“ပြည်သူတွေက သူတို့အတွက် စိတ်ချယုံကြည်ရမယ့်သူကို ရွေးချယ်မယ်လို့ ကျွန်တော်ခန့်မှန်းလို့ရပါတယ်”

136

လာမယ့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ရွေးကောက်ပွဲပထမပိုင်းကို စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုမဲပေးကြမယ်ဆိုတာကို မကြာမီ မြင်တွေ့ရတော့မှာပါ။ ရွေးကောက်ပွဲ ပထမပိုင်းကျင်းပမယ့် မြို့နယ် (၁၀၂) မြို့နယ်ထဲမှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လည်း ပါဝင်နေပါတယ်။ ကျိုက်မရောမြို့နယ်က ယခင်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရှုပ်ထွေးခဲ့တဲ့ နယ်မြေတစ်ခုပါ။ ဒီလို နယ်မြေမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက် ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးမျိုးမြင့်ကို ခုလိုပဲ မေးမြန်းထားပါတယ်။
NP News
မေး- မင်္ဂလာပါခင်ဗျ။ ကျိုက်မရောက ဝင်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလို့ သိရပါတယ်။ တစ်ချက်လောက် မိတ်ဆက်ပေးပါလား ခင်ဗျ။
ဖြေ- ကျွန်တော်က ကျိုက်မရောမြို့နယ်က ဝင်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးမြင့်ဖြစ်ပါတယ် ခင်ဗျ။
မေး- ကျိုက်မရောမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဘာကြောင့် အရွေးချယ်ခံ တာလဲ။ ယခင်က ဘာတွေလုပ်ထားလဲ။
ဖြေ- ကျွန်တော် ကျိုက်မရောမြို့နယ်နဲ့ မွန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်စဉ်တုန်းက ဆောင်ရွက်ခဲ့တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒီမှာရှိတဲ့ ဌာနအနေနဲ့ စွမ်းသလောက်လုပ်ခဲ့တာပါ။ အဲဒီအပြင်ကို လူမှုရေး လုပ်ငန်းတွေအများကြီး ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ၊ ရေတွင်း ဆောက်ပြီး လှူဒါန်းခဲ့ဖူးတာ တွေရှိပါတယ်။ ဒါကြောင့်မို့ ဒီကျိုက်မရောမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။
မေး- ကျွန်တော် ခုနက ကျိုက်မရောမြို့ အဝင်မှာ ကိုယ်စားလှယ်လောင်း စာရင်းတွေ ကြည့်လိုက်ပါတယ်။ တချို့ ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့ နောက်ခံဇစ်မြစ်ကို သေချာ ဖော်ပြထားတာရှိတယ်။ တချို့ကတော့ သေချာမသိရဘူး။ လက်ရှိမှာ ဆောက်လုပ်ရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရတယ်။ ကျိုက်မရောမှာ ယခင်ကရောတာဝန်ကျဖူးတာရှိလား။ ကျိုက်မရောနဲ့ ဘယ်လောက်အထိ နီးစပ်ခဲ့သလဲဆိုတာ သိပါရစေ။
