DKBA ထိပ်ပိုင်းခေါင်းဆောင်နေရာအချို့အပြောင်းအလဲဖြစ်

382
Pearl (NP News) – ဒီဇင်ဘာ ၂၆
(၁၉) ကြိမ်မြောက် တပ်မှူးစုံညီအစည်းအဝေး၏ သဘောတူညီဆုံးဖြတ်ချက်အရ DKBA ၏ ထိပ်ပိုင်းနေရာအချို့ အပြောင်းအလဲဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်u စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး စောစတီးအား D.K.B.A ဗဟိုအကြံပေးအဖွဲ့(ဦးဆောင်နာယကကြီး) အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝအား ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဦးစီးချုပ်တာဝန်ပေးအပ်လိုက်သည်။
အလားတူ DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူးတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ် စောဘငြိမ်းအောင်အား ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ထားပြီး အမှတ် (၁) စစ်ကွပ်ကဲရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ် စိုင်းကျော်လှအား ဗိုလ်ချုပ်အဆင့်ဖြင့် ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌတာဝန်ပေးအပ်လိုက်သည်။
ထို့ပြင် အမှတ်(၂) စစ်ကွပ်ကဲရေးနည်းဗျူဟာမှူးတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး စောအေဝမ်းကိုလည်း ဗိုလ်မှူးချုပ်အဆင့်ဖြင့် အမှတ် (၂) စစ်ကွပ်ကဲရေးမှူး တာဝန်ပေးအပ်လိုက်ကြောင်း တွေ့ရသည်။

Zawgyi Version:
DKBA ထိပ္ပိုင္းေခါင္းေဆာင္ေနရာအခ်ိဳ႕အေျပာင္းအလဲျဖစ္
Pearl (NP News) – ဒီဇင္ဘာ ၂၆
(၁၉) ႀကိမ္ေျမာက္ တပ္မႉးစုံညီအစည္းအေဝး၏ သေဘာတူညီဆုံးျဖတ္ခ်က္အရ DKBA ၏ ထိပ္ပိုင္းေနရာအခ်ိဳ႕ အေျပာင္းအလဲျဖစ္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ယခင္u စစ္ဦးစီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ေသာ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးအား D.K.B.A ဗဟိုအႀကံေပးအဖြဲ႕(ဦးေဆာင္နာယကႀကီး) အျဖစ္ တာဝန္ေပးအပ္ခဲ့ၿပီး ဒုတိယစစ္ဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာေ႐ႊဝအား ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ စစ္ဦးစီးခ်ဳပ္တာဝန္ေပးအပ္လိုက္သည္။
အလားတူ DKBA အမွတ္ (၂) စစ္ကြပ္ကဲေရးမႉးတာဝန္ ထမ္းေဆာင္ခဲ့ေသာ ဗိုလ္မႉးခ်ဳပ္ ေစာဘၿငိမ္းေအာင္အား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ ဒုတိယစစ္ဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ရန္ တာဝန္ေပးအပ္ထားၿပီး အမွတ္ (၁) စစ္ကြပ္ကဲေရးမႉးတာဝန္ထမ္းေဆာင္ခဲ့ေသာ ဗိုလ္မႉးခ်ဳပ္ စိုင္းေက်ာ္လွအား ဗိုလ္ခ်ဳပ္အဆင့္ျဖင့္ ဗဟိုစီးပြားေရးေကာ္မတီဥကၠ႒တာဝန္ေပးအပ္လိုက္သည္။
ထို႔ျပင္ အမွတ္(၂) စစ္ကြပ္ကဲေရးနည္းဗ်ဴဟာမႉးတာဝန္ ထမ္းေဆာင္ခဲ့ေသာ ဗိုလ္မႉးႀကီး ေစာေအဝမ္းကိုလည္း ဗိုလ္မႉးခ်ဳပ္အဆင့္ျဖင့္ အမွတ္ (၂) စစ္ကြပ္ကဲေရးမႉး တာဝန္ေပးအပ္လိုက္ေၾကာင္း ေတြ႕ရသည္။