စစ်သင်္ဘောအသစ်တွေအတွက် အစီအစဉ်တွေကို ဒေါ်နယ်ထရမ့် ထုတ်ပြန်ပြသ

1244

Pika (NP News) - ဒီဇင်ဘာ ၂၄
အမေရိကန်ရေတပ်ရဲ့ရွှေရောင်ရေယာဉ်စုအတွက် စစ်သင်္ဘောအမျိုးအစားအသစ်တစ်ခုကို မိတ်ဆက်ပေးမယ့် အစီအစဉ်တွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အဲဒီစစ်သင်္ဘောအမျိုးအစားဟာ တည်ဆောက်ခဲ့ဖူးသမျှထဲမှာ အကြီးဆုံးနဲ့ အစွမ်းအထက်ဆုံးဖြစ်လိမ့်မယ်လို့ လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ရွှေရောင်ရေယာဉ်စုအတွက် သင်္ဘောအသစ်နှစ်စီးကို စတင်အသုံးပြုဖို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီး (၂၅)စင်း အထိ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ခေတ် Iowa-class သင်္ဘောတွေထက်ပိုကြီးတဲ့ Trump-classသင်္ဘောတွေဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့လေဆာတွေလက်နက်တွေကို သယ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အားလုံးလည်းသိကြတဲ့အတိုင်း ကျွန်တော်တို့မှာ သင်္ဘောတွေအရမ်းကို လိုအပ်နေပါတယ်။ သင်္ဘောအသစ်တွေဟာ တည်ဆောက်ခဲ့ဖူးသမျှ သင်္ဘောတွေအားလုံးထက် ပိုမြန်ပိုကြီးပြီး အဆ(၁ဝဝ)လောက် ပိုပြီး အစွမ်းထက်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ လူလိုက်ပါတာနဲ့ လူလိုက်ပါတာမျိုးမရှိတဲ့ သင်္ဘောတွေနဲ့အတူ ကျယ်ပြန်တဲ့ရေတပ်တိုးချဲ့မှုအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စစ္သေဘၤာအသစ္ေတြအတြက္ အစီအစဥ္ေတြကို ေဒၚနယ္ထရမ့္ ထုတ္ျပန္ျပသ
Pika (NP News) - ဒီဇင္ဘာ ၂၄
အေမရိကန္ေရတပ္ရဲ႕ေ႐ႊေရာင္ေရယာဥ္စုအတြက္ စစ္သေဘၤာအမ်ိဳးအစားအသစ္တစ္ခုကို မိတ္ဆက္ေပးမယ့္ အစီအစဥ္ေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အဲဒီစစ္သေဘၤာအမ်ိဳးအစားဟာ တည္ေဆာက္ခဲ့ဖူးသမွ်ထဲမွာ အႀကီးဆုံးနဲ႔ အစြမ္းအထက္ဆုံးျဖစ္လိမ့္မယ္လို႔ လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေ႐ႊေရာင္ေရယာဥ္စုအတြက္ သေဘၤာအသစ္ႏွစ္စီးကို စတင္အသုံးျပဳဖို႔ ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီး (၂၅)စင္း အထိ အသုံးျပဳသြားဖို႔ စီစဥ္ထားတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။
ဒုတိယကမာၻစစ္ေခတ္ Iowa-class သေဘၤာေတြထက္ပိုႀကီးတဲ့ Trump-classသေဘၤာေတြဟာ အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြ၊ စက္ေသနတ္ေတြနဲ႔ေလဆာေတြလက္နက္ေတြကို သယ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အားလုံးလည္းသိၾကတဲ့အတိုင္း ကြၽန္ေတာ္တို႔မွာ သေဘၤာေတြအရမ္းကို လိုအပ္ေနပါတယ္။ သေဘၤာအသစ္ေတြဟာ တည္ေဆာက္ခဲ့ဖူးသမွ် သေဘၤာေတြအားလုံးထက္ ပိုျမန္ပိုႀကီးၿပီး အဆ(၁ဝဝ)ေလာက္ ပိုၿပီး အစြမ္းထက္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီအစီအစဥ္ဟာ လူလိုက္ပါတာနဲ႔ လူလိုက္ပါတာမ်ိဳးမရွိတဲ့ သေဘၤာေတြနဲ႔အတူ က်ယ္ျပန္တဲ့ေရတပ္တိုးခ်ဲ႕မႈအစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။