက်ပွဲများ ဖြစ်ပွားတတ်ခြင်း ကလည်း အကြောင်းရင်းတစ်ခုဖြစ်သည်။
“သူတို့က လမ်းကို ဖွင့်လိုက် ပိတ်လိုက် အဲဒီလိုပေါ့။ သူတို့ ဖွင့်ရင်တော့ သွားစီးကြတယ်။ သွားရဲ တဲ့သူကတော့ သွားစီးကြတာပေါ့။ သွားစီးတဲ့အချိန်မှာ သူတို့လွှတ်တဲ့ကာလနဲ့ တိုးရင်တော့ တစ်ပတ် လောက်နဲ့ ရောက်တယ်။ မလွှတ်ဘူးဆိုရင်လည်း လမ်းမှာ လနဲ့ချီပြီး သောင်တင်တာဆိုတော့ စီးတဲ့သူက နည်းသွားတာ”ဟု ၎င်းက ဆိုသည်။ ယင်းမှာ ခရီးသည်တင်ကားများအတွက်သာ ဖြစ်သည်။ ကုန်ကား များမှာမူ ယင်းထက် ပိုကြာသည့်အပြင် လက်နက်ကိုင် သူပုန်တို့အတွက် ကုန်ကားများသည် ရွေ့လျား နေသော ငွေထုပ်ကြီးများသဖွယ် ဖြစ်နေရာ မန္တလေးမှ ဟုမ္မလင်းအထိ ကုန်တင်ကား တစ်စီး ဖြတ်သန်းခ မှာ သူပုန်ဂိတ်တိုင်းအတွက် မက်လုံးတစ်ခုဖြစ်နေသည်။
ကုန်ကားများ အဝင်နည်းသည့်အတွက် ရေလမ်းခရီးမှ ကုန်ပို့ရန် ကြံပြန်လျှင်လည်း လမ်းတွင် သူပုန် တို့က တားဆီးခြင်းများ ရှိနေပြန်သည်။ “စက်လှေသမားတွေကတော့ တစ်နှစ်မှာ တစ် ခေါက်ရရ၊ နှစ်ခေါက်ရရ စက်လှေကြီးသမားတွေကတော့ တိုးနေတာပဲ။ သွားလို့ ရသလောက် သွားလိုက်ကြတယ်။ ပိတ်တဲ့နေရာမှာ နေလိုက်တာပဲ။ ချက်ပြုတ်စားသောက်ကြတယ်။ သူတို့ ဖွင့်ပြီဟေ့ ဆိုတဲ့ အချိန်မှာ ထပ်သွားကြတာပေါ့”ဟု ၎င်းကဆိုသည်။
တစ်ဖက်တွင် အိန္ဒိယနိုင်ငံနှင့် နီးကပ်သည်ဖြစ်ရာ ယင်းနှင့် ကုန်သွယ်မှုရှိသော်လည်း အဆိုပါ ကုန်သွယ်ရေးမှာလည်း အဆင်ပြေသည့်အခြေအနေမျိုးတော့ မဟုတ်ပေ။ လက်ရှိအခြေအနေတွင်ကား ဟုမ္မလင်းမြို့သည် ပင်လယ်ပြင်အတွင်းမှ ကျွန်းငယ်သဖွယ်ဖြစ်နေသည်။ တစ်ဖန် ဆောင်းပါးအစတွင် ဖော်ပြထားသည့်အတိုင်း ဟုမ္မလင်းမြို့မှ မန္တလေးမြို့ကဲ့သို့ မြို့များအတွက် လေကြောင်းခရီးစဉ် ရှိသော် လည်း ချက်ချင်းဝယ်၊ ချက်ချင်းစီး မရသည့်အခြေအနေမျိုးကို ကြုံခဲ့ကြရ၏။ လက်မှတ်ခကလည်း ကျပ် ငါးသိန်းကျော်မှ ဆယ်သိန်းနီးပါးခန့်အထိ ပေါက်ဈေး ရှိခဲ့သည်။