ဖြေ- ယခင် ကျိုက်မရော အတွက်ကို (၁၉၉၆) ခုနှစ်လောက်မှာ ကျွန်တော်က ကျိုက်မရောမြို့မှာ အတ္ထရံကြိုးတံတား လာပြီး ဆောက်လုပ်ခဲ့ဖူးတာရှိပါတယ်။ ဒီလိုနဲ့ ဝန်ထမ်းဘဝဆိုတော့ တာဝန်လှည့်လည်ထမ်းဆောင်ရင်းနဲ့ ပြည်နယ်အဆင့်ရောက်တော့ ပြည်နယ်အင်ယာမှူးကြီးအနေနဲ့ ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီထမ်းဆောင် စဉ်မှာလည်း ကျိုက်မရောမြို့မှာရှိတဲ့ လမ်းတံတားလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ပေးခဲ့ ရတာတွေရှိ ပါတယ်။ ဘာသာရေး လုပ်ငန်းတွေ ဖြစ်တဲ့ ဘုရားတွေ၊ ပြီးတော့ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်လုပ်လှူဒါန်း ခဲ့တာတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့အနေနဲ့ ပြန်လည်အရွေးချယ်ခံခြင်း ဖြစ်ပါတယ်။
မေး- မဲပေးရမယ့်ရက်ကလည်းနီးနေပြီ။ လက်ရှိအနေအထားမှာ လူထုထောက်ခံမှု ရနေပြီ၊ လူထု ယုံကြည်မှုရနေပြီလို့ ကိုယ့်ကိုယ်ကို ယူဆလား။
ဖြေ- ကျွန်တော်က မဲဆွယ်တာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ လိုက်ပြီး တွေ့ဆုံ တာဖြစ်ပါတယ်။ ပြည်သူတွေဆိုတာ ကြားထဲမှာ ကျွန်တော်နဲ့ အလုပ်အတူတူ လုပ်ခဲ့ဖူးသူတွေနဲ့ ပြန်လည်တွေ့ဆုံ မိတ်ဆက်တယ်။ သူတို့နဲ့ ကျွန်တော် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောတယ်။ အဲဒီလိုတွေ့ဆုံတဲ့ အတွက်ကြောင့် ပြည်သူတွေကလည်း ကျွန်တော်က တစ်သားတည်းဖြစ်တဲ့ အတွက် ပြည်သူတွေကလည်း ကျွန်တော်နဲ့ တသားတည်း ဖြစ်တယ်။ ကျွန်တော်အမြင် ပြောရရင် ပြည်သူတွေတော်တော်များများကတော့ ကိုယ့်ဘက်က ရပ်တည်နေတယ်လို့ ထင်ပါတယ် ခင်ဗျ။
မေး- ကျိုက်မရောက ပြည်သူတွေရဲ့ အနေအထားကို ဘယ်လိုမြင်လဲ။ ကျိုက်မရောပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ သဘောထားကို ဘယ်လောက်အထိနားလည်ထားလဲ။
ဖြေ- ကျိုက်မရော ဆိုတာကတော့ ရိုးသားပွင့်လင်းတဲ့ မြို့လေး ဖြစ်ပါတယ်။ ပြည်သူတွေကလေ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှိပြီးတော့ ဗမာတစ်မျိုးသားတည်းမဟုတ်ဘဲ ဗမာ၊ ကရင်၊ မွန် နောက်တခါ အစ္စလာမ်ဘာသာဝင်တွေ အများဆုံး ရှိကြတဲ့ မြို့လည်း ဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ဆန္ဒကတော့ သူတို့ မြို့၊ သူတို့ ဒေသကို အကျိုးပြုမယ့်သူတွေကို မျှော်လင့်နေတာဖြစ်ပါတယ်။ အကျိုးပြုနိုင်မယ့်သူ ဆိုတာ တကယ်ဆောင်ရွက်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို မျှော်လင့်နေတာ ဖြစ်ပါတယ် ခင်ဗျာ။ သူတို့ရဲ့ စိတ်ထားလေးတွေကြည့်ရတာတော့ ကျွန်တော်တို့ ဒီပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲကြီးပြီးသွားရင် သူတို့မြို့နယ်မှာ ဆောင်ရွက်မယ့် သူတို့ ကိုယ်စားလှယ်တွေဟာ သူတို့နဲ့ တစ်သားတည်းရှိ မယ့်သူမျိုးဖြစ်စေချင်တာကို တွေ့ရပါတယ်။
မေး- ကျိုက်မရောမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဆိုတော့ ရွေးကောက်ခံခဲ့ရရင် ကျိုက်မရောအတွက် ပြည်သူ့လွှတ်တော်ကနေ ဘာတွေလုပ်ပေး နိုင်လဲ၊ ဘာတွေတောင်းဆိုပေးလို့ရနိုင်တာ ရှိလဲ။
