အရှေ့ပစိဖိတ်မှာသွားလာနေတဲ့ နောက်ထပ်မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို အမေရိကန်တိုက်ခိုက်ဖျက်ဆီး

 245

Pika (NP News) - ဒီဇင်ဘာ ၂၄

အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သွားလာနေတဲ့ မူးယစ်မှောင်ခိုသင်္ဘောလို့ ယူဆရတဲ့သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှု အတွင်း မူးယစ်မှောင်ခိုသင်္ဘောပေါ်က လူ(၁)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က “အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သွားလာနေတဲ့သင်္ဘောဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ထောက်လှမ်းရေးအချက်အလက်တွေက အတည်ပြုနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်စစ်တပ်တိုက်ခိုက်ခဲ့တဲ့သင်္ဘောက မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေ တယ်ဆိုတဲ့သက်သေအထောက်အထားတွေကို အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြသခဲ့တာမျိုးမရှိခဲ့ဘူး လို့လည်း သိရပါတယ်။ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြသခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ မူးယစ်မှောင်ခိုသင်္ဘောလို့ ယူဆရတဲ့သင်္ဘောက ရုတ်တရက်ပေါက်ကွဲပျက်စီးသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကနေစတင်ပြီး မူးယစ်မှောင်ခိုသင်္ဘောလို့ ယူဆရဲ့သင်္ဘောတွေကို အမေရိကန်ရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၁ဝ၅)ဦးအထိ ရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေရွ႕ပစိဖိတ္မွာသြားလာေနတဲ့ ေနာက္ထပ္မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို အေမရိကန္တိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ဒီဇင္ဘာ ၂၄
အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ သြားလာေနတဲ့ မူးယစ္ေမွာင္ခိုသေဘၤာလို႔ ယူဆရတဲ့သေဘၤာတစ္စီးကို အေမရိကန္ စစ္တပ္က တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အေမရိကန္စစ္တပ္ရဲ႕တိုက္ခိုက္မႈ အတြင္း မူးယစ္ေမွာင္ခိုသေဘၤာေပၚက လူ(၁)ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က “အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ သြားလာေနတဲ့သေဘၤာဟာ မူးယစ္ေဆးဝါးလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ေနတယ္ဆိုတာကို ေထာက္လွမ္းေရးအခ်က္အလက္ေတြက အတည္ျပဳႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္စစ္တပ္တိုက္ခိုက္ခဲ့တဲ့သေဘၤာက မူးယစ္ေဆးဝါးလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ေန တယ္ဆိုတဲ့သက္ေသအေထာက္အထားေတြကို အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ျပသခဲ့တာမ်ိဳးမရွိခဲ့ဘူး လို႔လည္း သိရပါတယ္။ အေမရိကန္စစ္တပ္က ထုတ္ျပန္ျပသခဲ့တဲ့ဗီဒီယိုဖိုင္တစ္ခုမွာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ ယူဆရတဲ့သေဘၤာက ႐ုတ္တရက္ေပါက္ကြဲပ်က္စီးသြားတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလကေနစတင္ၿပီး မူးယစ္ေမွာင္ခိုသေဘၤာလို႔ ယူဆရဲ႕သေဘၤာေတြကို အေမရိကန္ရဲ႕ ဆက္တိုက္တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁ဝ၅)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.