မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်ကို KIA က ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်

1013

ထိုက်စံ (NP News) – ဒီဇင်ဘာလ ၂၅
မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်ကို KIA က ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ အွန်လိုင်းထက်တွင် သတင်းမှားများ ထုတ်လွှင့်နေခြင်းသာ ဖြစ်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ် တစ်ဦး က NP News သတင်းဌာနကို ပြောသည်။
ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နံနက်ပိုင်း ၉ နာရီ အချိန်ခန့်က ဒရုန်းသုံးစီး ကို အစဉ်လိုက် လွှတ်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒရုန်းတစ်စီး အရင်တက်လာတယ်တဲ့။ တက်လာပြီးတော့ အဲဒီ ဒရုန်းက ပိုက်ကွန် နဲ့ ငြိပြီးတော့ ကိစ္စချော သွားတယ်လို့ သိရတယ်။ ဘာမှလုပ်လို့ မဖြစ်လိုက်ဘူးပေါ့။ အဲဒါကို နောက်တစ်စီး ထပ်တက်လာတယ် ပြောတယ်။ နောက်တစ်စီး ထပ်တက်လာတာမှာ ဂျမ်ပါ နားကျတော့ ပစ်ချလိုက်တယ်။ အဲဒါကို နောက်တစ်စီး ထပ်တက်လာတယ်။ နောက်တစ်စီး ထပ်တက်လာတော့ အဲဒီ ဂျမ်ပါနဲ့ မိပြီးတော့ အတင်းထိုးဆင်းသွားတာပေါ့။ ဆင်းမိဆင်းရာ ဆင်းသွားတယ်။ လူရောလေယာဉ်ကော ထိခိုက်မှု မရှိဘူး။ ဒါကတော့ သေချာတယ်” ဟု အဆိုပါ သတင်းရင်းမြစ် က ဆိုသည်။
ထို့ပြင် မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်သို့ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်း မရှိကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ ပစ်တာလည်း ဌာနချုပ်ကို ကျော်ပြီး ကျသွားတာပါ။ အွန်လိုင်းမှာ ရေးတာတွေက မြေပြင် သတင်းအတိုင်း မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ျမစ္ႀကီးနား ေလတပ္စခန္း ဌာနခ်ဳပ္ကို KIA က ဒ႐ုန္းျဖင့္ တိုက္ခိုက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္
ထိုက္စံ (NP News) – ဒီဇင္ဘာလ ၂၅
ျမစ္ႀကီးနား ေလတပ္စခန္း ဌာနခ်ဳပ္ကို KIA က ဒ႐ုန္းျဖင့္ တိုက္ခိုက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ပဲ အြန္လိုင္းထက္တြင္ သတင္းမွားမ်ား ထုတ္လႊင့္ေနျခင္းသာ ျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္ တစ္ဦး က NP News သတင္းဌာနကို ေျပာသည္။
ယေန႔ (ဒီဇင္ဘာလ ၂၅ ရက္) နံနက္ပိုင္း ၉ နာရီ အခ်ိန္ခန႔္က ဒ႐ုန္းသုံးစီး ကို အစဥ္လိုက္ လႊတ္ကာ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဒ႐ုန္းတစ္စီး အရင္တက္လာတယ္တဲ့။ တက္လာၿပီးေတာ့ အဲဒီ ဒ႐ုန္းက ပိုက္ကြန္ နဲ႔ ၿငိၿပီးေတာ့ ကိစၥေခ်ာ သြားတယ္လို႔ သိရတယ္။ ဘာမွလုပ္လို႔ မျဖစ္လိုက္ဘူးေပါ့။ အဲဒါကို ေနာက္တစ္စီး ထပ္တက္လာတယ္ ေျပာတယ္။ ေနာက္တစ္စီး ထပ္တက္လာတာမွာ ဂ်မ္ပါ နားက်ေတာ့ ပစ္ခ်လိုက္တယ္။ အဲဒါကို ေနာက္တစ္စီး ထပ္တက္လာတယ္။ ေနာက္တစ္စီး ထပ္တက္လာေတာ့ အဲဒီ ဂ်မ္ပါနဲ႔ မိၿပီးေတာ့ အတင္းထိုးဆင္းသြားတာေပါ့။ ဆင္းမိဆင္းရာ ဆင္းသြားတယ္။ လူေရာေလယာဥ္ေကာ ထိခိုက္မႈ မရွိဘူး။ ဒါကေတာ့ ေသခ်ာတယ္” ဟု အဆိုပါ သတင္းရင္းျမစ္ က ဆိုသည္။
ထို႔ျပင္ ျမစ္ႀကီးနား ေလတပ္စခန္း ဌာနခ်ဳပ္သို႔ လက္နက္ႀကီးျဖင့္ တစ္ႀကိမ္ ပစ္ခတ္ခဲ့ေသာ္လည္း ထိမွန္ျခင္း မရွိေၾကာင္း သိရသည္။
“လက္နက္ႀကီးနဲ႔ ပစ္တာလည္း ဌာနခ်ဳပ္ကို ေက်ာ္ၿပီး က်သြားတာပါ။ အြန္လိုင္းမွာ ေရးတာေတြက ေျမျပင္ သတင္းအတိုင္း မဟုတ္ဘူး” ဟု ၎က ဆိုသည္။