မြိုင်မြို့နယ်အတွင်းအရှိ လျှပ်စစ်တာဝါတိုင် (၁၀) ခုအား မြိုင်ပကဖအဖွဲ့ မိုင်းထောင်ဖောက်ခွဲ

 369

(NP News)-ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းအရှိ လျှပ်စစ်တာဝါတိုင် (၁၀) ခုအား PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲနေသည့် ရုပ်သံဖိုင် တစ်ခု လူမှုကွန်ယက်တွင် ပျံ့နှံ့နေကြောင်း သိရသည်။
အဆိုပါ တာဝါတိုင်များအားမိုင်းခွဲဖျက်ဆီးခြင်းကို မြိုင်မြို့နယ်ပကဖအဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ပြီး ကပစ (၂၄) အား မီးဖြတ်ရန်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တာဝါတိုင်ကို မိုင်းကပ်နေတာတွေ့တယ်။ တာဝါတိုင်တွေဘယ်သူချိုးတာလဲဆိုတာကို အားလုံးကလည်းသိနေတာပဲ”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်အတွင်း အရပ်ဝတ်ဖြင့်လူ (၃) ဦထက်မနည်းက လျှပ်စစ်တာဝါတိုင်များအား မိုင်းများကပ်နေကာ ဖောက်ခွဲပြီးနောက် အောင်ပွဲခံနေသည်ကိုလည်း တွေ့မြင်ရသည်။

Zawgyi Version:
(NP News)-ဒီဇင်ဘာ ၂၅

Related news

© 2021. All rights reserved.