ဟုမ္မလင်းမြို့သို့ လေယာဉ်ပြေးဆွဲသည့် အခေါက်ရေလည်း လျှော့ချ ပြေးဆွဲနေသည် ဖြစ်ရာ ကုန် တင်လေယာဉ်များအစား ခရီးသည်တင် လေယာဉ်များကိုလည်း တိုးချဲ့ ပြေးဆွဲစေလိုကြောင်း ၎င်းက အကြံပြုတောင်းဆိုသည်။
“ကျွန်တော့်ဆီမှာ လေယာဉ်လက်မှတ် အစောင်သုံးဆယ် ယူထားတယ် ဆိုပါစို့။ အစ်ကိုက ကျွန် တော့်ဆီ လာဝယ်တယ်။ ဒါပေမဲ့ လက်မှတ်က (၁၅) စောင်လောက် ကျန်သေးတယ်။ ဒါပေမဲ့ မကျန် တော့ဘူး ပြောလိုက်တယ်။ အစ်ကိုက အရေးကြီးလို့ပါ တစ်စောင်လောက် ရောင်းပါဆိုရင် ဖုန်းနံပတ် ထားခဲ့လိုက်လေ ပြောမယ်။ ပြီးရင် နှစ်ရက်လောက်နေတော့မှ အစ်ကိုဆီ ဖုန်းဆက်မယ် မသွားဖြစ်တဲ့ တစ်ယောက်က လက်မှတ်ပြန်အပ်တယ်ဆိုပြီး အကြောင်းပြချက်တစ်ခု ရှာလိုက်တယ်။ နောင်မှ ပြောင်း တင်ပေးတာမို့လို့ ပုံမှန်ဈေးမရဘူး။ (၈) သိန်းတော့ ကျမယ်။ စကားချိုလေးတွေ သုံးပြီး မှောင်ခိုပုံစံ ရောင်းပေးလိုက်တာပေါ့” ဟု ၎င်းက ယခင်က အခြေအနေကိုပြောသည်။
NP News က စုံစမ်းသိရှိရသော နောက်ဆုံးအချက်အလက်များအရ ဟုမ္မလင်းသို့ လေကြောင်း ခရီးများမှာ ယခင်ထက် ပိုမိုလွယ်ကူလာသည်ဟု သိရသည်။ သို့သော် ဆက်လက်စောင့်ကြည့်ရဦးမည့် အနေအထား ဖြစ်သည်။ ထိုသို့ ခက်ခဲနေသော ဟုမ္မလင်းမြို့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်သည် ဆိုခြင်း မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ကို ဖြစ်လာရမည့်ကိစ္စ ဖြစ်ပေတော့သည်။
“ဈေးကအပြန် ဝယ်ခဲ့ရတဲ့ ဈေးလေးတွေကိုပြောမယ်။ ကြက်ဥက တစ်သောင်းဖိုး ခုနှစ်လုံး ရ တယ်။ ကန်စွန်းရွက်က သုံးစည်းကိုတစ်ထောင်”ဟု ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ၎င်း တို့မြို့၏ ဈေးအခြေအနေကိုပြောပြသော ဗီဒီယိုဖိုင်တစ်ခုကို အင်တာနက် လူမှုကွန်ရက်တွင် တွေ့ရ သည်။ အဆိုပါ အမျိုးသမီးက တစ်သောင်းကျော်အထိ ပိုက်ဆံသုံးကာ ဝယ်ခဲ့သော ဟင်းချက်စရာများမှာ ကြက်ဥနှင့် ဆူးပုတ်ရွက် ရောကြော်မည့် ဟင်းတစ်ခွက်အတွက်သာ ဖြစ်သည်။ အဆိုပါ ဗွီဒီယို ကိုတင်ချိန် က (၂၆-၁၀-၂၀၂၅) ရက်တွင်ဖြစ်သည်။
