တိုင်းရင်းသားတို့၏ ဖက်ဒရယ်အရေး ပုဒ်မ(၂၆၁) ကိစ္စ သမ္မတသစ်၏အမြော်အမြင်ကို စောင့်ကြည့်ရမည်ဟုဆို

 247

Pearl (NP News) - ဒီဇင်ဘာလ ၂၆

နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC အဖွဲ့တို့သည် ပြီးခဲ့သောကာလများတွင် နေပြည် တော်၌ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုများရ အခြေခံဥပဒေ(၂၀ဝ၈) ခုနှစ်ပါ အရေးကြီးပုဒ်မ(၄၃) ချက်ကို ပြင်ဆင်ရန်အတွက် နှစ်ဖက်အကြား သဘောတူညီမှုများရရှိထားကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးကာလများတွင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြဖူးသည့် တိုင်းရင်းသားတို့၏ ဖက်ဒရယ် အရေးအတွက် အရေးကြီးပုဒ်မ (၂၆၁) အပါအဝင် ပုဒ်မအချို့ကိုပြင်ဆင်ရန် မူအားဖြင့် နှစ်ဖက်အကြား သဘောတူညီမှုများရရှိထားကြောင်းလည်းသိရ သည်။
အဆိုပါ ပုဒ်မ (၂၆၁)ကို ပြင်ဆင်ရန် ၎င်းကိုယ်တိုင်တိုက်တွန်းထားပြီး ပြင်ဆင်ပြီးပါကလည်း ဖက်ဒရယ်စနစ်ကို ဦးတည်သည့် ပြုပြင်ပြောင်းလဲမှု ဖြစ်လာနိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News သို့ပြောသည်။
" အခုလောလောဆယ် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ရွေးကောက်ပွဲမတိုင်ခင်မှာ သဘောတူထားတာ (၄၃) ချက်ရှိတယ်။ (၄၃)ချက်အပြင်ကို မူအားဖြင့် သဘောတူထားပြီးတော့ အသေးစိတ် ဆက်လက် ဆွေးနွေးဖို့ဆိုပြီး ပြုစုထားတဲ့အချက်တွေ ရှိပါတယ်။ အဲဒီထဲမှာ ပုဒ်မ (၂၆၁) အပါအဝင် အရေးကြီးတဲ့ ပုဒ်မတွေလည်း ပါပါတယ်။ ဒါကြောင့် (၂၆၁) ပြင်ဖို့ ကျွန်တော်တို့ ကိုယ်တိုင်က တိုက်တွန်းထားတဲ့ အကြံ ပြုထားတဲ့ပုဒ်မလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ (၂၆၁) ပြင်ဖို့ လုံးဝ အပြည့်အဝကို သဘောတူပါတယ်။ ဒါမှလည်း ပြည်နယ်တွေ တိုင်းဒေသကြီးတွေမှာ သက်ဆိုင်ရာ လွှတ်တော်က ဝန်ကြီးချုပ်တွေ ဖြစ်လာ ခြင်းအားဖြင့် ဖက်ဒရယ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်း လဲမှု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါ တယ်" ဟု ဦးကိုကိုကြီးက ပြောသည်။
ထို့ပြင် ပုဒ်မ (၂၆၁) ကို မပြင်ဆင်ရ သေးသည့်တိုင် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာ မည့် သမ္မတအသစ်မှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ပါတီတစ်ခုခုမှ အနိုင်ရ ပုဂ္ဂိုလ်ကို သက်ဆိုင်ရာ ပြည်နယ်၌ ဝန်ကြီးချုပ်အဖြစ် ခန့်အပ် မည်ဆိုပါက ခန့်အပ်နိုင်ကြောင်းလည်း သိရသည်။