ဖြေ- ကျွန်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ရင် သူတို့ရဲ့ အခြေ ခံစားဝတ်နေရေး အတွက် လိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်၊ သူတို့ရဲ့ လိုအပ်ချက်တွေ အားလုံး။ နောက် ပညာရေး၊ ကျန်းမာရေး အားလုံး လိုအပ်ချက်တွေကို ညှိနှိုင်းပြီး၊ စုပေါင်းပြီးတော့ လွှတ်တော်မှာ တင်ပြမယ့် အစီစဉ် ရှိပါတယ် ခင်ဗျ။
မေး- ကျိုက်မရောဒေသရဲ့ ရေ၊ မြေ၊ ရာသီဥတုအခြေအနေနဲ့ သူ့ရဲ့ စီးပွားရေးအခြေအနေကို ဘယ်လို နားလည်ထားပါသလဲခင်ဗျ။
ဖြေ- ကျိုက်မရောမြို့နယ်ကတော့ မြို့နယ်တွေအနက် ထူးခြားတဲ့မြို့တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ အလယ်မှာ အတ္ထရံမြစ်ကြီးခံနေပါတယ်။ မြစ်ရဲ့ အရှေ့ခြမ်း၊ အနောက်ခြမ်းဆိုပြီး နှစ်မျိုး ဖြစ်နေပါတယ်။ သူတို့ရဲ့ အခြေအနေကတော့ ကျွန်တော်တင်ပြခဲ့သလိုပဲ ရိုးသားကြိုးစား လုပ်ကိုင် စားသောက်တယ်။ ဘာသာပေါင်းစုံနေထိုင်တယ်။ နေထိုင်ပြီး ဘာသာပေါင်းစုံအားလုံး ရင်းနှီးချစ်ခင်နေတာကို တွေ့ရ ပါတယ်။
မေး- ကျိုက်မရောက ၂၀၂၁ ခုနှစ်အခင်းအကျင်းနဲ့အတူ ကျိုက်မရောရဲ့ အစပ်အဖျား ဒေသတွေမှာ လက်နက်ကိုင်ဆူပူမှုတွေ၊ ပုန်ကန်မှုတွေနဲ့ ဒေသဟာ မတည်မငြိမ်ဖြစ်တော့သယောင် ဖြစ်ခဲ့ရတယ်။ ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်ခဲ့ရတာမျိုးတွေကိုလည်း ကြားသိခဲ့ရတယ်။ အခုလက်ရှိကျိုက်မရောရဲ့ အနေအထားကို ဘယ်လိုနားလည်ထားလို့ရလဲ။
ဖြေ- အခုချိန်မှာတော့ အရင်လိုမဟုတ်တော့ပဲ ကျိုက်မရောက တည်ငြိမ်၊ အေးချမ်းသွားပါပြီ။ ကျိုက်မရောရဲ့ နယ်စပ်တွေကအစ တည်ငြိမ်အေးချမ်းနေပြီး အားလုံးက ကိုယ့်မြို့ကိုယ့်ရွာသာယာရေးအတွက် ပြည်သူတွေကပဲ ဝိုင်းဝန်းပြီးတော့ လုံခြုံရေးကအစ ဝိုင်းဝန်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။
မေး- ကျိုက်မရောမြို့နယ်မှာတင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းက ၆ ယောက်ထက် မနည်း ရှိနေတာကို တွေ့ရပါတယ်။ ပြည်သူလူထုက ဘယ်သူ့ကို ရွေးချယ်ရမယ်လို့ ပြောချင်လဲ။
ဖြေ- ဒီကိုယ်စားလှယ်လောင်းတွေအားလုံးက ပြည်သူ့အတွက် အားလုံး လာလုပ်ကြတာပါပဲ။ ဒါကြောင့် ကျွန်တော် ပြိုင်ဖက်လို့လည်း သဘောမထားပါဘူး။ လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားပါတယ်။ အဲဒီမှာမှ ကျွန်တော်တို့ တစ်ဦးချင်းရဲ့ လုပ်ဆောင်ချက်၊ ရှေ့က လုပ်ဆောင်ချက်၊ လက်ရှိ သူတို့နဲ့ ပေါင်းစပ်နိုင်မှုအား ဒါတွေနဲ့ ပြည်သူတွေက သူတို့အတွက် စိတ်ချယုံကြည်ရမယ့်သူကို ရွေးချယ်မယ်လို့ ကျွန်တော်ခန့်မှန်းလို့ရပါတယ်ခင်ဗျာ။
မေး- ကျိုက်မရောပြည်သူတွေအနေနဲ့ ဦးမျိုးမြင့်က တိုင်းပြည်အတွက် ဘာအားသာချက်ရှိလို့ မဲထည့်သင့်တယ်လို့ ပြောချင်ပါသလဲ။
