အစ္စရေးက ဂါဇာကနေ ဘယ်တော့မှထွက်ခွါမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးပြော

 97

Pika(NP News)ဒီဇင်ဘာ ၂၅
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကနေ ဘယ်တော့မှထွက်ခွါမှာမဟုတ်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့ပါတယ်။အစ္စရေးကတ်ဇ်ရဲ့ ပြောဆိုချက်တွေကြောင့် ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အဲ့ဒီပြောဆိုချက်တွေအားလုံးကို ပြန်လည်ရုတ်သိမ်းဖို့ အစ္စရေးကတ်ဇ်ကို တွန်းအားပေးမှုတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။အစ္စရေးကတ်ဇ်က”ကျွန်တော်တို့က ဂါဇာကမ်းမြောင်ဒေသအတွင်းမှာ နက်နက်ရှိုင်းရှိုင်းရှိနေပြီး ဘယ်တော့မှအဲ့ဒီနေရာကနေ ထွက်ခွါသွားမှာမဟုတ်ပါဘူး။ဒီလိုလုပ်ရပ်မျိုးက ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။အချိန်တန်ရင် ဘုရားသခင်ရဲ့အလိုတော်အရ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ တပ်စခန်းတွေကို တည်ထောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။(၂၀)ရာစုနောက်ပိုင်း အစ္စရေးနဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ နယ်မြေတွေ နှစ်ခုစလုံးမှာ အစ္စရေးစစ်တပ်က တည်ဆောက်ခဲ့တဲ့ စစ်ဘက်-စိုက်ပျိုးရေးတပ်စခန်း အမျိုးအစားတွေကို အစ္စရေးကတ်ဇ်က ရည်ညွှန်းပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။နောက်ဆုံးမှာ အဲ့ဒီတပ်စခန်းတွေကို အမြဲတမ်းအရပ်ဘက်အခြေချေနေထိုင်မှုတွေအဖြစ် အစ္စရေးက ပြောင်းလဲခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးက ဂါဇာကေန ဘယ္ေတာ့မွထြက္ခြါမွာမဟုတ္ဘူးလို႔ ကာကြယ္ေရးဝန္ႀကီးေျပာ
Pika(NP News)ဒီဇင္ဘာ ၂၅
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသကေန ဘယ္ေတာ့မွထြက္ခြါမွာမဟုတ္ဘူးလို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က ေျပာၾကားခဲ့ပါတယ္။အစၥေရးကတ္ဇ္ရဲ႕ ေျပာဆိုခ်က္ေတြေၾကာင့္ ျပင္းထန္တဲ့တုံ႔ျပန္မႈေတြကို ျဖစ္ေပၚေစခဲ့ၿပီး အဲ့ဒီေျပာဆိုခ်က္ေတြအားလုံးကို ျပန္လည္႐ုတ္သိမ္းဖို႔ အစၥေရးကတ္ဇ္ကို တြန္းအားေပးမႈေတြ ထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။အစၥေရးကတ္ဇ္က”ကြၽန္ေတာ္တို႔က ဂါဇာကမ္းေျမာင္ေဒသအတြင္းမွာ နက္နက္ရႈိင္းရႈိင္းရွိေနၿပီး ဘယ္ေတာ့မွအဲ့ဒီေနရာကေန ထြက္ခြါသြားမွာမဟုတ္ပါဘူး။ဒီလိုလုပ္ရပ္မ်ိဳးက ဘယ္ေတာ့မွရွိလာမွာမဟုတ္ပါဘူး။အခ်ိန္တန္ရင္ ဘုရားသခင္ရဲ႕အလိုေတာ္အရ ဂါဇာကမ္းေျမာင္ေဒသေျမာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ တပ္စခန္းေတြကို တည္ေထာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။(၂၀)ရာစုေနာက္ပိုင္း အစၥေရးနဲ႔ အစၥေရးသိမ္းပိုက္ထားတဲ့ နယ္ေျမေတြ ႏွစ္ခုစလုံးမွာ အစၥေရးစစ္တပ္က တည္ေဆာက္ခဲ့တဲ့ စစ္ဘက္-စိုက္ပ်ိဳးေရးတပ္စခန္း အမ်ိဳးအစားေတြကို အစၥေရးကတ္ဇ္က ရည္ၫႊန္းေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ေနာက္ဆုံးမွာ အဲ့ဒီတပ္စခန္းေတြကို အၿမဲတမ္းအရပ္ဘက္အေျခေခ်ေနထိုင္မႈေတြအျဖစ္ အစၥေရးက ေျပာင္းလဲခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.