တစ်နှစ် ရေနံ တန်ချိန် (၅) သိန်း ချက်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီးကို စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကာ တန်ချိန် (၃) သန်းချက်လုပ်နိုင်သည့်အထိ ဆောင်ရွက်မည်

136

ပုံစာ - သန်လျင်ရေနံချက်စက်ရုံ ပုံဟောင်း
သုတကျော် (NP News) - ဒီဇင်ဘာ ၂၄
တစ်နှစ် ရေနံ တန်ချိန် (၅) သိန်း ချက်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ကို စတင်လည်ပတ်နိုင်တော့ မည် ဖြစ်ကာ တစ်နှစ်တန်ချိန် (၃) သန်းချက်လုပ်နိုင်သည့် အထိ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) တွင် ပြောသည်။
စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ ခြင်းသည်။
မြန်မာနိုင်ငံသည် ရေနံလုပ်ငန်းနှင့်ပတ်သက်လာပါက သမိုင်းမှတ်တမ်းကောင်း များစွာရှိသည်ကို တွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ ရေနံချက်လုပ်ငန်းနှင့် ပတ်သက်၍လည်း ဗြိတိသျှတို့အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံ ကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၂၅ ခုနှစ် တွင် ခေတ်မီနည်းစနစ်များကို အသုံးပြု ထားပြီး နေ့စဉ်လည်ပတ်ချက် လုပ်နိုင်စွမ်း ဂါလန် (၈) သိန်းရှိသည့် သန်လျင်ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြား သည်။
သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့် တိုးချဲ့တည် ဆောက်ခဲ့ပြီး ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ဆက်လက် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှု နည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများ၏ အရည်အသွေးသည် ဈေးကွက်လိုအပ်ချက်ကို မပြည့်မီခြင်း စသည့် အခြေအနေများကြောင့် ယခု စက်ရုံကြီး၏ ရေနံချက်လုပ်ခြင်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်မှာ ယခုအခါ ၈ နှစ်ကျော်ကာလ ရှိလာခဲ့ပြီဖြစ် ကြောင်း ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ကြောင့် မကြာခင်ကာလအတွင်း၌ တစ်နှစ်လျှင် တန်ချိန် (၅) သိန်း ချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီးကို ပထမအဆင့် (Phase I) အနေဖြင့် စတင်လည်ပတ် နိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဒုတိယအဆင့် (Phase II) အနေဖြင့် တစ်နှစ်ကို တန်ချိန် (၃) သန်း ချက်လုပ်နိုင်မည့်စက်ရုံကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်သဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက် သည်ကို ပြောကြားလိုကြောင်း ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ် လာရေးကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ သက်တမ်းရင့်ရေနံချက် စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံ နှင့် ဓာတ်မြေဩဇာ စက်ရုံကြီးများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ ရေနံမြေ များမှ ရေနံအထွက်တိုးစေရေး ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ရန် တိုင်းရင်းသား ရေနံလုပ်ငန်းရှင် များနှင့်ပူးပေါင်းပြီး နည်းစနစ်ကျ ရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် များ အဆင့်မြှင့်တင်နေသည်ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏ စွမ်းအင် ကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာမည်ဟုလည်း ယုံကြည်ကြောင်း ပြောကြားသည်။

