ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သော နိုင်ငံရေးပါတီများနှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ ရက် (၆၀) မဲဆွယ်စည်းရုံးခွင့် ယနေ့ည(၁၂)နာရီအချိန်ပြီးဆုံးမည်

 183

ပြည့်ဖြိုးပိုင် (NP News) - ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သော မြို့နယ်များ၏ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၏ ရက်ပေါင်း (၆၀) မဲဆန္ဒရှင် ပြည်သူများသို့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း
များ ယနေ့ ဒီဇင်ဘာလ (၂၆)ရက် ည (၁၂)နာရီအချိန်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

"ရွေးကောက်ပွဲ အပိုင်း (၂/၃)မှာ ပါဝင်တဲ့ မြို့နယ်တွေရဲ့မဲဆွယ်စည်းရုံးခြင်းကိုတော့ ခဏရပ်ထားပါတယ်။ ဒီဇင်ဘာလ(၂၉)ရက်မှ ပြန်စပါမယ် ဇန်နဝါရီလ(၉)ရက်မှာ အပိုင်း(၂)ပြီးမယ်။ ရွေးကောက်ပွဲ အပိုင်း (၃)မှာပါဝင်တဲ့မြို့နယ်တွေကတော့ ဇန်နဝါရီလ (၁၂)ရက်ကနေ (၂၄)ရက်အထိ မဲဆွယ်စည်းရုံးခွင့် ရပါသေးတယ်" ဟု မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သောမြို့နယ်များမှ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကိုအောက်တိုဘာ ၂၈ ရက်မှစတင်ကာ ရက်ပေါင်း (၆၀) ခွင့်ပြုပေးခဲ့ခြင်းလည်းဖြစ်သည်။

သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
ေ႐ြးေကာက္ပြဲအပိုင္း(၁)တြင္ ပါဝင္ေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းမ်ား၏ ရက္ (၆၀) မဲဆြယ္စည္း႐ုံးခြင့္ ယေန႔ည(၁၂)နာရီအခ်ိန္ၿပီးဆုံးမည္
ျပည့္ၿဖိဳးပိုင္ (NP News) - ဒီဇင္ဘာ ၂၆

ျမန္မာႏိုင္ငံတြင္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္ စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲ အပိုင္း(၁)တြင္ ပါဝင္ေသာ ၿမိဳ႕နယ္မ်ား၏ ေ႐ြးေကာက္ပြဲဝင္ ႏိုင္ငံေရးပါတီမ်ား၏ ရက္ေပါင္း (၆၀) မဲဆႏၵရွင္ ျပည္သူမ်ားသို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္း
မ်ား ယေန႔ ဒီဇင္ဘာလ (၂၆)ရက္ ည (၁၂)နာရီအခ်ိန္တြင္ ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။

"ေ႐ြးေကာက္ပြဲ အပိုင္း (၂/၃)မွာ ပါဝင္တဲ့ ၿမိဳ႕နယ္ေတြရဲ႕မဲဆြယ္စည္း႐ုံးျခင္းကိုေတာ့ ခဏရပ္ထားပါတယ္။ ဒီဇင္ဘာလ(၂၉)ရက္မွ ျပန္စပါမယ္ ဇန္နဝါရီလ(၉)ရက္မွာ အပိုင္း(၂)ၿပီးမယ္။ ေ႐ြးေကာက္ပြဲ အပိုင္း (၃)မွာပါဝင္တဲ့ၿမိဳ႕နယ္ေတြကေတာ့ ဇန္နဝါရီလ (၁၂)ရက္ကေန (၂၄)ရက္အထိ မဲဆြယ္စည္း႐ုံးခြင့္ ရပါေသးတယ္" ဟု မအူပင္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ထံက သိရသည္။

လာမည့္ ဒီဇင္ဘာ ၂၈ ရက္တြင္ စတင္က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၂၇၄ နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ၇၅ နယ္၊ အခ်ိဳးက် ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ ၂၆ နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ၂၆၆ နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ ၄၂ နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ ၂၉ နယ္တို႔တြင္ ေ႐ြးေကာက္ပြဲမ်ားက်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေ႐ြးေကာက္ပြဲ အပိုင္း (၁)တြင္ ပါဝင္ေသာၿမိဳ႕နယ္မ်ားမွ ႏိုင္ငံေရးပါတီမ်ား၏ ေ႐ြးေကာက္ပြဲဆိုင္ရာစုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္းကိုေအာက္တိုဘာ ၂၈ ရက္မွစတင္ကာ ရက္ေပါင္း (၆၀) ခြင့္ျပဳေပးခဲ့ျခင္းလည္းျဖစ္သည္။

သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)

Related news

© 2021. All rights reserved.