" တကယ့်တကယ်က (၂၆၁)ကို မပြင်နိုင် ခင်မှာကတည်းက သမ္မတသဘောတူရင် တိုင်းရင်း သားပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်ကို ဝန်ကြီး ချုပ်ခန့်လို့ရတယ်။ အဲဒါက ပြောရရင် အာဏာရ ပါတီက ဘယ်လောက် အမြင်ကျယ်ကျယ်နဲ့ သဘော ထားကြီးကြီးနဲ့ဆိုတာအပေါ်မူတည်တယ်။ ဆိုလို တာက (၂၆၁) မပြင်ရသေးတဲ့အချိန်မှာတောင်မှ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းရင်းသားပါတီတစ်ခုခုက ပုဂ္ဂိုလ်အနိုင်ရသည်ဖြစ်စေ၊ အများစု အနိုင်မရလို့ အထိုက်အလျောက် အနိုင်ရရင်တောင်မှ ဒီပုဂ္ဂိုလ် ကိုတော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဝန်ကြီးချုပ် ပေးသင့်တယ်လို့ သမ္မတက ခန့်မယ်ဆိုရင် ခန့်လို့ရတဲ့ အခြေအနေရှိတယ်။ ဒါကြောင့် (၂၆၁) ပြင်ဖို့ ကြိုးစား တာက တစ်ပိုင်း၊ မပြင်ခင်မှာကတည်းက အနိုင်ရ ပါတီတွေရဲ့ သဘောထားကြီးမှု အမြင်ကျယ်မှုပေါ်မှာ မူတည်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး၊ တန်းတူညီမျှရေးကို အကောင်အထည်ဖော်နိုင် တယ်လို့ မြင်ပါတယ်"ဟု ဦးကိုကိုကြီးက ဆက်ပြော သည်။
ထို့အတူ သမ္မတအသစ်၏ သဘောထား ပေါ်မူတည်၍ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်အသီးသီးက ‌‌‌ရွေးချယ်ခန့်အပ်နိုင်ပြီး ထိုသို့ သက်ဆိုင်ရာလွှတ် တော်မှ ခန့်အပ်မည်ဆိုပါက ဝန်ကြီးချုပ်များ အနေဖြင့် ၎င်းတို့ဒေသဖွံ့ဖြိုးရေးအတွက် အပြိုင် အဆိုင်‌ဆောင်ရွက်နိုင်သည့်အပြင် တိုင်းရင်းသားတို့ ၏ ဖက်ဒရယ်အရေးအတွက်ပါ များစွာ အထောက် အကူဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းကလည်း NP News သို့ ပြောသည်။
" (၂၆၁)ကို မပြင်ဆင်ခင်ကိုပဲ သမ္မတရဲ့ သဘောထားပေါ်မူတည်ပြီး လုပ်လို့ရတယ်။ သမ္မတ က မပြင်သေးဘဲနဲ့လည်း လုပ်လို့ရတယ်။ သက်ဆိုင် ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်က ရွေးကြ ဆိုရင် ရတာပေါ့။ သဘောထားကြီးရင်တော့ ရတာ ပေါ့။ သမ္မတခန့်တဲ့ ဝန်ကြီးချုပ် မဟုတ်ဘူး ကိုယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ထဲ ကနေ ဝန်ကြီးချုပ်ဖြစ်ရင် သူ့တိုင်းဒေသကြီး ခန့်တဲ့ ဝန်ကြီးချုပ် ဖြစ်သွားရင် သူ့သက်ဆိုင်ရာ တိုင်းဒေ သကြီးနဲ့ ပြည်နယ်အတွက် ကြိုးစားတော့မှာပေါ့။ ကိုယ့်ပြည်နယ် ကိုယ့်တိုင်း ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်လုပ်ကြမှာပေါ့။ အပြိုင်အဆိုင် လုပ်ကြမှာ လေ။ တိုင်းရင်းသားတွေ အတွက်တော့ပိုကောင်း တာပေါ့ဗျာ။ ကချင်လွှတ်တော်အတွက် ရွေးကောက် တဲ့ ကချင်ဝန်ကြီးချုပ်ပေါ့။ အလားတူပဲ ရှမ်းပြည်က လည်း ရှမ်းပြည်က ‌ရွေးချယ်တဲ့ ဝန်ကြီးချုပ်ပေါ့} ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ထို့ပြင် ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းအား တာဝန်ပေးရမည် ဆိုသည့် အခြေခံဥပဒေ(၂၀ဝ၈)ခုနှစ်ပါ ပုဒ်မ (၂၈၈) ကို ပြင်ဆင်ရန်လည်း နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC အဖွဲ့တို့ကြား ဆွေးနွေးထားပြီး ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာခရိုင်မှ ရွေးချယ် တင်မြှောက်သည့် အုပ်ချုပ်ရေးမှူးခန့်အပ်ရန် အတွက် မူအားဖြင့် သဘောတူညီထားကြောင်းလည်း သိရသည်။
" (၂၆၁) ပြင်ပြီးတာတောင် ဖက်ဒရယ် အပြည့်အဝ မဟုတ်သေးဘူး။ အန်ကယ်တို့ လိုချင် တာက ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ် ရေးမှူးတွေ ကလည်း ရွေးကောက်တင်မြှောက်တဲ့ဟာ လုပ်ရမယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ် ချုပ်ရေးမှူးကို ဝန်ထမ်းတွေပဲ ခန့်ရမယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူးလေ။ လိုချင်တာက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို သက် ဆိုင်ရာ မြို့နယ် ၊ သက်ဆိုင်ရာ ခရိုင်က ‌ရွေးချယ်တင် မြှောက်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေး မှူးလုပ်ရမယ်။ ထွေအုပ်ကတော့ ဘာလုပ်မလဲ။ ထွေအုပ်က အတွေ့အကြုံရှိတယ်ဆိုရင် အတွင်းရေး မှူးလုပ်ပေါ့။ ဒါမှ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ဖြစ်ရမယ်လေ။ ခရိုင်ကိုလည်း မူအားဖြင့် သဘောတူပြီးပြီ။ မြို့နယ်တစ်ခုပဲ ပြန်ဆွေးနွေးရမှာ" ဟု ဦးစိုင်းအိုက်ပေါင်းက ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို အခန်းပေါင်း (၁၅)ခန်း၊ ပုဒ်မပေါင်း (၄ဝဝ)ကျော်ဖြင့် ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးကာလများတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကလည်း ယင်းဥပဒေကို ပြင်ဆင် ရန် ကြိုးပမ်းခဲ့ကြဖူးကြောင်း သိရသည်။

Zawgyi Version:
တိုင္းရင္းသားတို႔၏ ဖက္ဒရယ္အေရး ပုဒ္မ (၂၆၁) ကိစၥ သမၼတသစ္၏ အေျမာ္အျမင္ကို ေစာင့္ၾကည့္ရမည္ဟုဆို
Pearl (NP News) - ဒီဇင္ဘာလ ၂၆
ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC အဖြဲ႕တို႔သည္ ၿပီးခဲ့ေသာကာလမ်ားတြင္ ေနျပည္ ေတာ္၌ ႏွစ္ႀကိမ္ထက္မနည္း ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး ေတြ႕ဆုံမႈမ်ားရ အေျခခံဥပေဒ(၂၀ဝ၈) ခုႏွစ္ပါ အေရးႀကီးပုဒ္မ(၄၃) ခ်က္ကို ျပင္ဆင္ရန္အတြက္ ႏွစ္ဖက္အၾကား သေဘာတူညီမႈမ်ားရရွိထားေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့ေသာ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေဝးကာလမ်ားတြင္ ျပင္ဆင္ရန္ ႀကိဳးပမ္းခဲ့ၾကဖူးသည့္ တိုင္းရင္းသားတို႔၏ ဖက္ဒရယ္ အေရးအတြက္ အေရးႀကီးပုဒ္မ (၂၆၁) အပါအဝင္ ပုဒ္မအခ်ိဳ႕ကိုျပင္ဆင္ရန္ မူအားျဖင့္ ႏွစ္ဖက္အၾကား သေဘာတူညီမႈမ်ားရရွိထားေၾကာင္းလည္းသိရ သည္။
အဆိုပါ ပုဒ္မ (၂၆၁)ကို ျပင္ဆင္ရန္ ၎ကိုယ္တိုင္တိုက္တြန္းထားၿပီး ျပင္ဆင္ၿပီးပါကလည္း ဖက္ဒရယ္စနစ္ကို ဦးတည္သည့္ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္လာႏိုင္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက NP News သို႔ေျပာသည္။
" အခုေလာေလာဆယ္ ဖြဲ႕စည္းပုံျပင္ဆင္ဖို႔ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ သေဘာတူထားတာ (၄၃) ခ်က္ရွိတယ္။ (၄၃)ခ်က္အျပင္ကို မူအားျဖင့္ သေဘာတူထားၿပီးေတာ့ အေသးစိတ္ ဆက္လက္ ေဆြးေႏြးဖို႔ဆိုၿပီး ျပဳစုထားတဲ့အခ်က္ေတြ ရွိပါတယ္။ အဲဒီထဲမွာ ပုဒ္မ (၂၆၁) အပါအဝင္ အေရးႀကီးတဲ့ ပုဒ္မေတြလည္း ပါပါတယ္။ ဒါေၾကာင့္ (၂၆၁) ျပင္ဖို႔ ကြၽန္ေတာ္တို႔ ကိုယ္တိုင္က တိုက္တြန္းထားတဲ့ အႀကံ ျပဳထားတဲ့ပုဒ္မလည္း ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ (၂၆၁) ျပင္ဖို႔ လုံးဝ အျပည့္အဝကို သေဘာတူပါတယ္။ ဒါမွလည္း ျပည္နယ္ေတြ တိုင္းေဒသႀကီးေတြမွာ သက္ဆိုင္ရာ လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ေတြ ျဖစ္လာ ျခင္းအားျဖင့္ ဖက္ဒရယ္ကို ဦးတည္တဲ့ ျပဳျပင္ေျပာင္း လဲမႈ ျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔က ေမွ်ာ္လင့္ပါ တယ္" ဟု ဦးကိုကိုႀကီးက ေျပာသည္။
ထို႔ျပင္ ပုဒ္မ (၂၆၁) ကို မျပင္ဆင္ရ ေသးသည့္တိုင္ ေ႐ြးေကာက္ပြဲအၿပီး ထြက္ေပၚလာ မည့္ သမၼတအသစ္မွ သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးတြင္ ပါတီတစ္ခုခုမွ အႏိုင္ရ ပုဂၢိဳလ္ကို သက္ဆိုင္ရာ ျပည္နယ္၌ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ မည္ဆိုပါက ခန႔္အပ္ႏိုင္ေၾကာင္းလည္း သိရသည္။