ဖြေ- တခြားသူတွေရဲ့ အားသာချက်တွေကိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့ရဲ့ အားသာချက် အနေနဲ့ကတော့ ကျိုက်မရောမှာတာဝန်ထမ်းဆောင်ဖူးတယ်။ ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖူးခဲ့တာ တွေရှိတယ်။ အဲဒီ အပြင်ကို ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း ဝန်ထမ်းတာဝန်လို မဟုတ်ပဲနဲ့ အရပ်သား ဒီမြို့နယ်သားလို တာဝန်ထမ်းဆောင်ပါတယ်။ အခုထိလည်း တွေ့တဲ့သူတိုင်းက နှုတ်ဆက်၊ မစိမ်းတဲ့ အနေအထား ရှိနေပါတယ်။ ဒါကြောင့် အားပေးကြလိမ့်မယ်လို့ ယူဆပါတယ်။
မေး- ပြည်သူလူထုက ရွေးကောက်ပွဲကို (၃) ကြိမ်လောက် ကြုံပြီသွားပြီပေါ့။ (၂၀၁၀)၊ (၂၀၁၅)၊ (၂၀၂၀) ပေါ့။ သုံးကြိမ်မှာ နှစ်ကြိမ်ကတော့ လွှတ်တော်ကြီးပေါ်လာတယ်ပေါ့။ မဲထည့်လိုက်တဲ့ နှစ်ကြိမ်လုံးမှာ ပြည်သူတွေက သူတို့ မဲထည့်လိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲထည့်ပြီး ပြန်မတွေ့ရတာများတယ်။ အဲဒီတော့ ပြည်သူတွေက စိတ်ပျက်တာ ရှိတယ်။ အဲဒီတော့ ဦးမျိုးမြင့်အနေနဲ့ ပြည်သူစိတ်ပျက်ရတဲ့ ကိုယ်စားလှယ်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် အာမခံနိုင်လား။
ဖြေ- ကျွန်တော်ကတော့ ရဲရဲကြီး အာမခံရဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရွေးကောက်ခံမှ မဟုတ်ပါဘူး ခင်ဗျ။ ကျွန်တော်က အရင်ကလည်း ပြည်နယ် အင်ဂျင်နီယာမှူးကြီး အဖြစ် ထမ်းဆောင်ပြီးတော့ ရာထူးတိုး ရုံးချုပ်ရောက်ပြီး ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ရလည်း ဒီအရပ်ဒေသကို ခဏခဏပြန်လာ ဖြစ်ပါတယ်။ လာဖြစ်တဲ့အခါကျ ကျွန်တော်နဲ့ တစ်ချိန်က ရင်းနှီးခဲ့တဲ့ ပြည်သူတွေက ကျွန်တော့ဆီ လိုအပ်ချက်တွေ လာပြီး တင်ပြတယ်။ အမြဲတမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော် ရွေးကောက်ခံရလည်း ကိုယ်စားလှယ် ဖြစ်သွားလို့ ဒီနယ်အတွက်တော့ လုံးဝ ကျန်ခဲ့မှာ မဟုတ်ပါဘူး ခင်ဗျာ။ ဒီမေးခွန်းကိုလည်း ကျွန်တော် တော်တော်သဘောကျပါတယ်။ တော်တော်များများက စည်းရုံးရေးဆင်းတဲ့ အခါမှာလည်း ပြည်သူတွေက နားလည်နေကြပါပြီ။ လာဧည့်ခံပြောတယ်၊ ပြီးရင် ပျောက်သွားတဲ့ အရပ်ဒေသတွေက များပါတယ်။ လူတွေက ဒါကိုလည်း တော်တော်တော့ သိရှိပြီး ဖြစ်နေပါပြီ။
မေး- နောက်ဆုံးမေးခွန်းအနေနဲ့ ရွေးကောက်ပွဲကလည်း ရက်ပိုင်းလောက်ပဲ လိုတော့တာဆိုတော့ ကိုယ့်ကို မဲထည့်မလား၊ သူများကို မဲထည့်မလား မသိရသေးပေမယ့် ကျိုက်မရောမြို့က မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းမှာ ဘာသတင်းစကားပေးချင်ပါသလဲ။
ဖြေ- အဓိက ကျွန်တော်ပြောချင်တာက ကျွန်တော့်ကို မဲထည့်ဖို့ရယ် မဟုတ်ပါဘူး။ အားလုံး သူတို့ရဲ့ အခွင့်အရေး တစ်ရပ်ပေါ့ ဒါ ကျွန်တော် ရွေးကောက်ပွဲ ဆိုတာ လူတစ်ဦးတစ်ယောက် ရဲ့ အခွင့်အရေး တစ်ရပ်ပါ။ ဒါကြောင့် အားလုံးက လက်မလွှတ်ပဲ မဲထည့်နိုင်အောင်ပဲ ပြောပါတယ်။ ပြီးတော့ သူတို့ကို တကယ် အလုပ်အကျွေးပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
