NDCs ရည်မှန်းချက်ပြည့်မီပါက နိုင်ငံတော်ဘဏ္ဍာငွေရရှိရန်အတွက် ကာဗွန်ဈေးကွက်သို့ ထိုးဖောက်သွားမည်

 298

စော (NP News) - ဒီဇင်ဘာလ ၂၅

မြန်မာနိုင်ငံသည် Nationally Deter- mined Contributions (NDCs) ရည်မှန်းချက် ပြည့်မီပါက နိုင်ငံတော်ဘဏ္ဍာငွေရရှိရန်အတွက် ကာဗွန်ဈေးကွက်သို့ ထိုးဖောက်သွားမည်ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
NDCs ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရာသီဥ တုပြောင်းလဲမှုဆိုင်ရာ လျှော့ချမည့် ကတိကဝတ်များ ဖြင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူ ဘောင် ကွန်ဗင်းရှင်း (UNFCCC)ထံသို့ (၅)နှစ် တစ်ကြိမ် တင်ပြရမည့်အစီရင်ခံစာဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံအနေဖြင့် (၂၀၁၇)ခုနှစ်က ဝင် ရောက်ခဲ့သည့် ပါရီသဘောတူညီချက်(Paris Agre- ement) အပိုဒ် (၆) (Article 6 Carbon Market) တွင် သစ်တော၊ စွမ်းအားမြှင့် မီးဖိုများနှင့် ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်စီမံကိန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကာဗွန်အရောင်း အဝယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းများမှ ရရှိ သည့် ကာဗွန်ခရက်ဒစ်များကို NDCs ရည်မှန်းချက် ပြည့်မီရေး အသုံးပြုလျက်ရှိပြီး ရည်မှန်းချက်များ ပြည့်မီပါက နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိရန် ကာဗွန်ဈေးကွက်သို့ ထိုးဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကာဗွန် အရောင်းအဝယ် အတွက် ကာဗွန်ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်နေပြီဖြစ်၍ အနာဂတ်တွင် အကျိုးကျေးဇူး များစွာရရှိနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဆိုသည်။ UNFCCC အောက်ရှိ တာဝန် အရ ဆောင်ရွက်သည့်ကာဗွန်ဈေးကွက်နှင့် ဆန္ဒ အ လျောက်ဆောင်ရွက်သည့် ဈေးကွက်ဆိုင်ရာ အချက် အလက်များအရ ရောင်းဝယ်မှုအများဆုံးပြုလုပ်နေ သောနိုင်ငံများမှာ အရှေ့အာရှနိုင်ငံများ၊ ဂျပန်၊ ကိုရီး ယား၊ စင်ကာပူနိုင်ငံတို့ဖြစ်ပြီး အမေရိကန်နှင့် ဥရောပ နိုင်ငံများသည်လည်း ကာဗွန်အရောင်းအဝယ်ဈေး ကွက်၌ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
NDCs ရည္မွန္းခ်က္ျပည့္မီပါက ႏိုင္ငံေတာ္ဘ႑ာေငြရရွိရန္အတြက္ ကာဗြန္ေဈးကြက္သို႔ ထိုးေဖာက္သြားမည္
ေစာ (NP News) - ဒီဇင္ဘာလ ၂၅
ျမန္မာႏိုင္ငံသည္ Nationally Deter- mined Contributions (NDCs) ရည္မွန္းခ်က္ ျပည့္မီပါက ႏိုင္ငံေတာ္ဘ႑ာေငြရရွိရန္အတြက္ ကာဗြန္ေဈးကြက္သို႔ ထိုးေဖာက္သြားမည္ျဖစ္ေၾကာင္း သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
NDCs ဆိုသည္မွာ ျမန္မာႏိုင္ငံ၏ ရာသီဥ တုေျပာင္းလဲမႈဆိုင္ရာ ေလွ်ာ့ခ်မည့္ ကတိကဝတ္မ်ား ျဖင့္ ကုလသမဂၢရာသီဥတုေျပာင္းလဲမႈဆိုင္ရာ မူ ေဘာင္ ကြန္ဗင္းရွင္း (UNFCCC)ထံသို႔ (၅)ႏွစ္ တစ္ႀကိမ္ တင္ျပရမည့္အစီရင္ခံစာျဖစ္ေၾကာင္း သိရ သည္။
ျမန္မာႏိုင္ငံအေနျဖင့္ (၂၀၁၇)ခုႏွစ္က ဝင္ ေရာက္ခဲ့သည့္ ပါရီသေဘာတူညီခ်က္(Paris Agre- ement) အပိုဒ္ (၆) (Article 6 Carbon Market) တြင္ သစ္ေတာ၊ စြမ္းအားျမႇင့္ မီးဖိုမ်ားႏွင့္ ျပန္လည္ျပည့္ ၿဖိဳးၿမဲ စြမ္းအင္စီမံကိန္းမ်ားကို ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသည့္ ပုဂၢလိကကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိၿပီး ကာဗြန္အေရာင္း အဝယ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိၿပီျဖစ္ ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ စီမံကိန္းမ်ားမွ ရရွိ သည့္ ကာဗြန္ခရက္ဒစ္မ်ားကို NDCs ရည္မွန္းခ်က္ ျပည့္မီေရး အသုံးျပဳလ်က္ရွိၿပီး ရည္မွန္းခ်က္မ်ား ျပည့္မီပါက ႏိုင္ငံေတာ္အတြက္ ဘ႑ာေငြရရွိရန္ ကာဗြန္ေဈးကြက္သို႔ ထိုးေဖာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ ကာဗြန္ အေရာင္းအဝယ္ အတြက္ ကာဗြန္ေဈးကြက္အတြင္းသို႔ စတင္ဝင္ ေရာက္ေနၿပီျဖစ္၍ အနာဂတ္တြင္ အက်ိဳးေက်းဇူး မ်ားစြာရရွိႏိုင္ေၾကာင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဦးစီးဌာနက ဆိုသည္။ UNFCCC ေအာက္ရွိ တာဝန္ အရ ေဆာင္႐ြက္သည့္ကာဗြန္ေဈးကြက္ႏွင့္ ဆႏၵ အ ေလ်ာက္ေဆာင္႐ြက္သည့္ ေဈးကြက္ဆိုင္ရာ အခ်က္ အလက္မ်ားအရ ေရာင္းဝယ္မႈအမ်ားဆုံးျပဳလုပ္ေန ေသာႏိုင္ငံမ်ားမွာ အေရွ႕အာရွႏိုင္ငံမ်ား၊ ဂ်ပန္၊ ကိုရီး ယား၊ စင္ကာပူႏိုင္ငံတို႔ျဖစ္ၿပီး အေမရိကန္ႏွင့္ ဥေရာပ ႏိုင္ငံမ်ားသည္လည္း ကာဗြန္အေရာင္းအဝယ္ေဈး ကြက္၌ တြင္တြင္က်ယ္က်ယ္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.