ယင်းနောက် အဆိုပါ အမျိုးသမီးကပင် နိုဝင်ဘာလ၊ (၁၈) ရက်တွင် ဗီဒီယိုတစ်ခုတင်ပြန်ရာ ယင်း အချိန်တွင်မူ ကြက်ဥ ကိုးလုံးအတွက် တစ်သောင်းခွဲအထိပင် ဈေးတက်သွားသည်ကို တွေ့မြင်ရသည်။ အခြေခံ စိုက်ပျိုးရေးဖြစ်ထွန်းရာ ဒေသများသောကြောင့် ဟင်းသီးဟင်းရွက်များကို ဒေသအတွင်း ပြန် လည်ရောင်းချကြသောကြောင့်သာ ပြည်သူများအတွက် ခံသာနေသည်ဟု တွက်ဆရပေတော့မည်။ ဟုမ္မလင်းမြို့နယ်အတွင်းနေထိုင်သော ဒေသခံများအတွက် အပူတို့သည် ငြိမ်းချမ်းရာ ဒေသမှလူတို့ထက် ပိုမိုကြီးမားပေလိမ့်မည်။ အပူနှင့်အတူ သက်ပြင်းချသံတို့ကလည်း ရောနှောနေမည်မှာ ဗေဒင်မေးစရာ လို လိမ့်မည်မဟုတ်ပေ။ သို့သော် ကျည်ဆန်ကို ကိုးကွယ်သူများကိုမူကား ယင်းအပူသည် ဟပ်ပင်ဟပ် လိမ့် မည် မဟုတ်ပေ။

Zawgyi Version:
ေျခရာေပ်ာက္ခရီး သို႔မဟုတ္ မႏၲေလး - ဟုမၼလင္း လမ္း
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၄
မႏၲေလး - ဟုမၼလင္း လမ္းအေၾကာင္း မေျပာမီ ယင္းလမ္းႏွင့္ ပတ္သက္၍ ျပည္သူတစ္ဦး၏ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္ကို ေျပာျပလိုပါသည္။ တိုက္ပြဲမ်ား ေရာက္မလာမီက ဟုမၼလင္းၿမိဳ႕သို႔ သြား ေရာက္အလုပ္လုပ္ကိုင္ခဲ့ၿပီး လမ္းပိုင္း အဆင္မေျပ ေတာ့သည့္တိုင္ ေမြးရပ္ေျမသို႔ မျပန္ေသးဘဲ မိသားစု ကိုေထာက္ပံ့ရန္ ၿမိဳ႕မွ မစြန႔္ခြာႏိုင္ခဲ့ေသာ အမ်ိဳးသားတစ္ဦးတြင္ အသက္ကို ရန္ရွာႏိုင္ေလာက္ေသာ ေရာဂါတစ္ခု ႐ုတ္တရက္ စြဲကပ္ပါေလ၏။
အဆိုပါ အမ်ိဳးသား၏ ေရာဂါကို ေဆးဝါးကုသရန္ ဟုမၼလင္းၿမိဳ႕တြင္ အဆင္မေျပသည့္အတြက္ မႏၲေလး သို႔မဟုတ္ ရန္ကုန္ကဲ့သို႔ ၿမိဳ႕ႀကီးတစ္ၿမိဳ႕သို႔ ပို႔ေဆာင္ ကုသရန္ လိုအပ္လာသည္။ မိသားစုက လည္း လူနာကို အျမန္ဆုံး ျပန္ေခၚလိုၾက၏။ သို႔ေသာ္ လူနာ၏ မိသားစုဝင္မ်ားမွာ ေတာသူ ေတာင္သား မ်ားျဖစ္ၿပီး ထိုသို႔ေရာဂါျဖစ္လာမည္ဟုလည္း ႀကိဳမေတြးျဖစ္ခဲ့ၾက။ လမ္းေၾကာင္း အေျခအေန မေကာင္း ေၾကာင္း သိေသာ္လည္း အဘယ္မွ်အထိ မေကာင္းဆိုေသာအခ်က္ကို မသိခဲ့ၾကေပ။ လူနာကိုယ္တိုင္က လည္း မိသားစုမ်ား စိုးရိမ္မည္စိုးသည့္အတြက္ ယခင္ေနေကာင္းစဥ္က ဖုန္းေျပာရာတြင္ ခပ္ေဖာ့ေဖာ့သာ ေျပာထားခဲ့သည္။
