ဟုမ္မလင်းသို့ပို့ဆောင်မည့် ကုန်နှင့်ဆီတင်စက်လှေ (၃၀၀)ခန့်ကို PDF များက တစ်ပီပါ ကျပ်(၃)သိန်းပေးဆောင်မှ ဖြတ်သန်းခွင့်ပြုမည်ဟုဆို

192

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့သို့ ပို့ဆောင်မည့် ကုန်နှင့်ဆီတင်စက်လှေ (၃၀၀)ခန့်ကို PDF များက တစ်ပီပါ ကျပ်(၃)သိန်းပေး ဆောင်မှ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဆီတင်စက်လှေများနှင့် ကုန်တင်စက်လှေများသည် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာခဲ့ ခြင်းဖြစ်ပြီး ကလေးဝမြို့နယ်တွင် PDF များက လနှင့်ချီကာ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒီဇင်ဘာ (၁၀)ရက်က ပြန်လည်ဖွင့်ပေးခဲ့ပြီးနောက် ဟုမ္မလင်းမြို့နှင့် (၂၁)မိုင်ခန့်အကွာ ရွှေပြည်အေးမြို့သို့ ဒီဇင်ဘာ ၁၅ရက်က ရောက်ခဲ့သော်လည်း ဟုမ္မလင်းသို့ ဝင်ရန် PDF များက ထပ်မံပိတ်ထားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟုမ္မလင်းမြို့သို့ဝင်ရောက်မည့် ဆီတင်စက်လှေများအနေဖြင့် PDF များထံ ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ ဆီတစ်ပီပါလျှင် ကျပ်(၃)သိန်းပေးဆောင်ရမည်ဖြစ်ပြီး လာမည့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှသာ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
PDF အဖွဲ့၏ ကပ်ထားစာတွင်လည်း”ရန်သူ့ နယ်မြေသို့ စက်သုံးဆီများ သွားရောက်ရောင်းချလိုပါ စက်သုံးဆီ တစ်လုံးလျှင် (၃၀၀၀၀၀) ကျပ်( သုံးသိန်း )ပေးဆောင်ရမည်။ သွားရောက်ရောင်းချခွင့်ပြုမည့် စက်သုံးဆီအလုံးရေ အကန့်အသတ်ဖြင့်သာခွင့်ပြုပေးမည်။ သွား ရောက် ရောင်းချခွင့်ပြုမည့် ရက်ကိုလဲ အကန့်အသတ်ဖြင့်သာ သတ်မှတ်ပေးမည်။ စတင်ခွင့်ပြုမည့်ရက် ဇန်နဝါရီ ၁ ရက်နေ့၊ 19.12.2025 နေ့မှ စ၍ ကြိုတင်ငွေသွင်းခြင်း ကိုလက်ခံပေးမည်။ စာရင်းငွေသွင်းရန် ဌာနေ- တောင်ဦးဂိတ်”ဟု ပါရှိကြောင်း တွေ့မြင်ရသည်။
ထို့ကြောင့် မုံရွာမှ ဟုမ္မလင်းသို့ ပို့ဆောင်မည့် ကုန်နှင့်ဆီတင်စက်လှေ (၃၀၀)စီးခန့်သည် လာမည့်နှစ်မှသာ ဟုမ္မလင်းမြို့သို့ ထွက်ခွာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြိုသည် လက်ရှိတွင် ကုန်းလမ်းနှင့်ရေကြောင်းလမ်းပိတ်ထားသည့်အတွက် လေယာဉ်လမ်းကြောင်းမှ ကုန်ပစ္စည်းများတင် သွင်းဝယ်ယူနေရသည့်အတွက် ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ခံစားနေရကြောင်း သိရသည်။

