ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို ရုရှားအစိုးရပြစ်တင်ရှုတ်ချ

173

Pika(NP News)ဒီဇင်ဘာ ၂၅
ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့လုပ်ရပ်ကို ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။အမေရိကန်စစ်တပ်က ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ နောက်ထပ်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရုရှားအစိုးရရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ရုရှားအစိုးရက”အမေရိကန်စစ်တပ်က ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ဗင်နီဇွဲလားနိုင်ငံကို ပိတ်ဆို့မှုတွေလုပ်ဆောင်ထားတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ပိတ်ဆို့ခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်သူတွေအတွက် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်တွေအားလုံးအတွက် အမေရိကန်မှာ တာဝန်ရှိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေဟာ ဗင်နီဇွဲလားနိုင်ငံကို ဆန့်ကျင်တဲ့ အနာဂါတ်မှာ လုပ်ဆောင်လာနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ အစဖြစ်နိုင်တယ်လို့လည်း ရုရှားအစိုးရက ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားကို ဝင်ထွက်နေတဲ့ ရေနံတင်သင်္ဘောကို လုံးဝပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ရဟတ်ယာဉ်တစ်စင်းက ရေနံတင်သင်္ဘောကြီးတစ်စီးအနီးမှာ ပျံသန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြသခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလား ေရနံတင္သေဘၤာေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္ကို ႐ုရွားအစိုးရျပစ္တင္ရႈတ္ခ်
Pika(NSS)ဒီဇင္ဘာ ၂၅
ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ ေရနံတင္သေဘၤာေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ အေမရိကန္စစ္တပ္ရဲ႕လုပ္ရပ္ကို ႐ုရွားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္စစ္တပ္က ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ ေနာက္ထပ္ေရနံတင္သေဘၤာတစ္စီးကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕ ျပစ္တင္ရႈတ္ခ်မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။႐ုရွားအစိုးရက”အေမရိကန္စစ္တပ္က ေရနံတင္သေဘၤာေတြကို ဖမ္းဆီးထိန္းသိမ္းၿပီး ဗင္နီဇြဲလားႏိုင္ငံကို ပိတ္ဆို႔မႈေတြလုပ္ေဆာင္ထားတာကို ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ပိတ္ဆို႔ခံထားရတဲ့ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ျပည္သူေတြအတြက္ ျဖစ္ေပၚလာႏိုင္ေျခရွိတဲ့ အက်ိဳးဆက္ေတြအားလုံးအတြက္ အေမရိကန္မွာ တာဝန္ရွိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြဟာ ဗင္နီဇြဲလားႏိုင္ငံကို ဆန႔္က်င္တဲ့ အနာဂါတ္မွာ လုပ္ေဆာင္လာႏိုင္တဲ့ စစ္ေရးလႈပ္ရွားမႈေတြရဲ႕ အစျဖစ္ႏိုင္တယ္လို႔လည္း ႐ုရွားအစိုးရက ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဗင္နီဇြဲလားကို ဝင္ထြက္ေနတဲ့ ေရနံတင္သေဘၤာကို လုံးဝပိတ္ဆို႔မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ျဖစ္ပြားလာခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ရဟတ္ယာဥ္တစ္စင္းက ေရနံတင္သေဘၤာႀကီးတစ္စီးအနီးမွာ ပ်ံသန္းေနတဲ့ ဗီဒီယိုဖိုင္တစ္ခုကိုလည္း အေမရိကန္အစိုးရက ထုတ္ျပန္ျပသခဲ့တယ္လို႔ သိရပါတယ္။