ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ် လှူဒါန်း

 101

စော(NP News)- ဒီဇင်ဘာ ၂၅
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမနှင့်ကျောင်းသားများကောင်းမွန်သော သင်ကြားရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ်များ တပ်ဆင်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ (ဒီဇင်ဘာ ၂၄ရက်)က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်စိန်ခေါ်မှုများကို ရင်ဆိုင် နေရပြီး စွမ်းအင်လိုအပ်ချက် မြင့်မားနေသောကြောင့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်သည့် နေရောင်ခြည် စွမ်းအင်ကို အသုံးချနိုင်ရန် ယခုကဲ့သို့ လှူဒါန်းမှု သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှည်ကြာခိုင်မြဲ သည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ထင်ရှား သည့် သာဓကတစ်ရပ်ဖြစ်ရုံသာမက လူသားချင်း စာနာထောက်ထားမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး ရေးဆိုင်ရာ အထောက်အပံ့တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် အောင်မြင်စွာ လွှဲပြောင်းအပ်နှင်း နိုင်ခြင်းသည် တက္ကသိုလ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ပိုမိုကောင်းမွန် သောသင်ကြားရေးနှင့် သုတေသနပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရုံသာမက တရုတ်-မြန်မာ စိမ်းလန်း သောစွမ်းအင်နှင့် စိုက်ပျိုးရေးနည်းပညာ ပူးပေါင်း ဆောင်ရွက်မှုအတွက် အရှိန်အဟုန်သစ်များ ထပ်မံ ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jiaကလည်း ပြောကြားခဲ့သည်။
ထိုပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပုံစံများ ဆန်းသစ်တီထွင်ခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုး ရေး ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်အားများ ထည့်ဝင်ဆောင် ရွက်သွားရန် ဆန္ဒရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစနစ် ပေးအပ်လှူဒါန်းခြင်းမှတ်တမ်း လွှာကို ပေးအပ်ရာ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ် က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရ သည်။

Zawgyi Version:
ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားေပးစနစ္ လႉဒါန္း
ေစာ(NP News)- ဒီဇင္ဘာ ၂၅
ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ရွိ ဆရာ၊ ဆရာမႏွင့္ေက်ာင္းသားမ်ားေကာင္းမြန္ေသာ သင္ၾကားေရးအတြက္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားေပးစနစ္မ်ား တပ္ဆင္လႉဒါန္းျခင္းအခမ္းအနားကို ယမန္ေန႔ (ဒီဇင္ဘာ ၂၄ရက္)က အဆိုပါတကၠသိုလ္ဘြဲ႕ႏွင္းသဘင္ခန္းမတြင္ က်င္းပခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအခမ္းအနားတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္က ရာသီဥတု ေျပာင္းလဲမႈ၏ အက်ိဳးဆက္စိန္ေခၚမႈမ်ားကို ရင္ဆိုင္ ေနရၿပီး စြမ္းအင္လိုအပ္ခ်က္ ျမင့္မားေနေသာေၾကာင့္ စြမ္းအင္အရင္းအျမစ္တစ္ခုျဖစ္သည့္ ေနေရာင္ျခည္ စြမ္းအင္ကို အသုံးခ်ႏိုင္ရန္ ယခုကဲ့သို႔ လႉဒါန္းမႈ သည္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား ရွည္ၾကာခိုင္ၿမဲ သည့္ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရး၏ ထင္ရွား သည့္ သာဓကတစ္ရပ္ျဖစ္႐ုံသာမက လူသားခ်င္း စာနာေထာက္ထားမႈႏွင့္ လူသားအရင္းအျမစ္ဖြံ႕ၿဖိဳး ေရးဆိုင္ရာ အေထာက္အပံ့တစ္ရပ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
အလားတူ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစနစ္ ေအာင္ျမင္စြာ လႊဲေျပာင္းအပ္ႏွင္း ႏိုင္ျခင္းသည္ တကၠသိုလ္ဆရာ ဆရာမမ်ားႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ ပိုမိုေကာင္းမြန္ ေသာသင္ၾကားေရးႏွင့္ သုေတသနပတ္ဝန္းက်င္ကို ဖန္တီးေပးႏိုင္႐ုံသာမက တ႐ုတ္-ျမန္မာ စိမ္းလန္း ေသာစြမ္းအင္ႏွင့္ စိုက္ပ်ိဳးေရးနည္းပညာ ပူးေပါင္း ေဆာင္႐ြက္မႈအတြက္ အရွိန္အဟုန္သစ္မ်ား ထပ္မံ ျဖည့္ဆည္းေပးႏိုင္ခဲ့ေၾကာင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး Ms. Ma Jiaကလည္း ေျပာၾကားခဲ့သည္။
ထိုျပင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္မႈပုံစံမ်ား ဆန္းသစ္တီထြင္ျခင္း၊ ေရရွည္တည္တံ့ေသာ စိုက္ပ်ိဳး ေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ပူးေပါင္းေဆာင္႐ြက္ျခင္း တို႔ျဖင့္ ေဒသတြင္းစီးပြားေရးေပါင္းစည္းမႈ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အင္အားမ်ား ထည့္ဝင္ေဆာင္ ႐ြက္သြားရန္ ဆႏၵရွိေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
ထို႔ေနာက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးက ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ ဓာတ္အားေပးစနစ္ ေပးအပ္လႉဒါန္းျခင္းမွတ္တမ္း လႊာကို ေပးအပ္ရာ စိုက္ပ်ိဳးေရးတကၠသိုလ္ပါေမာကၡခ်ဳပ္ က လက္ခံရယူၿပီး ေက်းဇူးတင္စကားေျပာၾကားခဲ့ေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.