ရွှေဘိုမြို့နယ်တွင် PDF များ ဖမ်းဆီးခံခဲ့ရသော အိန္ဒိယသာသနာပြုဆရာတော်မှာ လွတ်မြောက်ခြင်း မရှိသေးပဲ ဆက်လက် စစ်ဆေးခံနေရဆဲဟုဆို

285

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၅
လွန်ခဲ့သော တစ်လအကျော် နိုဝင်ဘာ ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာအနီးတွင် PDF များ၏ လူဝတ်လဲ၊ ဖမ်းဆီး ခံခဲ့ရသော အိန္ဒိယသာသနာပြုဆရာတော်သည် လွတ်မြောက်ခြင်း မရှိသေးပဲ ဆက်လက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ ဒေသခံ တစ်ဦး က ဆိုသည်။
ဖမ်းဆီခံထားရသော ဆရာတော် ဒေါက်တာဝိသုတသည် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ ဇာတိဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၊ ဝင်းဝင်းနို့ဆီ မြန်မာကျောင်းဆရာတော်ဟုထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါသည် PDF တို့လက်အတွင်း သတ်ဖြတ်ခံလိုက်ရပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် ဆရာတော်အပါအဝင် သံဃာတော် (၉)ပါးကို ယင်း PDF တို့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဆရာတော်အပါအဝင် PDF တွေဖမ်းသွားတာ ဘုန်းကြီးအားလုံး (၉)ပါးရှိတယ်တဲ့။ စစ်ဆေးမေးမြန်းနေတယ်လို့ပြောတယ်။ ဆရာတော် ကြီးက သက်ရှိထင်ရှားရှိသေးတယ်။ PDF တွေက လူဝတ်လဲခိုင်းပြီးတော့ စစ်ဆေးမေးမြန်းနေတယ်တဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
PDF တို့၏ ဖမ်းဆီးခြင်းကိုခံထားရသော ဆရာတော်သည် အိန္ဒိယနိုင်ငံတွင် ကျောင်းတက်နေသော မြန်မာရဟန်းတော်များအား ကူညီတော်မူနေသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
ဆရာတော်ဖမ်းဆီးခံရစဉ်ကလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ရင် သံဃာတော်နှင့် လူပုဂ္ဂိုလ်များက တောင်းဆိုခြင်းများ ရှိခဲ့သော် လည်း ယနေ့ (ဒီဇင်ဘာ ၂၅ရက်) အထိ ရက်ပေါင်း (၃၅)ရက်အကြာအထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးခြင်း ဖြစ်သည်။

Zawgyi Version:
ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDF မ်ား ဖမ္းဆီးခံခဲ့ရေသာ အိႏၵိယသာသနာျပဳဆရာေတာ္မွာ လြတ္ေျမာက္ျခင္း မရွိေသးပဲ ဆက္လက္ စစ္ေဆးခံေနရဆဲဟုဆို
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၅
လြန္ခဲ့ေသာ တစ္လအေက်ာ္ ႏိုဝင္ဘာ ၅ ရက္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ကင္းဗ်ား႐ြာအနီးတြင္ PDF မ်ား၏ လူဝတ္လဲ၊ ဖမ္းဆီး ခံခဲ့ရေသာ အိႏၵိယသာသနာျပဳဆရာေတာ္သည္ လြတ္ေျမာက္ျခင္း မရွိေသးပဲ ဆက္လက္ စစ္ေဆးခံေနရဆဲျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ ေဒသခံ တစ္ဦး က ဆိုသည္။
ဖမ္းဆီခံထားရေသာ ဆရာေတာ္ ေဒါက္တာဝိသုတသည္ ေ႐ႊဘိုၿမိဳ႕နယ္၊ ျမင္းစီး႐ြာ ဇာတိျဖစ္ၿပီး အိႏၵိယႏိုင္ငံ၊ ဗုဒၶဂယာ၊ ဝင္းဝင္းႏို႔ဆီ ျမန္မာေက်ာင္းဆရာေတာ္ဟုထင္ရွားသည့္ ဆရာေတာ္တစ္ပါးျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက အဆိုပါသည္ PDF တို႔လက္အတြင္း သတ္ျဖတ္ခံလိုက္ရၿပီးျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီး လက္ရွိတြင္ ဆရာေတာ္အပါအဝင္ သံဃာေတာ္ (၉)ပါးကို ယင္း PDF တို႔က ဖမ္းဆီးထားျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဆရာေတာ္အပါအဝင္ PDF ေတြဖမ္းသြားတာ ဘုန္းႀကီးအားလုံး (၉)ပါးရွိတယ္တဲ့။ စစ္ေဆးေမးျမန္းေနတယ္လို႔ေျပာတယ္။ ဆရာေတာ္ ႀကီးက သက္ရွိထင္ရွားရွိေသးတယ္။ PDF ေတြက လူဝတ္လဲခိုင္းၿပီးေတာ့ စစ္ေဆးေမးျမန္းေနတယ္တဲ့”ဟု ေဒသခံတစ္ဦးက ေျပာသည္။
PDF တို႔၏ ဖမ္းဆီးျခင္းကိုခံထားရေသာ ဆရာေတာ္သည္ အိႏၵိယႏိုင္ငံတြင္ ေက်ာင္းတက္ေနေသာ ျမန္မာရဟန္းေတာ္မ်ားအား ကူညီေတာ္မူေနသည့္ ဆရာေတာ္တစ္ပါးျဖစ္ေၾကာင္း သိရသည္။
ဆရာေတာ္ဖမ္းဆီးခံရစဥ္ကလည္း အျမန္ဆုံးျပန္လည္လြတ္ေျမာက္ရင္ သံဃာေတာ္ႏွင့္ လူပုဂၢိဳလ္မ်ားက ေတာင္းဆိုျခင္းမ်ား ရွိခဲ့ေသာ္ လည္း ယေန႔ (ဒီဇင္ဘာ ၂၅ရက္) အထိ ရက္ေပါင္း (၃၅)ရက္အၾကာအထိ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးျခင္း ျဖစ္သည္။