လူနာကို ေခၚမည္ဆိုေသာအခါမွ လမ္းပိုင္းကို စုံစမ္းၾကေသာအခါ ဟုမၼလင္းမွ အျပန္ခရီးမွာ ငါး ရက္ သို႔မဟုတ္ တစ္ပတ္ခန႔္ၾကာႏိုင္ေၾကာင္း ထိုစဥ္မွသိၾကရေတာ့သည္။ လမ္းခရီး၏ဒဏ္ကို လူနာခံႏိုင္ ပါ မည္ေလာဆိုသည့္ေမးခြန္းတစ္ရပ္ ေပၚလာသည္။ ထို႔ေၾကာင့္ မိသားစုဝင္ လူနာ၏အသက္ကို ေလာင္း ေၾကးထပ္ မစြန႔္စားရဲေတာ့။ တစ္ဖန္ လူနာတင္ယာဥ္ျဖင့္ ေခၚမည္ဆိုပါကလည္း ယင္းပရဟိတ ေဆာင္ ႐ြက္သူမ်ား၏ လမ္းပိုင္းလုံၿခဳံေရးအတြက္ အာမခံရန္ လူနာ၏ေတာသူေတာင္သားမိသားစုမွာ မဝံ့ရဲရွာ ၾကေပ။
ေနာက္တစ္နည္းကိုထပ္စဥ္းစားၾကရာ ေလေၾကာင္းလမ္းအဆင္ေျပသည္ဟု ၾကားရသည့္ အတြက္ လက္မွတ္ျဖတ္ရာတြင္လည္း တစ္လခန႔္ႀကိဳ တင္လက္မွတ္ျဖတ္ရမည္ျဖစ္ေၾကာင္း ထိုစဥ္မွ သိ ၾကရေတာ့သည္။ သူစိမ္းမ်ားၾကားတြင္ လူနာ အဆင္ေျပပါမည္ေလာဆိုေသာ အပူႏွင့္ ေရာဂါက အႏိုင္ ယူသြားေတာ့မည္ေလာဆိုေသာ အပူႏွစ္ခုၾကား ယင္း မိသားစုမွာ လမ္းပင္ေပ်ာက္လုမတတ္ ျဖစ္ခဲ့ရ သည္။ သို႔ေသာ္ ကံေကာင္းေထာက္မ၍ တစ္ေယာက္စာ ေလယာဥ္လက္မွတ္ရခဲ့သည့္အျပင္ လုပ္ေဖာ္ ကိုင္ဖက္မ်ားက ဝိုင္းဝန္းျပဳစုၾကသည့္ အက်ိဳးအားေၾကာင့္ လူနာမွာ မိသားစုႏွင့္ ျပန္လည္ ဆုံေတြ႕ႏိုင္ခဲ့ ၿပီး ေဆးဝါးကုသမႈပင္ ခံယူေနေပၿပီ။ သို႔ေသာ္ ယင္းလူနာကဲ့သို႔ ကံေကာင္းသူ လူနာမ်ိဳးမွာ ကားမ်ားမ်ား စားစား ရွိႏိုင္လိမ့္မည္ မထင္ေပ။
ခ်င္းတြင္းျမစ္ကမ္းနံေဘးကို ေမးတင္ကာ နံေဘးမွ ဥ႐ုျမစ္က ရစ္ေခြ စီးဆင္းေနေသာ ဟုမၼလင္း ၿမိဳ႕သည္ တစ္ဖက္တြင္ အိႏၵိယနယ္စပ္ရွိၿပီး ၿမိဳ႕၏တည္ေနပုံအရ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာ ေဒသတစ္ခုျဖစ္သည္။ အထက္သို႔တက္လွ်င္ ေလရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ရွိၿပီး ေအာက္တြင္ ေဖာင္းျပင္ ၿမိဳ႕၊ နံ ေဘးတြင္ ဗန္းေမာက္ၿမိဳ႕ ရွိသည္။
လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ျခင္းသည္ ဟုမၼလင္းၿမိဳ႕အတြက္ အေရးတႀကီးလိုအပ္သည္ ျဖစ္ရာ ေခတ္ဆက္ဆက္ လမ္းပိုင္းကို အဆင့္ျမႇင့္ တင္ျခင္းမ်ားရွိခဲ့သည္။ ဟုမၼလင္းမွ ထြက္လွ်င္ ေဖာင္း ျပင္ - ေမာ္လိုက္ - တန႔္ဆည္ - ခင္ဦး - ေ႐ႊဘို - စစ္ကိုင္း တို႔ကို ျဖတ္သန္းကာ မႏၲေလးအထိ ခရီးသည္ မိုင္ေပါင္း (၃၀ဝ) ေက်ာ္ ရွည္လ်ားေသာ တအီႀကီး စီးရမည့္ ခရီးတစ္ခုလည္းျဖစ္ေနသည္။
သို႔ေသာ္ လမ္းေကာင္းလာလွ်င္ ခရီးသြားခ်ိန္လည္း တိုလာသည္ျဖစ္ရာ ေနာက္ဆုံး ယင္းလမ္း ပိုင္းတြင္ ခရီးသည္တင္ကားတစ္စီး၏ ေမာင္းရမည့္ ၾကာခ်ိန္မွာ (၂၄) နာရီထက္ မပိုေတာ့ေပ။ တဖန္ ဟုမၼလင္းၿမိဳ႕နယ္တြင္ ေ႐ႊထြက္သည္ျဖစ္ရာ ဟုမၼ လင္း - မႏၲေလး ခရီးသည္ ေ႐ႊလမ္း၊ ေငြလမ္း ဟုလည္း တင္စားလိုက တင္စားႏိုင္ေပလိမ့္မည္။
သို႔ေသာ္ ဟုမၼလင္းႏွင့္ မႏၲေလးၾကား ခရီးလမ္းတြင္ တိုက္ပြဲျဖစ္ၿပီး လက္နက္ကိုင္သူပုန္တို႔ ေရာက္လာေသာအခါ လမ္းပိုင္းသည္ တစ္စတစ္စ ခက္ခဲလာရာမွ လုံးဝအဆင္မေျပေသာအေျခအေနကို ေရာက္သြားခဲ့သည္။ “လမ္းေတြက (၂၀၂၃) ခုႏွစ္ေလာက္မွာ စၿပီးေတာ့ အဆင္မေျပေတာ့တာေပါ့”ဟု ဟုမၼလင္း ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ဟုမၼလင္းမွ မႏၲေလးသို႔ ခရီးသြားရာတြင္ လမ္း၌ လက္နက္ကိုင္အဖြဲ႕တို႔၏ အတားအဆီးမ်ားက ခရီးလမ္းကို ပိုၾကာလာေစသည္။ ထို႔ျပင္ သြား႐ိုးလမ္းမွ မဟုတ္ဘဲ ကြင္းလမ္းမ်ားကို အသုံးျပဳၾကရသည္။ ျမန္မာႏိုင္ငံတြင္ ယခုေနာက္ပိုင္းကာလမ်ားအတြင္း ကြင္းလမ္းဆိုေသာ အသုံးအႏႈန္းမ်ား ေခတ္စားလာ သည့္နည္းတူ ဟုမၼလင္း - မႏၲေလးလမ္းတြင္လည္း ယင္းလမ္းမ်ား အလွ်ိဳလွ်ိဳေပၚေပါက္လာသည္။
ကြင္းလမ္း ဆိုသည္မွာ သြား႐ိုးလမ္းမွ မဟုတ္ဘဲ လက္နက္ကိုင္တို႔က လမ္းသစ္ေဖာ္ကာ သြား ေစျခင္းျဖစ္ၿပီး လမ္းသစ္ဆိုသည္မွာ ေတာလမ္းျဖစ္သည့္အျပင္ ယင္းကြင္းလမ္းမ်ားကိုအသုံးျပဳသည့္ အတြက္ လမ္းအသုံးျပဳခပင္ ေပးရသည္သာမက ေျမသားလမ္း ျဖစ္ေသာေၾကာင့္ ကားမ်ား ဗြက္နစ္လွ်င္ ကားဆြဲရန္ ထြန္စက္ခလည္း ေပးရေသးသည္။ ျမန္မာသူပုန္တို႔၏ လမ္းသစ္ေဖာက္ ေငြရွာနည္း တစ္ရပ္ ပင္ ျဖစ္သည္။
