ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်နဲ့ပစ်ခတ်မှုတို့ကြောင့် ရဲ(၅)ဦး သေဆုံး

 96

Pika (NP News) - ဒီဇင်ဘာ ၂၄

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရဲတပ်ဖွဲ့တွေလိုက်ပါလာတဲ့ကားတစ်စီး ချုံခိုတိုက်ခိုက်ခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ပြန်လည်ပေါ်ပေါက်လာမှုနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှု တွေ မကြာခဏဖြစ်ပွားလျက်ရှိနေတာလည်းဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေဟာ ရဲ(၄)ဦးနဲ့ ယာဉ်မောင်းတို့ကို သေနတ်နဲ့ပစ်မသတ်ခင် ၎င်းတို့စီးနင်းလာတဲ့ကားကို အရင်ဆုံး ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက တာဝန်ရှိတယ်ဆိုတဲ့အချက်ကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ရှရစ်ဖ်က ပြစ်တင်ရှုတ်ချခဲ့ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု တွေလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ရှီဘတ်ရှရစ်ဖ်က “ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲမှာ အမြဲတမ်းရှေ့တန်းကနေ ပါဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့တဲ့လူတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ဗုံးခြဲတိုက္ခိုက္မႈနဲ႔ ေသနတ္နဲ႔ပစ္ခတ္မႈတို႔ေၾကာင့္ ရဲ(၅)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၂၄
ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ရဲတပ္ဖြဲ႕ေတြလိုက္ပါလာတဲ့ကားတစ္စီး ခ်ဳံခိုတိုက္ခိုက္ခဲ့ရၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္(၅)ဦးေသဆုံးခဲ့တယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္ႏိုင္ငံမွာ စစ္ေသြးႂကြအၾကမ္းဖက္အဖြဲ႕ေတြ ျပန္လည္ေပၚေပါက္လာမႈနဲ႔အတူ အၾကမ္းဖက္တိုက္ခိုက္မႈ ေတြ မၾကာခဏျဖစ္ပြားလ်က္ရွိေနတာလည္းျဖစ္ပါတယ္။
အၾကမ္းဖက္သမားေတြဟာ ရဲ(၄)ဦးနဲ႔ ယာဥ္ေမာင္းတို႔ကို ေသနတ္နဲ႔ပစ္မသတ္ခင္ ၎တို႔စီးနင္းလာတဲ့ကားကို အရင္ဆုံး ဗုံးခြဲတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕အစည္းက တာဝန္ရွိတယ္ဆိုတဲ့အခ်က္ကိုေတာ့ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
အဲဒီတိုက္ခိုက္မႈကို ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွီဘတ္ရွရစ္ဖ္က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး လိုအပ္တဲ့ အေရးယူေဆာင္႐ြက္မႈ ေတြလုပ္ေဆာင္ဖို႔ အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ ရွီဘတ္ရွရစ္ဖ္က “ရဲတပ္ဖြဲ႕ဟာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး စစ္ပြဲမွာ အၿမဲတမ္းေရွ႕တန္းကေန ပါဝင္ခဲ့ပါတယ္။ ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့တဲ့လူေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.