ပိုလန်တောင်ပိုင်းက ကျောက်မီးသွေးတွင်းမှာ မီသိန်းဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် အလုပ်သမား(၂)ဦးသေဆုံး

89

Pika(NP News)ဒီဇင်ဘာ ၂၅
ပိုလန်နိုင်ငံတောင်ပိုင်းက Pniowekကျောက်မီးသွေးတွင်းမှာ မီသိန်းဓါတ်ငွေ့ကြောင့် ဖြစ်ပေါ်လာတဲ့ပေါက်ကွဲမှုနဲ့အတူ မြေပြိုမှုတွေကြောင့် လူ(၂)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေကထုတ်ပြန်ပြောကြားခဲ့ပါတယ်။တူးဖော်ရေးအလုပ်သမား(၁၀)ဦးက ကျောက်မီးသွေးတွင်းထဲမှာရှိနေစဉ်အချိန်အတွင်း မီသိန်းဓါတ်ငွေ့ကြောင့် ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီး လူ(၈)ဦးက မြေပြိုမှုတွေကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း အခြားလူ(၂)ဦးက မြေပြိုမှုအောက်မှာပိတ်မိသွားခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို (၇)နာရီကြာဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မြေပြိုမှုအတွင်းပိတ်မိသွားခဲ့တဲ့ လူ(၂)ဦးရဲ့ ရုပ်အလောင်းတွေရှိရာနေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးခဲ့တဲ့လူတွေရဲ့ မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပိုလန်သမ္မတကာရိုးနော်ရော်ကီက ပြောကြားခဲ့ပြီး လိုအပ်တဲ့ထောက်ပံ့မှုတွေအားလုံးကို လုပ်ဆောင်ပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ကာရိုးနော်ရော်ကီက”ဒီကျောက်မီးသွေးတွင်းပေါက်ကွဲမှုအတွင်းမှာ သေဆုံးသွားခဲ့တဲ့ လူတွေရဲ့ မိသားစုအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ပိုလန္ေတာင္ပိုင္းက ေက်ာက္မီးေသြးတြင္းမွာ မီသိန္းဓါတ္ေငြ႕ေပါက္ကြဲမႈေၾကာင့္ အလုပ္သမား(၂)ဦးေသဆုံး
Pika(NP News)ဒီဇင္ဘာ ၂၅
ပိုလန္ႏိုင္ငံေတာင္ပိုင္းက Pniowekေက်ာက္မီးေသြးတြင္းမွာ မီသိန္းဓါတ္ေငြ႕ေၾကာင့္ ျဖစ္ေပၚလာတဲ့ေပါက္ကြဲမႈနဲ႔အတူ ေျမၿပိဳမႈေတြေၾကာင့္ လူ(၂)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြကထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။တူးေဖာ္ေရးအလုပ္သမား(၁၀)ဦးက ေက်ာက္မီးေသြးတြင္းထဲမွာရွိေနစဥ္အခ်ိန္အတြင္း မီသိန္းဓါတ္ေငြ႕ေၾကာင့္ ႀကီးမားတဲ့ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့တာျဖစ္ၿပီး လူ(၈)ဦးက ေျမၿပိဳမႈေတြကေန လြတ္ေျမာက္ခဲ့ေပမယ့္လည္း အျခားလူ(၂)ဦးက ေျမၿပိဳမႈေအာက္မွာပိတ္မိသြားခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို (၇)နာရီၾကာဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီး ေျမၿပိဳမႈအတြင္းပိတ္မိသြားခဲ့တဲ့ လူ(၂)ဦးရဲ႕ ႐ုပ္အေလာင္းေတြရွိရာေနရာကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေသဆုံးခဲ့တဲ့လူေတြရဲ႕ မိသားစုဝင္ေတြအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ပိုလန္သမၼတကာ႐ိုးေနာ္ေရာ္ကီက ေျပာၾကားခဲ့ၿပီး လိုအပ္တဲ့ေထာက္ပံ့မႈေတြအားလုံးကို လုပ္ေဆာင္ေပးဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ကာ႐ိုးေနာ္ေရာ္ကီက”ဒီေက်ာက္မီးေသြးတြင္းေပါက္ကြဲမႈအတြင္းမွာ ေသဆုံးသြားခဲ့တဲ့ လူေတြရဲ႕ မိသားစုအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။