မြန်မာနိုင်ငံ သား ၄ ဦးကို တရုတ်နိုင်ငံထုတ် ဒရုန်းများနဲ့အတူ ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

 280

ဂျန်ဖက်(NP News)-ဒီဇင်ဘာ ၂၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်အနီးမှာ မြန်မာအမျိုးသား ၄ ဦးကို တရုတ်ထုတ် ဒရုန်း ၁၀ စင်းနဲ့အတူ ထိုင်းရဲက ဖမ်းမိထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြလာပါတယ်။မြန်မာအမျိုးသား ၄ ဦးကို ဖမ်းမိခဲ့တဲ့ ဟိုတယ်အခန်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း သုဝဏ္ဏဘူမိလေဆိပ်အနီး ပျံသန်းခဲ့တဲ့ ဒရုန်းတွေကို ထိန်းချုပ်တဲ့အခန်းဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့သံသယရှိခဲ့ပြီးနောက် မကြာမီမှာပဲ အခုဖမ်းဆီးမှု ထွက်ပေါ်လာတာလို့ ဆိုပါတယ်။DJI အမှတ်တံဆိပ်ဒရုန်း ၁၀ စင်းကို တွေ့ရတယ်လို့ လေဆိပ်နယ်မြေရဲစခန်းဖြစ်တဲ့ လက်ခရာဘန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး
ဖမ်းဆီးခံရသူ ၄ ဦးကတော့ ကိုဇွဲထက်အောင်(၃၂နှစ်)၊ ကိုနေလင်းထက်(၂၄)နှစ်၊ ကိုကျော်ဇင်ဟိန်း(၂၁)နှစ်နဲ့ ကိုသိန်းဇော်(၃၄)နှစ်တို့ဖြစ်ကြောင်းသိရပါတယ်။သူတို့ကိုစစ်ဆေးချိန်မှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ငှားရမ်းချက်နဲ့ ထိုင်းမှာ ဒရုန်းတွေလာယူတာလို့ ဖြေထားကြတယ်ဆိုပြီး သတင်းမှာ ဖော်ပြပါတယ်။အဲဒီဒရုန်းတွေကို မြန်မာနိုင်ငံမှာ ကုမ္မဏီလုပ်ငန်းလုပ်ကိုင်နေပြီ ကီဗင်ဇိုဆိုသူထံ ယူသွားပေးရမှာဖြစ်တယ်လို့လည်း ဖမ်းဆီးခံရသူတွေထွက်ဆိုတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ထိုင်းသတင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လေဆိပ်အနီးမှာ ဒရုန်းတွေ ပျံသန်းမှုဖြစ်အပြီး ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက ထိရှလွယ်တဲ့နေရာတွေမှာ ဒရုန်းကျူးကျော်ပျံသန်းတာတွေကို စိစစ်ဖို့ အတည်ပြုအပြီးမှာ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးတာတွေ လုပ်လာတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့က ဝင်စီးခဲ့တဲ့ ဟိုတယ်တည်နေရာဟာ ဒရုန်းတွေကို ထိန်းချုပ်ခဲ့တဲ့နေရာလို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။အခုဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်ပြီး လူဝင်မှုကြီးကြပ်ရေးဗျူရိုက ထိန်းသိမ်းထားတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ဟာ သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်မှုအစိတ်အပိုင်းအဖြစ် ဒရုန်းအစင်းရေ ၂၅၀၀ကိုထပ်မံ ဖမ်းဆီးရခဲ့တယ်လို့ ထိုင်းသတင်းများကဖော်ပြထားပါတယ်။ လေဆိပ်အနီးပျံသန်းနေတဲ့ ဒရုန်းများဟာ ရုရှားကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ ယူကရိန်းဒရုန်းအုပ်စုများ ပုံစံလိုမျိုးဖြစ်နေတာကို သံသယရှိခဲ့ပြီးနောက်ဖမ်းဆီးနိုင်အောင် ကြိုးပမ်းချိန်အတွင်း ဒရုန်းများကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်များက လက်ရှိအချိန်မှာ ဖမ်းဆီးရမိတဲ့ ဒရုန်းအစင်းရေ ၂၅၀၀ နဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေကြောင်း၊ လေဆိပ်အနီး ယ ခင်ပျံသန်းခဲ့ဖူးတဲ့ ဒရုန်းများနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိမရှိဆိုတဲ့အချက်အပြင် ကမ္ဘောဒီးယား ပဋိပက္ခနဲ့ ဆက်နွယ်မှုရှိမရှိဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