“ျပည္သူေတြက သူတို႔အတြက္ စိတ္ခ်ယုံၾကည္ရမယ့္သူကို ေ႐ြးခ်ယ္မယ္လို႔ ကြၽန္ေတာ္ခန႔္မွန္းလို႔ရပါတယ္”
လာမယ့္ ဒီဇင္ဘာလ (၂၈) ရက္ေန႔မွာ ေ႐ြးေကာက္ပြဲပထမပိုင္းကို စတင္က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ဘယ္သူေတြ ဘယ္လိုမဲေပးၾကမယ္ဆိုတာကို မၾကာမီ ျမင္ေတြ႕ရေတာ့မွာပါ။ ေ႐ြးေကာက္ပြဲ ပထမပိုင္းက်င္းပမယ့္ ၿမိဳ႕နယ္ (၁၀၂) ၿမိဳ႕နယ္ထဲမွာ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ လည္း ပါဝင္ေနပါတယ္။ က်ိဳက္မေရာၿမိဳ႕နယ္က ယခင္က လက္နက္ကိုင္ပဋိပကၡေတြနဲ႔ ရႈပ္ေထြးခဲ့တဲ့ နယ္ေျမတစ္ခုပါ။ ဒီလို နယ္ေျမမွာ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြထဲက တစ္ေယာက္ ျဖစ္တဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီကို ကိုယ္စားျပဳၿပီး ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ ဦးမ်ိဳးျမင့္ကို ခုလိုပဲ ေမးျမန္းထားပါတယ္။
NP News
ေမး- မဂၤလာပါခင္ဗ်။ က်ိဳက္မေရာက ဝင္ၿပိဳင္မယ့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းလို႔ သိရပါတယ္။ တစ္ခ်က္ေလာက္ မိတ္ဆက္ေပးပါလား ခင္ဗ်။
ေျဖ- ကြၽန္ေတာ္က က်ိဳက္မေရာၿမိဳ႕နယ္က ဝင္ၿပိဳင္မယ့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးျမင့္ျဖစ္ပါတယ္ ခင္ဗ်။
ေမး- က်ိဳက္မေရာၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအေနနဲ႔ ဘာေၾကာင့္ အေ႐ြးခ်ယ္ခံ တာလဲ။ ယခင္က ဘာေတြလုပ္ထားလဲ။
ေျဖ- ကြၽန္ေတာ္ က်ိဳက္မေရာၿမိဳ႕နယ္နဲ႔ မြန္ျပည္နယ္မွာ တာဝန္ထမ္းေဆာင္စဥ္တုန္းက ေဆာင္႐ြက္ခဲ့တဲ့ အခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ ဒီမွာရွိတဲ့ ဌာနအေနနဲ႔ စြမ္းသေလာက္လုပ္ခဲ့တာပါ။ အဲဒီအျပင္ကို လူမႈေရး လုပ္ငန္းေတြအမ်ားႀကီး ေဆာင္႐ြက္ခဲ့ဖူးပါတယ္။ ေဆး႐ုံေတြ၊ ေက်ာင္းေတြ၊ ေရတြင္း ေဆာက္ၿပီး လႉဒါန္းခဲ့ဖူးတာ ေတြရွိပါတယ္။ ဒါေၾကာင့္မို႔ ဒီက်ိဳက္မေရာၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ပါတယ္။
ေမး- ကြၽန္ေတာ္ ခုနက က်ိဳက္မေရာၿမိဳ႕ အဝင္မွာ ကိုယ္စားလွယ္ေလာင္း စာရင္းေတြ ၾကည့္လိုက္ပါတယ္။ တခ်ိဳ႕ ကိုယ္စားလွယ္ေလာင္းေတြက သူတို႔ရဲ႕ ေနာက္ခံဇစ္ျမစ္ကို ေသခ်ာ ေဖာ္ျပထားတာရွိတယ္။ တခ်ိဳ႕ကေတာ့ ေသခ်ာမသိရဘူး။ လက္ရွိမွာ ေဆာက္လုပ္ေရးဒုဝန္ႀကီး အျဖစ္ တာဝန္ထမ္းေဆာင္ေနတယ္လို႔ သိရတယ္။ က်ိဳက္မေရာမွာ ယခင္ကေရာတာဝန္က်ဖူးတာရွိလား။ က်ိဳက္မေရာနဲ႔ ဘယ္ေလာက္အထိ နီးစပ္ခဲ့သလဲဆိုတာ သိပါရေစ။
