ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 161

စိမ့် (NP News) - ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ပြီးခဲ့သည့် ဒီဇင်ဘာ(၂၁)ရက်က ငွေကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(CCDAC) က ဖမ်းဆီးရမိခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်၌ အောင်မြင့်နှင့် ဝင်းမြိုင် မောင်းနှင်လာသော TOYOTA LANDCRUISER ကားကို သတင်းများအရ ရှာဖွေစစ်ဆေးရာ အဆိုပါကားပေါ်မှ ငွေကျပ်သိန်း (၁,၁၀၀) တန်ဖိုးရှိ ဘိန်းဖြူ (၄ ဒသမ ၄) ကီလို ဖမ်းဆီးရမိကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်များအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ “ဝဝ” (၂)ရပ်ကွက်ရှိ ၎င်းတို့(၂)ဦး နေအိမ်မှ ငွေကျပ်သိန်း (၂,၄၇၅)တန်ဖိုးရှိ ဘိန်းဖြူ (၉ ဒသမ ၉) ကီလို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဘိန်းဖြူများမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ မန္တလေးသို့ ကျော်ဦး(ဖမ်းဆီးရန်ကျန်) မှ ပို့ဆောင်ခြင်းဖြစ်ကြောင်းပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း (၃၀၀၀) ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၂၆

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၌ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၂၁)ရက္က ေငြက်ပ္သိန္း (၃၀၀၀) ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕(CCDAC) က ဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္၊ ၅၆(A) x ၁၁၀ လမ္းေထာင့္၌ ေအာင္ျမင့္ႏွင့္ ဝင္းၿမိဳင္ ေမာင္းႏွင္လာေသာ TOYOTA LANDCRUISER ကားကို သတင္းမ်ားအရ ရွာေဖြစစ္ေဆးရာ အဆိုပါကားေပၚမွ ေငြက်ပ္သိန္း (၁,၁၀၀) တန္ဖိုးရွိ ဘိန္းျဖဴ (၄ ဒသမ ၄) ကီလို ဖမ္းဆီးရမိေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ “ဝဝ” (၂)ရပ္ကြက္ရွိ ၎တို႔(၂)ဦး ေနအိမ္မွ ေငြက်ပ္သိန္း (၂,၄၇၅)တန္ဖိုးရွိ ဘိန္းျဖဴ (၉ ဒသမ ၉) ကီလို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
အဆိုပါ ဘိန္းျဖဴမ်ားမွာ ရွမ္းျပည္နယ္၊ ဖယ္ခုံၿမိဳ႕နယ္မွ မႏၲေလးသို႔ ေက်ာ္ဦး(ဖမ္းဆီးရန္က်န္) မွ ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္းၿပီး ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.