ဟုမၼလင္း - မႏၲေလးလမ္းတြင္လည္း အလားတူ ကြင္းလမ္းမ်ားရွိသည္။ ထို႔ျပင္ လက္နက္ကိုင္ သူပုန္တို႔ ႀကီးစိုးရာ ေနရာမ်ားတြင္ လမ္းကို တစ္ဆက္တည္း ေမာင္း၍မရဘဲ သတ္မွတ္ထားေသာ အခ်ိန္ အတိုင္းအတာအတြင္းသာ ေမာင္းႏွင္ခြင့္ရွိသည္။ ထို႔ျပင္ မၾကာခဏလည္း အေၾကာင္းျပခ်က္ မ်ိဳးစုံျဖင့္ လည္း လမ္းတြင္ ရပ္တန႔္ရေသးသည္။
“အရင္တုန္းက ကုန္တင္ကားေတြဆိုရင္ေတာ့ လမ္းမွာ (၂) ရက္ေလာက္ ၾကာတယ္။ ခရီးသည္ တင္ ကားေတြက ေန႔ခ်င္းေပါက္တယ္။ အခု သူတို႔လုပ္လိုက္တဲ့အခါက်ေတာ့ အမ်ားဆုံးၾကာခ်ိန္က (၁၅) ရက္ေလာက္ျဖစ္သြားတယ္။ တိတိက်က်ကို ေျပာလို႔မရေတာ့ဘူး”ဟု အဆိုပါေဒသခံက ဆိုသည္။
လမ္းတြင္ အစစ္အေဆးမ်ားသည္။ သူပုန္တို႔၏ အစစ္အေဆးက မည္သည့္ဥပေဒအေပၚ အေျခခံ ထားသနည္းဆိုေသာအခ်က္မွာ ျပည္သူမ်ားအၾကား ေမးခြန္းထုတ္ဖြယ္ျဖစ္လာသည္။ ထို႔ျပင္ သူပုန္တို႔၏ လမ္းခရီးတြင္ ပိတ္လိုက္၊ ဖြင့္လိုက္ အဟန႔္အတား ျပဳေနမႈကလည္း လက္နက္ျမင္လွ်င္ပင္ စိုးရိမ္စိတ္ ျဖစ္ေနေသာ ျပည္သူမ်ားအတြက္ မီးေလာင္ရာ ေလပင့္ေပးေနသကဲ့သို႔ ျဖစ္သည္။ ထို႔ေနာက္ အေၾကာက္ တရား ဝင္လာသည္။ ေမးခြန္းအဆင့္မွ အေၾကာက္တရား ျဖစ္လာသည့္အဆင့္အထိ ဆင့္ကဲျဖစ္စဥ္မွာ ျမန္ဆန္ေသာ္လည္း ယင္း၏ အက်ိဳးသက္ေရာက္မႈကား ႀကီးမားလွသည္။ တိုက္ပြဲမ်ား ျဖစ္ပြားတတ္ျခင္း ကလည္း အေၾကာင္းရင္းတစ္ခုျဖစ္သည္။
“သူတို႔က လမ္းကို ဖြင့္လိုက္ ပိတ္လိုက္ အဲဒီလိုေပါ့။ သူတို႔ ဖြင့္ရင္ေတာ့ သြားစီးၾကတယ္။ သြားရဲ တဲ့သူကေတာ့ သြားစီးၾကတာေပါ့။ သြားစီးတဲ့အခ်ိန္မွာ သူတို႔လႊတ္တဲ့ကာလနဲ႔ တိုးရင္ေတာ့ တစ္ပတ္ ေလာက္နဲ႔ ေရာက္တယ္။ မလႊတ္ဘူးဆိုရင္လည္း လမ္းမွာ လနဲ႔ခ်ီၿပီး ေသာင္တင္တာဆိုေတာ့ စီးတဲ့သူက နည္းသြားတာ”ဟု ၎က ဆိုသည္။ ယင္းမွာ ခရီးသည္တင္ကားမ်ားအတြက္သာ ျဖစ္သည္။ ကုန္ကား မ်ားမွာမူ ယင္းထက္ ပိုၾကာသည့္အျပင္ လက္နက္ကိုင္ သူပုန္တို႔အတြက္ ကုန္ကားမ်ားသည္ ေ႐ြ႕လ်ား ေနေသာ ေငြထုပ္ႀကီးမ်ားသဖြယ္ ျဖစ္ေနရာ မႏၲေလးမွ ဟုမၼလင္းအထိ ကုန္တင္ကား တစ္စီး ျဖတ္သန္းခ မွာ သူပုန္ဂိတ္တိုင္းအတြက္ မက္လုံးတစ္ခုျဖစ္ေနသည္။