ေျဖ- ယခင္ က်ိဳက္မေရာ အတြက္ကို (၁၉၉၆) ခုႏွစ္ေလာက္မွာ ကြၽန္ေတာ္က က်ိဳက္မေရာၿမိဳ႕မွာ အတၳရံႀကိဳးတံတား လာၿပီး ေဆာက္လုပ္ခဲ့ဖူးတာရွိပါတယ္။ ဒီလိုနဲ႔ ဝန္ထမ္းဘဝဆိုေတာ့ တာဝန္လွည့္လည္ထမ္းေဆာင္ရင္းနဲ႔ ျပည္နယ္အဆင့္ေရာက္ေတာ့ ျပည္နယ္အင္ယာမႉးႀကီးအေနနဲ႔ ထမ္းေဆာင္ခဲ့ရပါတယ္။ အဲဒီထမ္းေဆာင္ စဥ္မွာလည္း က်ိဳက္မေရာၿမိဳ႕မွာရွိတဲ့ လမ္းတံတားလုပ္ငန္းေတြမွာ တာဝန္ထမ္းေဆာင္ေပးခဲ့ ရတာေတြရွိ ပါတယ္။ ဘာသာေရး လုပ္ငန္းေတြ ျဖစ္တဲ့ ဘုရားေတြ၊ ၿပီးေတာ့ လူမႈေရးလုပ္ငန္းေတြျဖစ္တဲ့ ေဆး႐ုံေတြ၊ ေက်ာင္းေတြ ေဆာက္လုပ္လႉဒါန္း ခဲ့တာေတြရွိတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ့အေနနဲ႔ ျပန္လည္အေ႐ြးခ်ယ္ခံျခင္း ျဖစ္ပါတယ္။
ေမး- မဲေပးရမယ့္ရက္ကလည္းနီးေနၿပီ။ လက္ရွိအေနအထားမွာ လူထုေထာက္ခံမႈ ရေနၿပီ၊ လူထု ယုံၾကည္မႈရေနၿပီလို႔ ကိုယ့္ကိုယ္ကို ယူဆလား။
ေျဖ- ကြၽန္ေတာ္က မဲဆြယ္တာ မဟုတ္ပါဘူး။ ျပည္သူေတြနဲ႔ လိုက္ၿပီး ေတြ႕ဆုံ တာျဖစ္ပါတယ္။ ျပည္သူေတြဆိုတာ ၾကားထဲမွာ ကြၽန္ေတာ္နဲ႔ အလုပ္အတူတူ လုပ္ခဲ့ဖူးသူေတြနဲ႔ ျပန္လည္ေတြ႕ဆုံ မိတ္ဆက္တယ္။ သူတို႔နဲ႔ ကြၽန္ေတာ္ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ျပန္ေျပာတယ္။ အဲဒီလိုေတြ႕ဆုံတဲ့ အတြက္ေၾကာင့္ ျပည္သူေတြကလည္း ကြၽန္ေတာ္က တစ္သားတည္းျဖစ္တဲ့ အတြက္ ျပည္သူေတြကလည္း ကြၽန္ေတာ္နဲ႔ တသားတည္း ျဖစ္တယ္။ ကြၽန္ေတာ္အျမင္ ေျပာရရင္ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ့္ဘက္က ရပ္တည္ေနတယ္လို႔ ထင္ပါတယ္ ခင္ဗ်။
ေမး- က်ိဳက္မေရာက ျပည္သူေတြရဲ႕ အေနအထားကို ဘယ္လိုျမင္လဲ။ က်ိဳက္မေရာျပည္သူေတြရဲ႕ စိတ္ေနစိတ္ထား၊ သေဘာထားကို ဘယ္ေလာက္အထိနားလည္ထားလဲ။
ေျဖ- က်ိဳက္မေရာ ဆိုတာကေတာ့ ႐ိုးသားပြင့္လင္းတဲ့ ၿမိဳ႕ေလး ျဖစ္ပါတယ္။ ျပည္သူေတြကေလ ႐ိုး႐ိုးသားသား ပြင့္ပြင့္လင္းလင္း ရွိၿပီးေတာ့ ဗမာတစ္မ်ိဳးသားတည္းမဟုတ္ဘဲ ဗမာ၊ ကရင္၊ မြန္ ေနာက္တခါ အစၥလာမ္ဘာသာဝင္ေတြ အမ်ားဆုံး ရွိၾကတဲ့ ၿမိဳ႕လည္း ျဖစ္ပါတယ္။ သူတို႔အားလုံးရဲ႕ဆႏၵကေတာ့ သူတို႔ ၿမိဳ႕၊ သူတို႔ ေဒသကို အက်ိဳးျပဳမယ့္သူေတြကို ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ အက်ိဳးျပဳႏိုင္မယ့္သူ ဆိုတာ တကယ္ေဆာင္႐ြက္ေပးႏိုင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကို ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။ သူတို႔ရဲ႕ စိတ္ထားေလးေတြၾကည့္ရတာေတာ့ ကြၽန္ေတာ္တို႔ ဒီပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ ပြဲႀကီးၿပီးသြားရင္ သူတို႔ၿမိဳ႕နယ္မွာ ေဆာင္႐ြက္မယ့္ သူတို႔ ကိုယ္စားလွယ္ေတြဟာ သူတို႔နဲ႔ တစ္သားတည္းရွိ မယ့္သူမ်ိဳးျဖစ္ေစခ်င္တာကို ေတြ႕ရပါတယ္။
ေမး- က်ိဳက္မေရာၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာဆိုေတာ့ ေ႐ြးေကာက္ခံခဲ့ရရင္ က်ိဳက္မေရာအတြက္ ျပည္သူ႔လႊတ္ေတာ္ကေန ဘာေတြလုပ္ေပး ႏိုင္လဲ၊ ဘာေတြေတာင္းဆိုေပးလို႔ရႏိုင္တာ ရွိလဲ။