Zawgyi Version:
ျမန္မာႏိုင္ငံ သား ၄ ဦးကို တ႐ုတ္ႏိုင္ငံထုတ္ ဒ႐ုန္းမ်ားနဲ႔အတူ ဖမ္းဆီးရမိခဲ့ဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဖက္(NP News)-ဒီဇင္ဘာ ၂၄
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕က သုဝဏၰဘူမိေလဆိပ္အနီးမွာ ျမန္မာအမ်ိဳးသား ၄ ဦးကို တ႐ုတ္ထုတ္ ဒ႐ုန္း ၁၀ စင္းနဲ႔အတူ ထိုင္းရဲက ဖမ္းမိထားတယ္လို႔ ထိုင္းသတင္းေတြက ေဖာ္ျပလာပါတယ္။ျမန္မာအမ်ိဳးသား ၄ ဦးကို ဖမ္းမိခဲ့တဲ့ ဟိုတယ္အခန္းဟာ လြန္ခဲ့တဲ့ရက္ပိုင္းအတြင္း သုဝဏၰဘူမိေလဆိပ္အနီး ပ်ံသန္းခဲ့တဲ့ ဒ႐ုန္းေတြကို ထိန္းခ်ဳပ္တဲ့အခန္းျဖစ္တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕သံသယရွိခဲ့ၿပီးေနာက္ မၾကာမီမွာပဲ အခုဖမ္းဆီးမႈ ထြက္ေပၚလာတာလို႔ ဆိုပါတယ္။DJI အမွတ္တံဆိပ္ဒ႐ုန္း ၁၀ စင္းကို ေတြ႕ရတယ္လို႔ ေလဆိပ္နယ္ေျမရဲစခန္းျဖစ္တဲ့ လက္ခရာဘန္ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားၿပီး
ဖမ္းဆီးခံရသူ ၄ ဦးကေတာ့ ကိုဇြဲထက္ေအာင္(၃၂ႏွစ္)၊ ကိုေနလင္းထက္(၂၄)ႏွစ္၊ ကိုေက်ာ္ဇင္ဟိန္း(၂၁)ႏွစ္နဲ႔ ကိုသိန္းေဇာ္(၃၄)ႏွစ္တို႔ျဖစ္ေၾကာင္းသိရပါတယ္။သူတို႔ကိုစစ္ေဆးခ်ိန္မွာ ျမန္မာႏိုင္ငံသားတစ္ဦးရဲ႕ ငွားရမ္းခ်က္နဲ႔ ထိုင္းမွာ ဒ႐ုန္းေတြလာယူတာလို႔ ေျဖထားၾကတယ္ဆိုၿပီး သတင္းမွာ ေဖာ္ျပပါတယ္။အဲဒီဒ႐ုန္းေတြကို ျမန္မာႏိုင္ငံမွာ ကုမၼဏီလုပ္ငန္းလုပ္ကိုင္ေနၿပီ ကီဗင္ဇိုဆိုသူထံ ယူသြားေပးရမွာျဖစ္တယ္လို႔လည္း ဖမ္းဆီးခံရသူေတြထြက္ဆိုတယ္လို႔ ရဲတပ္ဖြဲ႕ကို ကိုးကားၿပီး ထိုင္းသတင္းက ဆိုပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေလဆိပ္အနီးမွာ ဒ႐ုန္းေတြ ပ်ံသန္းမႈျဖစ္အၿပီး ထိုင္းအမ်ိဳးသားလုံၿခဳံေရးေကာင္စီက ထိရွလြယ္တဲ့ေနရာေတြမွာ ဒ႐ုန္းက်ဴးေက်ာ္ပ်ံသန္းတာေတြကို စိစစ္ဖို႔ အတည္ျပဳအၿပီးမွာ ရဲတပ္ဖြဲ႕က ရွာေဖြစစ္ေဆးတာေတြ လုပ္လာတာျဖစ္ပါတယ္။ရဲတပ္ဖြဲ႕က ဝင္စီးခဲ့တဲ့ ဟိုတယ္တည္ေနရာဟာ ဒ႐ုန္းေတြကို ထိန္းခ်ဳပ္ခဲ့တဲ့ေနရာလို႔ ခန႔္မွန္းခဲ့တာ ျဖစ္ပါတယ္။အခုဖမ္းဆီးခံလိုက္ရတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ ဗီဇာကို ႐ုပ္သိမ္းလိုက္ၿပီး လူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ိုက ထိန္းသိမ္းထားတယ္လို႔ ထိုင္းသတင္းကေဖာ္ျပပါတယ္။ဒါ့အျပင္ ထိုင္းရဲတပ္ဖြဲ႕ဟာ သုဝဏၰဘူမိေလဆိပ္အနီး ဒ႐ုန္းပ်ံသန္းမႈမ်ားကို စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ လုံၿခဳံေရးလုပ္ငန္းမ်ား လုပ္ေဆာင္မႈအစိတ္အပိုင္းအျဖစ္ ဒ႐ုန္းအစင္းေရ ၂၅၀၀ကိုထပ္မံ ဖမ္းဆီးရခဲ့တယ္လို႔ ထိုင္းသတင္းမ်ားကေဖာ္ျပထားပါတယ္။ ေလဆိပ္အနီးပ်ံသန္းေနတဲ့ ဒ႐ုန္းမ်ားဟာ ႐ုရွားကိုပစ္မွတ္ထားတိုက္ခိုက္တဲ့ ယူကရိန္းဒ႐ုန္းအုပ္စုမ်ား ပုံစံလိုမ်ိဳးျဖစ္ေနတာကို သံသယရွိခဲ့ၿပီးေနာက္ဖမ္းဆီးႏိုင္ေအာင္ ႀကိဳးပမ္းခ်ိန္အတြင္း ဒ႐ုန္းမ်ားကို ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ထိုင္းအာဏာပိုင္မ်ားက လက္ရွိအခ်ိန္မွာ ဖမ္းဆီးရမိတဲ့ ဒ႐ုန္းအစင္းေရ ၂၅၀၀ နဲ႔ ပတ္သက္ၿပီးစုံစမ္းစစ္ေဆးေနေၾကာင္း၊ ေလဆိပ္အနီး ယ ခင္ပ်ံသန္းခဲ့ဖူးတဲ့ ဒ႐ုန္းမ်ားနဲ႔ တိုက္႐ိုက္ဆက္ႏြယ္မႈရွိမရွိဆိုတဲ့အခ်က္အျပင္ ကေမာၻဒီးယား ပဋိပကၡနဲ႔ ဆက္ႏြယ္မႈရွိမရွိဆိုတာကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.