ပုဂံညောင်ဦးသို့အလည်အပတ်ခရီးသွားသည့် မအူပင်မြို့မှ လင်မယားနှစ်ဦး ပုပ္ပါးဘက်သို့အသွား ပျောက်ဆုံးနေ

427

ပြည့်ဖြိုးပိုင် (မအူပင်) (NP News) - ဒီဇင်ဘာ ၂၄
ပုဂံညောင်ဦးသို့အလည်အပတ်ခရီးသွားသည့် မအူပင်မြို့မှ လင်မယားနှစ်ဦးသည် ဒီဇင်ဘာလ (၂၃)ရက် နံနက် (၉)နာရီအချိန်ခန့်က ပုပ္ပါးဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားရာမှ မိသားစုဖြင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ ပြီး ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
"အကူအညီတောင်းတဲ့ Post ပါရှင် ၂၃ ရက် မနက် ၉ နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ဒီနေ့ ၂၄ ရက် ယခု post တင်တဲ့အချိန် ၆:၂၁ မိနစ်အချိန်ထိ အဆက်အသွယ် မရသေးပါရှင်။ ဟိုတယ်ကနေ ထွက်သွားတာပါ။ လမ်းခရီး တစ်နေရာရာမှာ တွေ့မိကြသူများရှိရင် အောက်မှာပါတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးကြပါရှင့်။ ကျွန်မမောင်လေးနဲ့ ယောင်းမလေးပါ" ဟု ပျောက်ဆုံးသူများ၏ မိသားစုဝင်ဖြစ်သူ Yin Mon Swe ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
အဆိုပါပျောက်ဆုံးနေသော လင်မယားနှစ်ဦးမှာ မအူပင်မြို့တွ င်နေထိုင်သူများဖြစ်ကာ ဒီဇင်ဘာလ (၁၉)ရက်မှ စတင်ကာ မအူပင်မြို့မှ ပုဂံညောင်ဦးဘက်သို့ အလည်အပတ်ခရီးသွားခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု (၂) စုက (၆) ဦးလည်း ပုပ္ပါးရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်လခွဲကျော်အကြာ ဒီဇင်ဘာ ၁၈ ရက်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။

Zawgyi Version:
ပုဂံေညာင္ဦးသို႔အလည္အပတ္ခရီးသြားသည့္ မအူပင္ၿမိဳ႕မွ လင္မယားႏွစ္ဦး ပုပၸါးဘက္သို႔အသြား ေပ်ာက္ဆုံးေန
ျပည့္ၿဖိဳးပိုင္ (မအူပင္) (NP News) - ဒီဇင္ဘာ ၂၄
ပုဂံေညာင္ဦးသို႔အလည္အပတ္ခရီးသြားသည့္ မအူပင္ၿမိဳ႕မွ လင္မယားႏွစ္ဦးသည္ ဒီဇင္ဘာလ (၂၃)ရက္ နံနက္ (၉)နာရီအခ်ိန္ခန႔္က ပုပၸါးဘက္သို႔ ဆိုင္ကယ္ျဖင့္ ထြက္သြားရာမွ မိသားစုျဖင့္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ ၿပီး ေပ်ာက္ဆုံးသြားခဲ့ေၾကာင္း သိရသည္။
"အကူအညီေတာင္းတဲ့ Post ပါရွင္ ၂၃ ရက္ မနက္ ၉ နာရီေလာက္မွာ ပုပၸါးဘက္သြားမယ္ဆိုၿပီး လင္မယားႏွစ္ေယာက္ ဆိုင္ကယ္ငွားၿပီး ထြက္သြားၾကပါတယ္။ ဒီေန႔ ၂၄ ရက္ ယခု post တင္တဲ့အခ်ိန္ ၆:၂၁ မိနစ္အခ်ိန္ထိ အဆက္အသြယ္ မရေသးပါရွင္။ ဟိုတယ္ကေန ထြက္သြားတာပါ။ လမ္းခရီး တစ္ေနရာရာမွာ ေတြ႕မိၾကသူမ်ားရွိရင္ ေအာက္မွာပါတဲ့ ဖုန္းနံပါတ္ေလးကို ဆက္သြယ္ေပးၾကပါရွင့္။ ကြၽန္မေမာင္ေလးနဲ႔ ေယာင္းမေလးပါ" ဟု ေပ်ာက္ဆုံးသူမ်ား၏ မိသားစုဝင္ျဖစ္သူ Yin Mon Swe ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားခ်က္အရ သိရသည္။
အဆိုပါေပ်ာက္ဆုံးေနေသာ လင္မယားႏွစ္ဦးမွာ မအူပင္ၿမိဳ႕တြ င္ေနထိုင္သူမ်ားျဖစ္ကာ ဒီဇင္ဘာလ (၁၉)ရက္မွ စတင္ကာ မအူပင္ၿမိဳ႕မွ ပုဂံေညာင္ဦးဘက္သို႔ အလည္အပတ္ခရီးသြားခဲ့ျခင္းလည္းျဖစ္သည္။
ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂ ရက္ကလည္း မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕ကေန ပုပၸါးကို အလည္သြားတဲ့ မိသားစု (၂) စုက (၆) ဦးလည္း ပုပၸါးေရာက္ရွိေနခ်ိန္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ၿပီး တစ္လခြဲေက်ာ္အၾကာ ဒီဇင္ဘာ ၁၈ ရက္မွ ျပန္လည္ေရာက္ရွိလာခဲ့သည္။