ဆင်ဖြူကျွန်းမြို့တွင် (၃) ရက်ခန့်အကြာအတိုက်ပွဲပြင်းထန်နေပြီး ဒေသခံများစွာနေရပ်စွန့်ခွာနေရ

 409

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့တွင် (၃) ရက်ခန့်အကြာအတိုက်ပွဲပြင်းထန်နေပြီး ဒေသခံများစွာနေရပ်စွန့်ခွာနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်ဖြူကျွန်းမြို့သည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာတွင်ရှိသည့်မြို့ဖြစ်ပြီး ဒီဇင်ဘာ (၂၂) ရက်၊ ညပိုင်းကစတင်ကာ PDF အဖွဲ့များက သာလွန်အင်အားဖြင့်တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ၂၂ရက် ညပိုင်းကစပြီးတိုက်ပွဲတွေဖြစ်လာတာပေါ့။ ဆင်ဖြူကျွန်းရဲ့မြောက်ဘက်က ဆင်မကျွန်းရွာကနေ ဝင်လာတယ်။ နောက်ပြီး ဧရာဝတီမြစ်ဘက်ကဝင်တာပေါ့။‌ အဲဒီဘက်ကတစ်ကြောင်းဝင်တယ်။ တံတားဘက်ကတစ်ကြောင်းဝင်တယ်။ နောက်ပြီး စလင်းနဲ့ ဆင်ဖြူကျွန်ကြားက လမ်းကိုဖျက်ထားတာပေါ့။ အဲဒီမှာ သစ်ပင်တွေချပြီး လမ်းပိတ်ထားတာပေါ့”ဟု ဒေသခံတစ်ဦးက NP News ကိုပြော သည်။

တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဆင်ဖြူကျွန်းမြို့ခံအားလုံးနီးပါးသည်လည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အများစုမှာ စလင်းမြို့ ဘက်သို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့ပြင် စစ်ဘေးတိမ်းရှောင်နေသူများအနေဖြင့် ကုန်လမ်းအသုံးပြုရာတွင်လည်း လမ်းတစ်လျှောက် PDF အဖွဲ့များ ထောင်ထားသည့် မိုင်းများကြောင့် သွားလာရာတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

“လမ်းတွေမှာလဲ မိုင်းတွေထောင်ထားတော့ သွားလာရတာတော်တော်ကို အခက်ခဲဖြစ်တယ်။ မသွားရဲမလာရဲလဲဖြစ်နေကြတယ်။ အဲဒီမိုင်းတွေကလည်း ခွေးတွေတိုးလို့ ထကွဲတာတွေက ကွဲနဲ့ တော်တော်ကြောက်ကြောက်လန့်လန့်နဲ့သွားနေရတယ်”ဟု အထက်ပါ သတင်းရင်း မြစ်က ပြောသည်။

ထို့ပြင် NUG လက်အောက်ခံ စလင်းပကဖအဖွဲ့ကလည်း ဆင်ဖြူကျွန်းမြို့ခံများအား တိုက်ပွဲဖော်ဆောင်မည်ဖြစ်သဖြင့် ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့ဘက်သို့ထွက်ခွာရန် ထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version:
ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ (၃) ရက္ခန႔္အၾကာအတိုက္ပြဲျပင္းထန္ေနၿပီး ေဒသခံမ်ားစြာေနရပ္စြန္႔ခြာေနရ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၅

မေကြးတိုင္းေဒသႀကီး၊ ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ (၃) ရက္ခန႔္အၾကာအတိုက္ပြဲျပင္းထန္ေနၿပီး ေဒသခံမ်ားစြာေနရပ္စြန္႔ခြာေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဆင္ျဖဴကြၽန္းၿမိဳ႕သည္ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕၏ ေျမာက္ဘက္ (၇)မိုင္ခန႔္အကြာတြင္ရွိသည့္ၿမိဳ႕ျဖစ္ၿပီး ဒီဇင္ဘာ (၂၂) ရက္၊ ညပိုင္းကစတင္ကာ PDF အဖြဲ႕မ်ားက သာလြန္အင္အားျဖင့္တိုက္ပြဲေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ၂၂ရက္ ညပိုင္းကစၿပီးတိုက္ပြဲေတြျဖစ္လာတာေပါ့။ ဆင္ျဖဴကြၽန္းရဲ႕ေျမာက္ဘက္က ဆင္မကြၽန္း႐ြာကေန ဝင္လာတယ္။ ေနာက္ၿပီး ဧရာဝတီျမစ္ဘက္ကဝင္တာေပါ့။‌ အဲဒီဘက္ကတစ္ေၾကာင္းဝင္တယ္။ တံတားဘက္ကတစ္ေၾကာင္းဝင္တယ္။ ေနာက္ၿပီး စလင္းနဲ႔ ဆင္ျဖဴကြၽန္ၾကားက လမ္းကိုဖ်က္ထားတာေပါ့။ အဲဒီမွာ သစ္ပင္ေတြခ်ၿပီး လမ္းပိတ္ထားတာေပါ့”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာ သည္။

တိုက္ပြဲမ်ားျပင္းထန္ေနသည့္အတြက္ ဆင္ျဖဴကြၽန္းၿမိဳ႕ခံအားလုံးနီးပါးသည္လည္း ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရၿပီး အမ်ားစုမွာ စလင္းၿမိဳ႕ ဘက္သို႔ တိမ္းေရွာင္ေနၾကရေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ေဘးတိမ္းေရွာင္ေနသူမ်ားအေနျဖင့္ ကုန္လမ္းအသုံးျပဳရာတြင္လည္း လမ္းတစ္ေလွ်ာက္ PDF အဖြဲ႕မ်ား ေထာင္ထားသည့္ မိုင္းမ်ားေၾကာင့္ သြားလာရာတြင္ အခက္အခဲမ်ားစြာႀကဳံေတြ႕ေနရေၾကာင္း ၎က ဆိုသည္။

“လမ္းေတြမွာလဲ မိုင္းေတြေထာင္ထားေတာ့ သြားလာရတာေတာ္ေတာ္ကို အခက္ခဲျဖစ္တယ္။ မသြားရဲမလာရဲလဲျဖစ္ေနၾကတယ္။ အဲဒီမိုင္းေတြကလည္း ေခြးေတြတိုးလို႔ ထကြဲတာေတြက ကြဲနဲ႔ ေတာ္ေတာ္ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔သြားေနရတယ္”ဟု အထက္ပါ သတင္းရင္း ျမစ္က ေျပာသည္။

ထို႔ျပင္ NUG လက္ေအာက္ခံ စလင္းပကဖအဖြဲ႕ကလည္း ဆင္ျဖဴကြၽန္းၿမိဳ႕ခံမ်ားအား တိုက္ပြဲေဖာ္ေဆာင္မည္ျဖစ္သျဖင့္ ယေန႔ (ဒီဇင္ဘာ ၂၅ ရက္)တြင္ နံနက္ ၈ နာရီမွ ညေန ၆ နာရီအတြင္း စလင္းၿမိဳ႕ဘက္သို႔ထြက္ခြာရန္ ထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.