ကုန္ကားမ်ား အဝင္နည္းသည့္အတြက္ ေရလမ္းခရီးမွ ကုန္ပို႔ရန္ ႀကံျပန္လွ်င္လည္း လမ္းတြင္ သူပုန္ တို႔က တားဆီးျခင္းမ်ား ရွိေနျပန္သည္။ “စက္ေလွသမားေတြကေတာ့ တစ္ႏွစ္မွာ တစ္ ေခါက္ရရ၊ ႏွစ္ေခါက္ရရ စက္ေလွႀကီးသမားေတြကေတာ့ တိုးေနတာပဲ။ သြားလို႔ ရသေလာက္ သြားလိုက္ၾကတယ္။ ပိတ္တဲ့ေနရာမွာ ေနလိုက္တာပဲ။ ခ်က္ျပဳတ္စားေသာက္ၾကတယ္။ သူတို႔ ဖြင့္ၿပီေဟ့ ဆိုတဲ့ အခ်ိန္မွာ ထပ္သြားၾကတာေပါ့”ဟု ၎ကဆိုသည္။
တစ္ဖက္တြင္ အိႏၵိယႏိုင္ငံႏွင့္ နီးကပ္သည္ျဖစ္ရာ ယင္းႏွင့္ ကုန္သြယ္မႈရွိေသာ္လည္း အဆိုပါ ကုန္သြယ္ေရးမွာလည္း အဆင္ေျပသည့္အေျခအေနမ်ိဳးေတာ့ မဟုတ္ေပ။ လက္ရွိအေျခအေနတြင္ကား ဟုမၼလင္းၿမိဳ႕သည္ ပင္လယ္ျပင္အတြင္းမွ ကြၽန္းငယ္သဖြယ္ျဖစ္ေနသည္။ တစ္ဖန္ ေဆာင္းပါးအစတြင္ ေဖာ္ျပထားသည့္အတိုင္း ဟုမၼလင္းၿမိဳ႕မွ မႏၲေလးၿမိဳ႕ကဲ့သို႔ ၿမိဳ႕မ်ားအတြက္ ေလေၾကာင္းခရီးစဥ္ ရွိေသာ္ လည္း ခ်က္ခ်င္းဝယ္၊ ခ်က္ခ်င္းစီး မရသည့္အေျခအေနမ်ိဳးကို ႀကဳံခဲ့ၾကရ၏။ လက္မွတ္ခကလည္း က်ပ္ ငါးသိန္းေက်ာ္မွ ဆယ္သိန္းနီးပါးခန႔္အထိ ေပါက္ေဈး ရွိခဲ့သည္။
ဟုမၼလင္းၿမိဳ႕သို႔ ေလယာဥ္ေျပးဆြဲသည့္ အေခါက္ေရလည္း ေလွ်ာ့ခ် ေျပးဆြဲေနသည္ ျဖစ္ရာ ကုန္ တင္ေလယာဥ္မ်ားအစား ခရီးသည္တင္ ေလယာဥ္မ်ားကိုလည္း တိုးခ်ဲ႕ ေျပးဆြဲေစလိုေၾကာင္း ၎က အႀကံျပဳေတာင္းဆိုသည္။
“ကြၽန္ေတာ့္ဆီမွာ ေလယာဥ္လက္မွတ္ အေစာင္သုံးဆယ္ ယူထားတယ္ ဆိုပါစို႔။ အစ္ကိုက ကြၽန္ ေတာ့္ဆီ လာဝယ္တယ္။ ဒါေပမဲ့ လက္မွတ္က (၁၅) ေစာင္ေလာက္ က်န္ေသးတယ္။ ဒါေပမဲ့ မက်န္ ေတာ့ဘူး ေျပာလိုက္တယ္။ အစ္ကိုက အေရးႀကီးလို႔ပါ တစ္ေစာင္ေလာက္ ေရာင္းပါဆိုရင္ ဖုန္းနံပတ္ ထားခဲ့လိုက္ေလ ေျပာမယ္။ ၿပီးရင္ ႏွစ္ရက္ေလာက္ေနေတာ့မွ အစ္ကိုဆီ ဖုန္းဆက္မယ္ မသြားျဖစ္တဲ့ တစ္ေယာက္က လက္မွတ္ျပန္အပ္တယ္ဆိုၿပီး အေၾကာင္းျပခ်က္တစ္ခု ရွာလိုက္တယ္။ ေနာင္မွ ေျပာင္း တင္ေပးတာမို႔လို႔ ပုံမွန္ေဈးမရဘူး။ (၈) သိန္းေတာ့ က်မယ္။ စကားခ်ိဳေလးေတြ သုံးၿပီး ေမွာင္ခိုပုံစံ ေရာင္းေပးလိုက္တာေပါ့” ဟု ၎က ယခင္က အေျခအေနကိုေျပာသည္။
