DKBA စစ်ဦးစီးချုပ် နေရာ အပြောင်းအလဲ ပြုလုပ်

 2719

ပုံစာ - DKBA စစ်ဦးစီးချုပ် စောစတီး ကို အခမ်းအနားတစ်ခု တွင် တွေ့မြင်ရစဥ်
သုတကျော် (NP News) - ဒီဇင်ဘာ ၂၅
DKBA စစ်ဦးစီးချုပ် နေရာ အတွက် အပြောင်းအလဲ ပြုလုပ်မည် ဖြစ်ကာ ဒုတိယ ဗိုလ်ချုပ်ကြီး စောရွှေဝ က တရားဝင် တာဝန်ပြောင်းလဲရယူဖွယ် ရှိကြောင်း အဆိုပါ တပ်ဖွဲ့နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ် တစ်ဦးက NP News သတင်းဌာန ကို ပြောသည်။
လက်ရှိတွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး က တာဝန်မှ အနားယူထားရာ ဒုတိယ စစ်ဦးစီးချုပ် ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး စောရွှေဝ က အဆိုပါ တာဝန်ကို ပူးတွဲ ဆောင်ရွက်နေသော်လည်း ယခုမှသာ တရားဝင် လွှဲပြောင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တကယ်က ဖိုးစတီး က နားထားတာက ဥကရစ်ထ စခန်းပြီးတည်းက နားပြီးသား။ ဒါပေမယ့် တရားဝင် မထုတ်ပြန်သေးဘူး။ ဒုချုပ် နဲ့ လွှဲထားတယ်။ အခုမှ တရားဝင် စစ်ဦးစီးချုပ်တင်မှ ရမှာလေ။ ဒါကြောင့် တရားဝင် စစ်ဦးစီးချုပ် အဖြစ် ဖိုးရွှေဝ ကို လွှဲလိမ့်မယ် ထင်တယ်” ဟု ၎င်းက ပြောသည်။
၃၁ နှစ်ပြည့် DKBA (၃၁) နှစ်ပြည့် အခမ်းအနား အပြိးမှ စတင်ကာ ဒီဇင်ဘာလ (၂၄) ရက် အထိ တပ်မှူးများ အစည်းအဝေးကို ပြုလုပ်ပြီးနောက် ယင်းသို့ တရားဝင် ပြောင်းလဲရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လည်း ထွက်ပေါ်နေသော သတင်းများ အရ သိရသည်။
“တရားဝင်စာတော့ မထုတ်သေးဘူး။ တရားဝင် စစ်ဦးစီးချုပ် တင်တာတွေ ပြန်လုပ်ရမှာလေ။ အကုန်လုံး လူတွေ စုံဖို့ အတွက်တော့ လုပ်နေပြီ။ အကုန်လုံး စစ်ထောက်ချုပ်တို့ အကုန်လုံး စုံပြီးမှ ထိုင်ပြီးတော့မှ ထုတ်ပြန်မယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။
DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး သည် ကိုဗစ် ရောဂါ ဖြင့် ၂၀၂၁ ခုနှစ်က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ကြီး စောစတီး စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

Zawgyi Version:
DKBA စစ္ဦးစီးခ်ဳပ္ ေနရာ အေျပာင္းအလဲ ျပဳလုပ္မည္
ပုံစာ - DKBA စစ္ဦးစီးခ်ဳပ္ ေစာစတီး ကို အခမ္းအနားတစ္ခု တြင္ ေတြ႕ျမင္ရစဥၤ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၅
DKBA စစ္ဦးစီးခ်ဳပ္ ေနရာ အတြက္ အေျပာင္းအလဲ ျပဳလုပ္မည္ ျဖစ္ကာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာေ႐ႊဝ က တရားဝင္ တာဝန္ေျပာင္းလဲရယူဖြယ္ ရွိေၾကာင္း အဆိုပါ တပ္ဖြဲ႕ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္ တစ္ဦးက NP News သတင္းဌာန ကို ေျပာသည္။
လက္ရွိတြင္ DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီး က တာဝန္မွ အနားယူထားရာ ဒုတိယ စစ္ဦးစီးခ်ဳပ္ ျဖစ္ေသာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာေ႐ႊဝ က အဆိုပါ တာဝန္ကို ပူးတြဲ ေဆာင္႐ြက္ေနေသာ္လည္း ယခုမွသာ တရားဝင္ လႊဲေျပာင္းရန္ စီစဥ္ေနျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။
“တကယ္က ဖိုးစတီး က နားထားတာက ဥကရစ္ထ စခန္းၿပီးတည္းက နားၿပီးသား။ ဒါေပမယ့္ တရားဝင္ မထုတ္ျပန္ေသးဘူး။ ဒုခ်ဳပ္ နဲ႔ လႊဲထားတယ္။ အခုမွ တရားဝင္ စစ္ဦးစီးခ်ဳပ္တင္မွ ရမွာေလ။ ဒါေၾကာင့္ တရားဝင္ စစ္ဦးစီးခ်ဳပ္ အျဖစ္ ဖိုးေ႐ႊဝ ကို လႊဲလိမ့္မယ္ ထင္တယ္” ဟု ၎က ေျပာသည္။
၃၁ ႏွစ္ျပည့္ DKBA (၃၁) ႏွစ္ျပည့္ အခမ္းအနား အၿပိးမွ စတင္ကာ ဒီဇင္ဘာလ (၂၄) ရက္ အထိ တပ္မႉးမ်ား အစည္းအေဝးကို ျပဳလုပ္ၿပီးေနာက္ ယင္းသို႔ တရားဝင္ ေျပာင္းလဲရန္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း လည္း ထြက္ေပၚေနေသာ သတင္းမ်ား အရ သိရသည္။
“တရားဝင္စာေတာ့ မထုတ္ေသးဘူး။ တရားဝင္ စစ္ဦးစီးခ်ဳပ္ တင္တာေတြ ျပန္လုပ္ရမွာေလ။ အကုန္လုံး လူေတြ စုံဖို႔ အတြက္ေတာ့ လုပ္ေနၿပီ။ အကုန္လုံး စစ္ေထာက္ခ်ဳပ္တို႔ အကုန္လုံး စုံၿပီးမွ ထိုင္ၿပီးေတာ့မွ ထုတ္ျပန္မယ္လို႔ ထင္တယ္” ဟု ၎က ဆိုသည္။
DKBA ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး သည္ ကိုဗစ္ ေရာဂါ ျဖင့္ ၂၀၂၁ ခုႏွစ္က ကြယ္လြန္သြားၿပီးေနာက္ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီး စစ္ဦးစီးခ်ဳပ္ အျဖစ္ တာဝန္ယူခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.