ေျဖ- ကြၽန္ေတာ္ ကိုယ္စားလွယ္ျဖစ္ခဲ့ရင္ သူတို႔ရဲ႕ အေျခ ခံစားဝတ္ေနေရး အတြက္ လိုအပ္ခ်က္၊ လမ္းပန္းဆက္သြယ္ေရး လိုအပ္ခ်က္၊ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြ အားလုံး။ ေနာက္ ပညာေရး၊ က်န္းမာေရး အားလုံး လိုအပ္ခ်က္ေတြကို ညႇိႏႈိင္းၿပီး၊ စုေပါင္းၿပီးေတာ့ လႊတ္ေတာ္မွာ တင္ျပမယ့္ အစီစဥ္ ရွိပါတယ္ ခင္ဗ်။
ေမး- က်ိဳက္မေရာေဒသရဲ႕ ေရ၊ ေျမ၊ ရာသီဥတုအေျခအေနနဲ႔ သူ႔ရဲ႕ စီးပြားေရးအေျခအေနကို ဘယ္လို နားလည္ထားပါသလဲခင္ဗ်။
ေျဖ- က်ိဳက္မေရာၿမိဳ႕နယ္ကေတာ့ ၿမိဳ႕နယ္ေတြအနက္ ထူးျခားတဲ့ၿမိဳ႕တစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ႕ အလယ္မွာ အတၳရံျမစ္ႀကီးခံေနပါတယ္။ ျမစ္ရဲ႕ အေရွ႕ျခမ္း၊ အေနာက္ျခမ္းဆိုၿပီး ႏွစ္မ်ိဳး ျဖစ္ေနပါတယ္။ သူတို႔ရဲ႕ အေျခအေနကေတာ့ ကြၽန္ေတာ္တင္ျပခဲ့သလိုပဲ ႐ိုးသားႀကိဳးစား လုပ္ကိုင္ စားေသာက္တယ္။ ဘာသာေပါင္းစုံေနထိုင္တယ္။ ေနထိုင္ၿပီး ဘာသာေပါင္းစုံအားလုံး ရင္းႏွီးခ်စ္ခင္ေနတာကို ေတြ႕ရ ပါတယ္။
ေမး- က်ိဳက္မေရာက ၂၀၂၁ ခုႏွစ္အခင္းအက်င္းနဲ႔အတူ က်ိဳက္မေရာရဲ႕ အစပ္အဖ်ား ေဒသေတြမွာ လက္နက္ကိုင္ဆူပူမႈေတြ၊ ပုန္ကန္မႈေတြနဲ႔ ေဒသဟာ မတည္မၿငိမ္ျဖစ္ေတာ့သေယာင္ ျဖစ္ခဲ့ရတယ္။ ေဒသခံေတြအေနနဲ႔ စိုးရိမ္ပူပန္ခဲ့ရတာမ်ိဳးေတြကိုလည္း ၾကားသိခဲ့ရတယ္။ အခုလက္ရွိက်ိဳက္မေရာရဲ႕ အေနအထားကို ဘယ္လိုနားလည္ထားလို႔ရလဲ။
ေျဖ- အခုခ်ိန္မွာေတာ့ အရင္လိုမဟုတ္ေတာ့ပဲ က်ိဳက္မေရာက တည္ၿငိမ္၊ ေအးခ်မ္းသြားပါၿပီ။ က်ိဳက္မေရာရဲ႕ နယ္စပ္ေတြကအစ တည္ၿငိမ္ေအးခ်မ္းေနၿပီး အားလုံးက ကိုယ့္ၿမိဳ႕ကိုယ့္႐ြာသာယာေရးအတြက္ ျပည္သူေတြကပဲ ဝိုင္းဝန္းၿပီးေတာ့ လုံၿခဳံေရးကအစ ဝိုင္းဝန္းေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။
ေမး- က်ိဳက္မေရာၿမိဳ႕နယ္မွာတင္ ၿပိဳင္ဘက္ ကိုယ္စားလွယ္ေလာင္းက ၆ ေယာက္ထက္ မနည္း ရွိေနတာကို ေတြ႕ရပါတယ္။ ျပည္သူလူထုက ဘယ္သူ႔ကို ေ႐ြးခ်ယ္ရမယ္လို႔ ေျပာခ်င္လဲ။
ေျဖ- ဒီကိုယ္စားလွယ္ေလာင္းေတြအားလုံးက ျပည္သူ႔အတြက္ အားလုံး လာလုပ္ၾကတာပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္ ၿပိဳင္ဖက္လို႔လည္း သေဘာမထားပါဘူး။ လုပ္ေဖာ္ကိုင္ဖက္လို႔ပဲ သေဘာထားပါတယ္။ အဲဒီမွာမွ ကြၽန္ေတာ္တို႔ တစ္ဦးခ်င္းရဲ႕ လုပ္ေဆာင္ခ်က္၊ ေရွ႕က လုပ္ေဆာင္ခ်က္၊ လက္ရွိ သူတို႔နဲ႔ ေပါင္းစပ္ႏိုင္မႈအား ဒါေတြနဲ႔ ျပည္သူေတြက သူတို႔အတြက္ စိတ္ခ်ယုံၾကည္ရမယ့္သူကို ေ႐ြးခ်ယ္မယ္လို႔ ကြၽန္ေတာ္ခန႔္မွန္းလို႔ရပါတယ္ခင္ဗ်ာ။
ေမး- က်ိဳက္မေရာျပည္သူေတြအေနနဲ႔ ဦးမ်ိဳးျမင့္က တိုင္းျပည္အတြက္ ဘာအားသာခ်က္ရွိလို႔ မဲထည့္သင့္တယ္လို႔ ေျပာခ်င္ပါသလဲ။