Zawgyi Version:
တစ္ႏွစ္ ေရနံ တန္ခ်ိန္ (၅) သိန္း ခ်က္ႏိုင္မည့္ သန္လ်င္ေရနံခ်က္ စက္႐ုံသစ္ႀကီးကို စတင္လည္ပတ္ႏိုင္ေတာ့မည္ ျဖစ္ကာ တန္ခ်ိန္ (၃) သန္းခ်က္လုပ္ႏိုင္သည့္အထိ ေဆာင္႐ြက္မည္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၄
တစ္ႏွစ္ ေရနံ တန္ခ်ိန္ (၅) သိန္း ခ်က္ႏိုင္မည့္ သန္လ်င္ေရနံခ်က္ စက္႐ုံသစ္ႀကီး ကို စတင္လည္ပတ္ႏိုင္ေတာ့ မည္ ျဖစ္ကာ တစ္ႏွစ္တန္ခ်ိန္ (၃) သန္းခ်က္လုပ္ႏိုင္သည့္ အထိ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က ယေန႔ (ဒီဇင္ဘာလ ၂၄ ရက္) တြင္ ေျပာသည္။
စြမ္းအင္ဝန္ႀကီးဌာန ႏွစ္ (၄၀)ျပည့္ ပတၱျမားရတု၊ သန္လ်င္ေရနံခ်က္စက္႐ုံရာျပည့္ႏွင့္ စြမ္းအင္ျပတိုက္ဖြင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခ်ီးျမႇင့္ၿပီး မိန႔္ခြန္းေျပာၾကားရာတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ ျခင္းသည္။
ျမန္မာႏိုင္ငံသည္ ေရနံလုပ္ငန္းႏွင့္ပတ္သက္လာပါက သမိုင္းမွတ္တမ္းေကာင္း မ်ားစြာရွိသည္ကို ေတြ႕ရွိႏိုင္မည္ ျဖစ္ေၾကာင္း၊ ေရနံခ်က္လုပ္ငန္းႏွင့္ ပတ္သက္၍လည္း ၿဗိတိသွ်တို႔အေနျဖင့္ ၁၈၇၁ ခုႏွစ္ကတည္းက “ရန္ကုန္ေရနံ ကုမၸဏီ” အမည္ျဖင့္ ေရနံခ်က္လုပ္ငန္းကို စတင္ခဲ့သည္ကို သမိုင္းမွတ္တမ္းမ်ားအရ သိရွိရေၾကာင္း၊ ၁၉၂၅ ခုႏွစ္ တြင္ ေခတ္မီနည္းစနစ္မ်ားကို အသုံးျပဳ ထားၿပီး ေန႔စဥ္လည္ပတ္ခ်က္ လုပ္ႏိုင္စြမ္း ဂါလန္ (၈) သိန္းရွိသည့္ သန္လ်င္ေရနံခ်က္စက္႐ုံႀကီးကို တည္ေဆာက္ခဲ့ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ႏွစ္ (၄၀)ျပည့္ ပတၱျမားရတုႏွင့္ သန္လ်င္ေရနံခ်က္စက္႐ုံရာျပည့္အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကား သည္။
သန္လ်င္ေရနံခ်က္စက္႐ုံကို အဆင့္ဆင့္ တိုးခ်ဲ႕တည္ ေဆာက္ခဲ့ၿပီး ေရနံထြက္ပစၥည္းအမ်ိဳးမ်ိဳးကို ဆက္လက္ ထုတ္လုပ္ေပးႏိုင္ခဲ့ေၾကာင္း၊ သို႔ေသာ္ ၂၀၁၇ ခုႏွစ္တြင္ ကုန္ၾကမ္းရရွိမႈ နည္းပါးျခင္း၊ ထုတ္လုပ္သည့္ စက္သုံးဆီမ်ား၏ အရည္အေသြးသည္ ေဈးကြက္လိုအပ္ခ်က္ကို မျပည့္မီျခင္း စသည့္ အေျခအေနမ်ားေၾကာင့္ ယခု စက္႐ုံႀကီး၏ ေရနံခ်က္လုပ္ျခင္းလုပ္ငန္းမ်ားကို ရပ္နားထားခဲ့ရသည္မွာ ယခုအခါ ၈ ႏွစ္ေက်ာ္ကာလ ရွိလာခဲ့ၿပီျဖစ္ ေၾကာင္း ေျပာၾကားသည္။
စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံ၏စက္သုံးဆီလိုအပ္ခ်က္ကို တစ္ဖက္တစ္လမ္းက ျဖည့္ဆည္းေပးႏိုင္ရန္ အတြက္ အစဥ္တစိုက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ျခင္း ေၾကာင့္ မၾကာခင္ကာလအတြင္း၌ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၅) သိန္း ခ်က္လုပ္ႏိုင္မည့္ သန္လ်င္ေရနံခ်က္ စက္႐ုံသစ္ႀကီးကို ပထမအဆင့္ (Phase I) အေနျဖင့္ စတင္လည္ပတ္ ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း၊ ဆက္လက္၍လည္း ဒုတိယအဆင့္ (Phase II) အေနျဖင့္ တစ္ႏွစ္ကို တန္ခ်ိန္ (၃) သန္း ခ်က္လုပ္ႏိုင္မည့္စက္႐ုံကို ဆက္လက္အေကာင္အထည္ ေဖာ္သြားမည္ျဖစ္သျဖင့္ အထူးပင္ ဂုဏ္ယူဝမ္းေျမာက္ သည္ကို ေျပာၾကားလိုေၾကာင္း ေျပာသည္။
စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ကမ္းလြန္သဘာဝဓာတ္ေငြ႕ စီမံကိန္းအသစ္မ်ား၊ ေရနံေျမအသစ္မ်ား ထြက္ေပၚ လာေရးႀကိဳးပမ္း ေဆာင္႐ြက္ေနသကဲ့သို႔ သက္တမ္းရင့္ေရနံခ်က္ စက္႐ုံ၊ ေရနံဓာတုေဗဒစက္႐ုံ ႏွင့္ ဓာတ္ေျမဩဇာ စက္႐ုံႀကီးမ်ား စြမ္းအားျပည့္ ျပန္လည္ လည္ပတ္ႏိုင္ရန္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း၊ ထို႔အျပင္ လက္ရွိ ေရနံေျမ မ်ားမွ ေရနံအထြက္တိုးေစေရး ေခတ္မီနည္းပညာမ်ား အသုံးျပဳၿပီး ေဆာင္႐ြက္ရန္ တိုင္းရင္းသား ေရနံလုပ္ငန္းရွင္ မ်ားႏွင့္ပူးေပါင္းၿပီး နည္းစနစ္က် ေရနံတြင္းမ်ား တူးေဖာ္ႏိုင္ရန္ႏွင့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကြန္ရက္ မ်ား အဆင့္ျမႇင့္တင္ေနသည္ကို အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနၿပီျဖစ္ျခင္းေၾကာင့္ ႏိုင္ငံ၏ စြမ္းအင္ က႑သည္ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုတိုးတက္လာမည္ဟုလည္း ယုံၾကည္ေၾကာင္း ေျပာၾကားသည္။