" တကယ့္တကယ္က (၂၆၁)ကို မျပင္ႏိုင္ ခင္မွာကတည္းက သမၼတသေဘာတူရင္ တိုင္းရင္း သားပါတီ၊ တိုင္းရင္းသား ကိုယ္စားလွယ္ကို ဝန္ႀကီး ခ်ဳပ္ခန႔္လို႔ရတယ္။ အဲဒါက ေျပာရရင္ အာဏာရ ပါတီက ဘယ္ေလာက္ အျမင္က်ယ္က်ယ္နဲ႔ သေဘာ ထားႀကီးႀကီးနဲ႔ဆိုတာအေပၚမူတည္တယ္။ ဆိုလို တာက (၂၆၁) မျပင္ရေသးတဲ့အခ်ိန္မွာေတာင္မွ သက္ဆိုင္ရာ ျပည္နယ္၊ တိုင္းရင္းသားပါတီတစ္ခုခုက ပုဂၢိဳလ္အႏိုင္ရသည္ျဖစ္ေစ၊ အမ်ားစု အႏိုင္မရလို႔ အထိုက္အေလ်ာက္ အႏိုင္ရရင္ေတာင္မွ ဒီပုဂၢိဳလ္ ကိုေတာ့ သက္ဆိုင္ရာ ျပည္နယ္ေတြမွာ ဝန္ႀကီးခ်ဳပ္ ေပးသင့္တယ္လို႔ သမၼတက ခန႔္မယ္ဆိုရင္ ခန႔္လို႔ရတဲ့ အေျခအေနရွိတယ္။ ဒါေၾကာင့္ (၂၆၁) ျပင္ဖို႔ ႀကိဳးစား တာက တစ္ပိုင္း၊ မျပင္ခင္မွာကတည္းက အႏိုင္ရ ပါတီေတြရဲ႕ သေဘာထားႀကီးမႈ အျမင္က်ယ္မႈေပၚမွာ မူတည္ၿပီးေတာ့ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရး၊ တန္းတူညီမွ်ေရးကို အေကာင္အထည္ေဖာ္ႏိုင္ တယ္လို႔ ျမင္ပါတယ္"ဟု ဦးကိုကိုႀကီးက ဆက္ေျပာ သည္။
ထို႔အတူ သမၼတအသစ္၏ သေဘာထား ေပၚမူတည္၍ ဝန္ႀကီးခ်ဳပ္မ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္လႊတ္ေတာ္အသီးသီးက ‌‌‌ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ၿပီး ထိုသို႔ သက္ဆိုင္ရာလႊတ္ ေတာ္မွ ခန႔္အပ္မည္ဆိုပါက ဝန္ႀကီးခ်ဳပ္မ်ား အေနျဖင့္ ၎တို႔ေဒသဖြံ႕ၿဖိဳးေရးအတြက္ အၿပိဳင္ အဆိုင္‌ေဆာင္႐ြက္ႏိုင္သည့္အျပင္ တိုင္းရင္းသားတို႔ ၏ ဖက္ဒရယ္အေရးအတြက္ပါ မ်ားစြာ အေထာက္ အကူျဖစ္ေၾကာင္း ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမို ကရက္တစ္ပါတီ (က်ားျဖဴပါတီ) ဥကၠ႒ ဦးစိုင္း အိုက္ေပါင္းကလည္း NP News သို႔ ေျပာသည္။
" (၂၆၁)ကို မျပင္ဆင္ခင္ကိုပဲ သမၼတရဲ႕ သေဘာထားေပၚမူတည္ၿပီး လုပ္လို႔ရတယ္။ သမၼတ က မျပင္ေသးဘဲနဲ႔လည္း လုပ္လို႔ရတယ္။ သက္ဆိုင္ ရာ တိုင္းေဒသႀကီးနဲ႔ျပည္နယ္လႊတ္ေတာ္က ေ႐ြးၾက ဆိုရင္ ရတာေပါ့။ သေဘာထားႀကီးရင္ေတာ့ ရတာ ေပါ့။ သမၼတခန႔္တဲ့ ဝန္ႀကီးခ်ဳပ္ မဟုတ္ဘူး ကိုယ့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ထဲ ကေန ဝန္ႀကီးခ်ဳပ္ျဖစ္ရင္ သူ႔တိုင္းေဒသႀကီး ခန႔္တဲ့ ဝန္ႀကီးခ်ဳပ္ ျဖစ္သြားရင္ သူ႔သက္ဆိုင္ရာ တိုင္းေဒ သႀကီးနဲ႔ ျပည္နယ္အတြက္ ႀကိဳးစားေတာ့မွာေပါ့။ ကိုယ့္ျပည္နယ္ ကိုယ့္တိုင္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အစြမ္းကုန္လုပ္ၾကမွာေပါ့။ အၿပိဳင္အဆိုင္ လုပ္ၾကမွာ ေလ။ တိုင္းရင္းသားေတြ အတြက္ေတာ့ပိုေကာင္း တာေပါ့ဗ်ာ။ ကခ်င္လႊတ္ေတာ္အတြက္ ေ႐ြးေကာက္ တဲ့ ကခ်င္ဝန္ႀကီးခ်ဳပ္ေပါ့။ အလားတူပဲ ရွမ္းျပည္က လည္း ရွမ္းျပည္က ‌ေ႐ြးခ်ယ္တဲ့ ဝန္ႀကီးခ်ဳပ္ေပါ့} ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။
ထို႔ျပင္ ခ႐ိုင္အဆင့္ ႏွင့္ ၿမိဳ႕နယ္အဆင့္တို႔၏ အုပ္ခ်ဳပ္ေရးကို ႏိုင္ငံ့ဝန္ထမ္းအား တာဝန္ေပးရမည္ ဆိုသည့္ အေျခခံဥပေဒ(၂၀ဝ၈)ခုႏွစ္ပါ ပုဒ္မ (၂၈၈) ကို ျပင္ဆင္ရန္လည္း ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC အဖြဲ႕တို႔ၾကား ေဆြးေႏြးထားၿပီး ခ႐ိုင္အဆင့္ အုပ္ခ်ဳပ္ေရးမႉးကို သက္ဆိုင္ရာခ႐ိုင္မွ ေ႐ြးခ်ယ္ တင္ေျမႇာက္သည့္ အုပ္ခ်ဳပ္ေရးမႉးခန႔္အပ္ရန္ အတြက္ မူအားျဖင့္ သေဘာတူညီထားေၾကာင္းလည္း သိရသည္။
" (၂၆၁) ျပင္ၿပီးတာေတာင္ ဖက္ဒရယ္ အျပည့္အဝ မဟုတ္ေသးဘူး။ အန္ကယ္တို႔ လိုခ်င္ တာက ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးေတြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉးေတြ ကလည္း ေ႐ြးေကာက္တင္ေျမႇာက္တဲ့ဟာ လုပ္ရမယ္။ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ခ႐ိုင္အုပ္ ခ်ဳပ္ေရးမႉးကို ဝန္ထမ္းေတြပဲ ခန႔္ရမယ္ဆိုတာ ဒီမိုကေရစီမဟုတ္ဘူးေလ။ လိုခ်င္တာက ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးကို သက္ ဆိုင္ရာ ၿမိဳ႕နယ္ ၊ သက္ဆိုင္ရာ ခ႐ိုင္က ‌ေ႐ြးခ်ယ္တင္ ေျမႇာက္တဲ့ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရး မႉးလုပ္ရမယ္။ ေထြအုပ္ကေတာ့ ဘာလုပ္မလဲ။ ေထြအုပ္က အေတြ႕အႀကဳံရွိတယ္ဆိုရင္ အတြင္းေရး မႉးလုပ္ေပါ့။ ဒါမွ တိုင္းရင္းသားေတြလိုခ်င္တဲ့ ဖက္ဒရယ္ဆိုတာ ျဖစ္ရမယ္ေလ။ ခ႐ိုင္ကိုလည္း မူအားျဖင့္ သေဘာတူၿပီးၿပီ။ ၿမိဳ႕နယ္တစ္ခုပဲ ျပန္ေဆြးေႏြးရမွာ" ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာ သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္)ကို အခန္းေပါင္း (၁၅)ခန္း၊ ပုဒ္မေပါင္း (၄ဝဝ)ေက်ာ္ျဖင့္ ေရးဆြဲျပ႒ာန္းထားျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္အစည္း အေဝးကာလမ်ားတြင္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကလည္း ယင္းဥပေဒကို ျပင္ဆင္ ရန္ ႀကိဳးပမ္းခဲ့ၾကဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.