ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ )ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များကို ကြေညာ

 716

သုတကျော် (NP News) - ဒီဇင်ဘာ ၂၅

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅ ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ( ၂ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၃ ) ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ) တနင်္ဂနွေနေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၆၃ ) မြို့နယ်အား ထပ်မံကြေငြာခဲ့ခြင်း ဖြစ်သည်။

zawgyi version

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း ( ၃ )က်င္းပမည့္ေန႔ရက္ႏွင့္ ပါဝင္သည့္ ၿမိဳ႕နယ္မ်ားကို ေၾကညာ

သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၅

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း ( ၃ ) က်င္းပမည့္ေန႔ရက္ႏွင့္ ပါဝင္သည့္ ၿမိဳ႕နယ္မ်ား ကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ယေန႔ (ဒီဇင္ဘာလ ၂၅ ရက္) ညပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ စတင္က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း ( ၁ ) တြင္ ပါဝင္သည့္ ၿမိဳ႕နယ္ ( ၁၀၂ ) ၿမိဳ႕နယ္ကို ၂၀၂၅ ခုႏွစ္၊ ဩဂုတ္ လ ၂၀ ရက္ေန႔တြင္ ေၾကညာခ်က္အမွတ္ (၅၆/၂၀၂၅ ျဖင့္လည္းေကာင္း၊ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲ အပိုင္း ( ၂ ) တြင္ ပါဝင္သည့္ ၿမိဳ႕နယ္ ( ၁၀၀ ) ၿမိဳ႕နယ္ကို ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္ ေန႔တြင္ ေၾကညာခ်က္အမွတ္ (၁၄၁/၂၀၂၅) ျဖင့္လည္းေကာင္း သတ္မွတ္ေၾကညာခဲ့ၿပီး ျဖစ္သည္။

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း ( ၃ ) ကို ၁၃၈၇ ခုႏွစ္၊ တပို႔တြဲလဆန္း ၈ ရက္ ( ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္ ) တနဂၤေႏြေန႔ တြင္ က်င္းပမည္ ျဖစ္ၿပီး ပါဝင္သည့္ ၿမိဳ႕နယ္ ( ၆၃ ) ၿမိဳ႕နယ္အား ထပ္မံေၾကျငာခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.