ကမ္ဘာတဝန်း ကော်ဖီဈေးနှုန်း စံချိန်တင် မြင့်တက်၊ အိမ်မှာ ကိုယ်တိုင်ဖျော်သောက်သူများလာ

 93

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅

၂၀၂၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကော်ဖီဈေးနှုန်း(အထူးသဖြင့် ကပူချီနိုနဲ့ လက်တေး) ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် စားသုံးသူတွေဟာ နေ့စဉ် ကော်ဖီသောက်ဖို့အတွက် ကော်ဖီဆိုင်တွေက မှာယူ တာထက် ကော်ဖီစေ့တွေကို အိမ်အရောက်မှာယူပြီး ကိုယ်တိုင်ဖျော်စပ်သောက်တဲ့သူ ပိုများလာတယ်လို့ သိရပါ တယ်။
အောက်တိုဘာလက Citigroup မှ ပြုလုပ်တဲ့ နိုင်ငံတကာရှိ ကော်ဖီသောက်သုံးသူ ၁၉၀၀ ဦးကို စစ်တမ်း ကောက်ယူမှုမှာ ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် လူ ၃၇ ရာခိုင်နှုန်းဟာ အိမ်မှာပဲ ကော်ဖီဖျော်သောက်ဖို့ ရွေးချယ်ကြတယ်လို့ တွေ့ရှိရပါတယ်။ ကျန်လူဦးရေရဲ့ ၃ ပုံ ၂ ပုံကလည်း နောက် ၁၂ လအတွင်းမှာ ဒီလို ပြောင်းလဲမှုမျိုး ပြုလုပ်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ကော်ဖီနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်လာခဲ့ပြီး အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ ထိုင်းနဲ့ ဗြိတိန်နိုင်ငံမှာလည်း အလားတူပြောင်းလဲမှုတွေ မြင်တွေ့နေရပါတယ်လို့ ဆိုပါတယ်။ စစ်တမ်းတွေအရ အမေရိကန်စားသုံးသူတွေဟာ ကော်ဖီထုတ်ကုန်တွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ (စင်ကာပူဒေါ်လာ ၁၂၈.၉ ဘီလီယံ) ကျော် သုံးစွဲနေလေ့ ရှိတယ်လို့ သိရပါတယ်။ ကော်ဖီဆိုင်တွေကတော့ အိမ်အရောက် ကော်ဖီစေ့ မှာယူစားသုံးမှုတွေ ကြီးထွားလာနေတာနဲ့အမျှ လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန် အနည်းငယ် ဆုံးရှုံးရနိုင်တယ်လို့ ကော်ဖီပညာရှင်၊ YouTube influencer နှင့် roasters Square Mile Coffee ပူးတွဲတည်ထောင်သူ မစ္စတာ ဂျိန်းစ်ဟော့ဖ်မန် က ပြောကြားပါတယ်။ Starbucks လို ကော်ဖီဆိုင်ခွဲတွေမှာ အသုံးပြုတဲ့ အဆင့်မြင့် အာရေဗီကာ ကော်ဖီစေ့တွေဟာ ဆိုလည်း ရာသီဥတုဆိုးရွားမှုနဲ့ အခွန်အကောက်တွေကြောင့် ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း မြင့်တက်လာခဲ့ပါ တယ်။
စားသောက်ဆိုင်တွေကို ရောင်းချမှုစနစ် ပံ့ပိုးပေးတဲ့ Toast မှ စုစည်းထားတဲ့အချက်အလက်တွေအရ အမေရိကန်တစ်ဝှမ်းရှိ မီနူးတွေမှာ ပုံမှန်ကော်ဖီတစ်ခွက်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၂၀၂၃ ခုနှစ် အစောပိုင်းမှစ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ကမာၻတဝန္း ေကာ္ဖီေဈးႏႈန္း စံခ်ိန္တင္ ျမင့္တက္၊ အိမ္မွာ ကိုယ္တိုင္ေဖ်ာ္ေသာက္သူမ်ားလာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅
၂၀၂၅ ခုႏွစ္မွာ ကမာၻလုံးဆိုင္ရာ ေကာ္ဖီေဈးႏႈန္း(အထူးသျဖင့္ ကပူခ်ီႏိုနဲ႔ လက္ေတး) ေဈးႏႈန္းေတြ စံခ်ိန္တင္ ျမင့္တက္လာခဲ့ပါတယ္။ ဒါေၾကာင့္ စားသုံးသူေတြဟာ ေန႔စဥ္ ေကာ္ဖီေသာက္ဖို႔အတြက္ ေကာ္ဖီဆိုင္ေတြက မွာယူ တာထက္ ေကာ္ဖီေစ့ေတြကို အိမ္အေရာက္မွာယူၿပီး ကိုယ္တိုင္ေဖ်ာ္စပ္ေသာက္တဲ့သူ ပိုမ်ားလာတယ္လို႔ သိရပါ တယ္။
ေအာက္တိုဘာလက Citigroup မွ ျပဳလုပ္တဲ့ ႏိုင္ငံတကာရွိ ေကာ္ဖီေသာက္သုံးသူ ၁၉၀၀ ဦးကို စစ္တမ္း ေကာက္ယူမႈမွာ ေဈးႏႈန္းေတြ ျမင့္တက္လာမႈေၾကာင့္ လူ ၃၇ ရာခိုင္ႏႈန္းဟာ အိမ္မွာပဲ ေကာ္ဖီေဖ်ာ္ေသာက္ဖို႔ ေ႐ြးခ်ယ္ၾကတယ္လို႔ ေတြ႕ရွိရပါတယ္။ က်န္လူဦးေရရဲ႕ ၃ ပုံ ၂ ပုံကလည္း ေနာက္ ၁၂ လအတြင္းမွာ ဒီလို ေျပာင္းလဲမႈမ်ိဳး ျပဳလုပ္လာႏိုင္ေျခရွိတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေကာ္ဖီနဲ႔ပတ္သက္ၿပီး ကမာၻတစ္ဝွမ္းမွာ ေခတ္ေရစီးေၾကာင္းတစ္ခုလိုျဖစ္လာခဲ့ၿပီး အေမရိကန္၊ ၾသစေၾတးလ်၊ တ႐ုတ္၊ ထိုင္းနဲ႔ ၿဗိတိန္ႏိုင္ငံမွာလည္း အလားတူေျပာင္းလဲမႈေတြ ျမင္ေတြ႕ေနရပါတယ္လို႔ ဆိုပါတယ္။ စစ္တမ္းေတြအရ အေမရိကန္စားသုံးသူေတြဟာ ေကာ္ဖီထုတ္ကုန္ေတြအတြက္ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ ၁၀၀ ဘီလီယံ (စင္ကာပူေဒၚလာ ၁၂၈.၉ ဘီလီယံ) ေက်ာ္ သုံးစြဲေနေလ့ ရွိတယ္လို႔ သိရပါတယ္။ ေကာ္ဖီဆိုင္ေတြကေတာ့ အိမ္အေရာက္ ေကာ္ဖီေစ့ မွာယူစားသုံးမႈေတြ ႀကီးထြားလာေနတာနဲ႔အမွ် လုပ္ငန္းလည္ပတ္မႈ အရွိန္အဟုန္ အနည္းငယ္ ဆုံးရႈံးရႏိုင္တယ္လို႔ ေကာ္ဖီပညာရွင္၊ YouTube influencer ႏွင့္ roasters Square Mile Coffee ပူးတြဲတည္ေထာင္သူ မစၥတာ ဂ်ိန္းစ္ေဟာ့ဖ္မန္ က ေျပာၾကားပါတယ္။ Starbucks လို ေကာ္ဖီဆိုင္ခြဲေတြမွာ အသုံးျပဳတဲ့ အဆင့္ျမင့္ အာေရဗီကာ ေကာ္ဖီေစ့ေတြဟာ ဆိုလည္း ရာသီဥတုဆိုး႐ြားမႈနဲ႔ အခြန္အေကာက္ေတြေၾကာင့္ ေဈးႏႈန္းေတြဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ျမင့္တက္လာခဲ့ပါ တယ္။
စားေသာက္ဆိုင္ေတြကို ေရာင္းခ်မႈစနစ္ ပံ့ပိုးေပးတဲ့ Toast မွ စုစည္းထားတဲ့အခ်က္အလက္ေတြအရ အေမရိကန္တစ္ဝွမ္းရွိ မီႏူးေတြမွာ ပုံမွန္ေကာ္ဖီတစ္ခြက္ရဲ႕ ပ်မ္းမွ်ေဈးႏႈန္းဟာ ၂၀၂၃ ခုႏွစ္ အေစာပိုင္းမွစ ၂၀ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.