Zawgyi Version:
ဟုမၼလင္းသို႔ပို႔ေဆာင္မည့္ ကုန္ႏွင့္ဆီတင္စက္ေလွ (၃၀၀)ခန႔္ကို PDF မ်ားက တစ္ပီပါ က်ပ္(၃)သိန္းေပးေဆာင္မွ ျဖတ္သန္းခြင့္ျပဳမည္ဟုဆို
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕သို႔ ပို႔ေဆာင္မည့္ ကုန္ႏွင့္ဆီတင္စက္ေလွ (၃၀၀)ခန႔္ကို PDF မ်ားက တစ္ပီပါ က်ပ္(၃)သိန္းေပး ေဆာင္မွ ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါ ဆီတင္စက္ေလွမ်ားႏွင့္ ကုန္တင္စက္ေလွမ်ားသည္ မုံ႐ြာၿမိဳ႕မွ ဟုမၼလင္းၿမိဳ႕သို႔ ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း ဆန္တက္ လာခဲ့ ျခင္းျဖစ္ၿပီး ကေလးဝၿမိဳ႕နယ္တြင္ PDF မ်ားက လႏွင့္ခ်ီကာ ပိတ္ဆို႔ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဒီဇင္ဘာ (၁၀)ရက္က ျပန္လည္ဖြင့္ေပးခဲ့ၿပီးေနာက္ ဟုမၼလင္းၿမိဳ႕ႏွင့္ (၂၁)မိုင္ခန႔္အကြာ ေ႐ႊျပည္ေအးၿမိဳ႕သို႔ ဒီဇင္ဘာ ၁၅ရက္က ေရာက္ခဲ့ေသာ္လည္း ဟုမၼလင္းသို႔ ဝင္ရန္ PDF မ်ားက ထပ္မံပိတ္ထားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဟုမၼလင္းၿမိဳ႕သို႔ဝင္ေရာက္မည့္ ဆီတင္စက္ေလွမ်ားအေနျဖင့္ PDF မ်ားထံ ဒီဇင္ဘာ ၁၉ ရက္က စတင္ကာ ဆီတစ္ပီပါလွ်င္ က်ပ္(၃)သိန္းေပးေဆာင္ရမည္ျဖစ္ၿပီး လာမည့္ ၂၀၂၆ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔မွသာ ထြက္ခြာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
PDF အဖြဲ႕၏ ကပ္ထားစာတြင္လည္း”ရန္သူ႔ နယ္ေျမသို႔ စက္သုံးဆီမ်ား သြားေရာက္ေရာင္းခ်လိုပါ စက္သုံးဆီ တစ္လုံးလွ်င္ (၃၀၀၀၀၀) က်ပ္( သုံးသိန္း )ေပးေဆာင္ရမည္။ သြားေရာက္ေရာင္းခ်ခြင့္ျပဳမည့္ စက္သုံးဆီအလုံးေရ အကန႔္အသတ္ျဖင့္သာခြင့္ျပဳေပးမည္။ သြား ေရာက္ ေရာင္းခ်ခြင့္ျပဳမည့္ ရက္ကိုလဲ အကန႔္အသတ္ျဖင့္သာ သတ္မွတ္ေပးမည္။ စတင္ခြင့္ျပဳမည့္ရက္ ဇန္နဝါရီ ၁ ရက္ေန႔၊ 19.12.2025 ေန႔မွ စ၍ ႀကိဳတင္ေငြသြင္းျခင္း ကိုလက္ခံေပးမည္။ စာရင္းေငြသြင္းရန္ ဌာေန- ေတာင္ဦးဂိတ္”ဟု ပါရွိေၾကာင္း ေတြ႕ျမင္ရသည္။
ထို႔ေၾကာင့္ မုံ႐ြာမွ ဟုမၼလင္းသို႔ ပို႔ေဆာင္မည့္ ကုန္ႏွင့္ဆီတင္စက္ေလွ (၃၀၀)စီးခန႔္သည္ လာမည့္ႏွစ္မွသာ ဟုမၼလင္းၿမိဳ႕သို႔ ထြက္ခြာခြင့္ ရမည္ျဖစ္ေၾကာင္း သိရသည္။
ဟုမၼလင္းၿမိဳသည္ လက္ရွိတြင္ ကုန္းလမ္းႏွင့္ေရေၾကာင္းလမ္းပိတ္ထားသည့္အတြက္ ေလယာဥ္လမ္းေၾကာင္းမွ ကုန္ပစၥည္းမ်ားတင္ သြင္းဝယ္ယူေနရသည့္အတြက္ ေဒသခံမ်ား ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းကို ခံစားေနရေၾကာင္း သိရသည္။