ေျဖ- တျခားသူေတြရဲ႕ အားသာခ်က္ေတြကိုေတာ့ ကြၽန္ေတာ္မသိပါဘူး။ ကြၽန္ေတာ့ရဲ႕ အားသာခ်က္ အေနနဲ႔ကေတာ့ က်ိဳက္မေရာမွာတာဝန္ထမ္းေဆာင္ဖူးတယ္။ ျပည္နယ္မွာ တာဝန္ထမ္းေဆာင္ဖူးခဲ့တာ ေတြရွိတယ္။ အဲဒီ အျပင္ကို ကြၽန္ေတာ္ တာဝန္ထမ္းေဆာင္တဲ့ အခ်ိန္မွာလည္း ဝန္ထမ္းတာဝန္လို မဟုတ္ပဲနဲ႔ အရပ္သား ဒီၿမိဳ႕နယ္သားလို တာဝန္ထမ္းေဆာင္ပါတယ္။ အခုထိလည္း ေတြ႕တဲ့သူတိုင္းက ႏႈတ္ဆက္၊ မစိမ္းတဲ့ အေနအထား ရွိေနပါတယ္။ ဒါေၾကာင့္ အားေပးၾကလိမ့္မယ္လို႔ ယူဆပါတယ္။
ေမး- ျပည္သူလူထုက ေ႐ြးေကာက္ပြဲကို (၃) ႀကိမ္ေလာက္ ႀကဳံၿပီသြားၿပီေပါ့။ (၂၀၁၀)၊ (၂၀၁၅)၊ (၂၀၂၀) ေပါ့။ သုံးႀကိမ္မွာ ႏွစ္ႀကိမ္ကေတာ့ လႊတ္ေတာ္ႀကီးေပၚလာတယ္ေပါ့။ မဲထည့္လိုက္တဲ့ ႏွစ္ႀကိမ္လုံးမွာ ျပည္သူေတြက သူတို႔ မဲထည့္လိုက္တဲ့ ကိုယ္စားလွယ္ေလာင္းကို မဲထည့္ၿပီး ျပန္မေတြ႕ရတာမ်ားတယ္။ အဲဒီေတာ့ ျပည္သူေတြက စိတ္ပ်က္တာ ရွိတယ္။ အဲဒီေတာ့ ဦးမ်ိဳးျမင့္အေနနဲ႔ ျပည္သူစိတ္ပ်က္ရတဲ့ ကိုယ္စားလွယ္မျဖစ္ဘူးလို႔ ကိုယ့္ကိုကိုယ္ အာမခံႏိုင္လား။
ေျဖ- ကြၽန္ေတာ္ကေတာ့ ရဲရဲႀကီး အာမခံရဲပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္ ေ႐ြးေကာက္ခံမွ မဟုတ္ပါဘူး ခင္ဗ်။ ကြၽန္ေတာ္က အရင္ကလည္း ျပည္နယ္ အင္ဂ်င္နီယာမႉးႀကီး အျဖစ္ ထမ္းေဆာင္ၿပီးေတာ့ ရာထူးတိုး ႐ုံးခ်ဳပ္ေရာက္ၿပီး ႐ုံးခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ရလည္း ဒီအရပ္ေဒသကို ခဏခဏျပန္လာ ျဖစ္ပါတယ္။ လာျဖစ္တဲ့အခါက် ကြၽန္ေတာ္နဲ႔ တစ္ခ်ိန္က ရင္းႏွီးခဲ့တဲ့ ျပည္သူေတြက ကြၽန္ေတာ့ဆီ လိုအပ္ခ်က္ေတြ လာၿပီး တင္ျပတယ္။ အၿမဲတမ္း ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ ေ႐ြးေကာက္ခံရလည္း ကိုယ္စားလွယ္ ျဖစ္သြားလို႔ ဒီနယ္အတြက္ေတာ့ လုံးဝ က်န္ခဲ့မွာ မဟုတ္ပါဘူး ခင္ဗ်ာ။ ဒီေမးခြန္းကိုလည္း ကြၽန္ေတာ္ ေတာ္ေတာ္သေဘာက်ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက စည္း႐ုံးေရးဆင္းတဲ့ အခါမွာလည္း ျပည္သူေတြက နားလည္ေနၾကပါၿပီ။ လာဧည့္ခံေျပာတယ္၊ ၿပီးရင္ ေပ်ာက္သြားတဲ့ အရပ္ေဒသေတြက မ်ားပါတယ္။ လူေတြက ဒါကိုလည္း ေတာ္ေတာ္ေတာ့ သိရွိၿပီး ျဖစ္ေနပါၿပီ။
ေမး- ေနာက္ဆုံးေမးခြန္းအေနနဲ႔ ေ႐ြးေကာက္ပြဲကလည္း ရက္ပိုင္းေလာက္ပဲ လိုေတာ့တာဆိုေတာ့ ကိုယ့္ကို မဲထည့္မလား၊ သူမ်ားကို မဲထည့္မလား မသိရေသးေပမယ့္ က်ိဳက္မေရာၿမိဳ႕က မဲဆႏၵရွင္ေတြကို ေ႐ြးေကာက္ပြဲ မက်င္းပမီ ရက္ပိုင္းမွာ ဘာသတင္းစကားေပးခ်င္ပါသလဲ။
ေျဖ- အဓိက ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ့္ကို မဲထည့္ဖို႔ရယ္ မဟုတ္ပါဘူး။ အားလုံး သူတို႔ရဲ႕ အခြင့္အေရး တစ္ရပ္ေပါ့ ဒါ ကြၽန္ေတာ္ ေ႐ြးေကာက္ပြဲ ဆိုတာ လူတစ္ဦးတစ္ေယာက္ ရဲ႕ အခြင့္အေရး တစ္ရပ္ပါ။ ဒါေၾကာင့္ အားလုံးက လက္မလႊတ္ပဲ မဲထည့္ႏိုင္ေအာင္ပဲ ေျပာပါတယ္။ ၿပီးေတာ့ သူတို႔ကို တကယ္ အလုပ္အေကြၽးျပဳႏိုင္မယ့္ ကိုယ္စားလွယ္ေလာင္းကို မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္ ခင္ဗ်ာ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။