NP News က စုံစမ္းသိရွိရေသာ ေနာက္ဆုံးအခ်က္အလက္မ်ားအရ ဟုမၼလင္းသို႔ ေလေၾကာင္း ခရီးမ်ားမွာ ယခင္ထက္ ပိုမိုလြယ္ကူလာသည္ဟု သိရသည္။ သို႔ေသာ္ ဆက္လက္ေစာင့္ၾကည့္ရဦးမည့္ အေနအထား ျဖစ္သည္။ ထိုသို႔ ခက္ခဲေနေသာ ဟုမၼလင္းၿမိဳ႕အတြက္ ကုန္ေဈးႏႈန္း ႀကီးျမင့္သည္ ဆိုျခင္း မွာ ေျမႀကီးလက္ခတ္မလြဲ ျဖစ္ကို ျဖစ္လာရမည့္ကိစၥ ျဖစ္ေပေတာ့သည္။
“ေဈးကအျပန္ ဝယ္ခဲ့ရတဲ့ ေဈးေလးေတြကိုေျပာမယ္။ ၾကက္ဥက တစ္ေသာင္းဖိုး ခုႏွစ္လုံး ရ တယ္။ ကန္စြန္း႐ြက္က သုံးစည္းကိုတစ္ေထာင္”ဟု ဟုမၼလင္းၿမိဳ႕နယ္အတြင္း ေနထိုင္သူတစ္ဦးက ၎ တို႔ၿမိဳ႕၏ ေဈးအေျခအေနကိုေျပာျပေသာ ဗီဒီယိုဖိုင္တစ္ခုကို အင္တာနက္ လူမႈကြန္ရက္တြင္ ေတြ႕ရ သည္။ အဆိုပါ အမ်ိဳးသမီးက တစ္ေသာင္းေက်ာ္အထိ ပိုက္ဆံသုံးကာ ဝယ္ခဲ့ေသာ ဟင္းခ်က္စရာမ်ားမွာ ၾကက္ဥႏွင့္ ဆူးပုတ္႐ြက္ ေရာေၾကာ္မည့္ ဟင္းတစ္ခြက္အတြက္သာ ျဖစ္သည္။ အဆိုပါ ဗြီဒီယို ကိုတင္ခ်ိန္ က (၂၆-၁၀-၂၀၂၅) ရက္တြင္ျဖစ္သည္။
ယင္းေနာက္ အဆိုပါ အမ်ိဳးသမီးကပင္ ႏိုဝင္ဘာလ၊ (၁၈) ရက္တြင္ ဗီဒီယိုတစ္ခုတင္ျပန္ရာ ယင္း အခ်ိန္တြင္မူ ၾကက္ဥ ကိုးလုံးအတြက္ တစ္ေသာင္းခြဲအထိပင္ ေဈးတက္သြားသည္ကို ေတြ႕ျမင္ရသည္။ အေျခခံ စိုက္ပ်ိဳးေရးျဖစ္ထြန္းရာ ေဒသမ်ားေသာေၾကာင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ေဒသအတြင္း ျပန္ လည္ေရာင္းခ်ၾကေသာေၾကာင့္သာ ျပည္သူမ်ားအတြက္ ခံသာေနသည္ဟု တြက္ဆရေပေတာ့မည္။ ဟုမၼလင္းၿမိဳ႕နယ္အတြင္းေနထိုင္ေသာ ေဒသခံမ်ားအတြက္ အပူတို႔သည္ ၿငိမ္းခ်မ္းရာ ေဒသမွလူတို႔ထက္ ပိုမိုႀကီးမားေပလိမ့္မည္။ အပူႏွင့္အတူ သက္ျပင္းခ်သံတို႔ကလည္း ေရာေႏွာေနမည္မွာ ေဗဒင္ေမးစရာ လို လိမ့္မည္မဟုတ္ေပ။ သို႔ေသာ္ က်ည္ဆန္ကို ကိုးကြယ္သူမ်ားကိုမူကား ယင္းအပူသည္ ဟပ္ပင္ဟပ္ လိမ့္ မည္ မဟုတ္ေပ။

Related news

© 2021. All rights reserved.