တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဂါဇာဒေသတွင် (၂)နှစ်အတွင်း ခရစ္စမတ်ပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပ

150

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၆
တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဂါဇာဒေသတွင် (၂)နှစ်အတွင်း ခရစ္စမတ်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးနိုင်ငံကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က ပြန်လည်လက်တုံ့ပြန်ချိန်တွင် ဂါဇာဒေသ တွင် စစ်ပွဲဖြစ်လာခဲ့ပြီး ခရစ္စမတ်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်သည့်ခရစ္စမတ်ပွဲကို ဂါဇာဒေသရှိ တစ်ခုတည်းသော ကက်သလစ် ဘုရားကျောင်း ဖြစ်သည့် Holy Family ဘုရားကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်ဖြင့်သာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ဘုရားကျောင်းအတွင်းခရစ္စမတ်ပွဲကို အကန့်သတ်ဖြင့်ကျင်းပခဲ့ပြီး ဆုတောင်းခြင်းအပြင် ခရစ္စမတ် သစ်ပင်ကို အလှဆင်ကာ ခရစ္စမတ်သီချင်းများကို သီဆိုခဲ့ကြောင်း သိရသည်။
ခရစ္စမတ်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ဟာ စစ်ပွဲရဲ့နောက်ဆက်တွဲအခြေအနေမှ လွတ်မြောက်လာနေဆဲဖြစ်တယ်" ဟု ပြောသည်။ ဂါဇာဒေသတွင် ခရစ်ယာန်ဘာသာဝင်အရေအတွက် နည်းပါးပြီး ၂ဝဝ၇ ခုနှစ်တွင် ခရစ်ယာန်ဘာသာဝင် ၃ဝဝဝ ရှိရာမှ လက်ရှိအချိန်တွင် ၁ဝဝဝ ဝန်းကျင်သာရှိကြောင်း သိရသည်။
ဂါဇာဒေသတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် အပစ်ခတ်ရပ်စဲနိုင်ရန် ကြားဝင် စေ့စပ်ခဲ့ပြီး အောက်တိုဘာ ၁ဝ ရက်တွင် အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ကြောင်း သိရသည်။
အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့သော်လည်း အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်မှုများရှိနေဆဲဖြစ်သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုများ ပိတ်ပင်ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန် ထားသည်။ ကုလသမဂ္ဂအဖွဲ့က တိုက်ပွဲများဖြစ်လာခဲ့ခြင်းကြောင့် ဂါဇာဒေသ၏ စီးပွားရေးအခြေနေက ဆိုးရွားနေပြီး အဆောက်အဦး ၇ဝ ရာခိုင်နှုန်း ပျက်စီးထားသည့်အတွက် ဂါဇာဒေသတွင်နေထိုင်သူအများစုက အမှိုက်ပုံများ နှင့် တဲများဖြင့် နေထိုင်နေရကြောင်း သိရသည်။ ဂါဇာဒေသတွင် စစ်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း လူပေါင်း ခုနှစ်သောင်းကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိထားသော်လည်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့က ဂါဇာဒေသအတွင်းမှ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုတ်သိမ်းရန်တောင်းဆိုနေသလို အစ္စရေးဘက်ကလည်း ဟားမက်စ်လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးထားသူများ အပြန်အလှန်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Zawgyi Version:
တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္ ဂါဇာေဒသတြင္ (၂)ႏွစ္အတြင္း ခရစၥမတ္ပြဲေတာ္ကို ပထမဆုံးအႀကိမ္က်င္းပ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၆
တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္ ဂါဇာေဒသတြင္ (၂)ႏွစ္အတြင္း ခရစၥမတ္ပြဲေတာ္ကို ပထမဆုံးအႀကိမ္ က်င္းပႏိုင္ခဲ့ ေၾကာင္း သိရသည္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ ႀကိဳတင္သတိေပးခ်က္မရွိဘဲ အစၥေရးႏိုင္ငံကို ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလအတြင္ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးဘက္က ျပန္လည္လက္တုံ႔ျပန္ခ်ိန္တြင္ ဂါဇာေဒသ တြင္ စစ္ပြဲျဖစ္လာခဲ့ၿပီး ခရစၥမတ္ပြဲမ်ား က်င္းပႏိုင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း သိရသည္။
ဒီဇင္ဘာ ၂၅ ရက္တြင္ က်ေရာက္သည့္ခရစၥမတ္ပြဲကို ဂါဇာေဒသရွိ တစ္ခုတည္းေသာ ကက္သလစ္ ဘုရားေက်ာင္း ျဖစ္သည့္ Holy Family ဘုရားေက်ာင္းတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး အကန႔္အသတ္ျဖင့္သာ က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။ ဘုရားေက်ာင္းအတြင္းခရစၥမတ္ပြဲကို အကန႔္သတ္ျဖင့္က်င္းပခဲ့ၿပီး ဆုေတာင္းျခင္းအျပင္ ခရစၥမတ္ သစ္ပင္ကို အလွဆင္ကာ ခရစၥမတ္သီခ်င္းမ်ားကို သီဆိုခဲ့ေၾကာင္း သိရသည္။
ခရစၥမတ္ပြဲက်င္းပေရး တာဝန္ရွိသူတစ္ဦးက ''ကြၽန္ေတာ္တို႔ဟာ စစ္ပြဲရဲ႕ေနာက္ဆက္တြဲအေျခအေနမွ လြတ္ေျမာက္လာေနဆဲျဖစ္တယ္" ဟု ေျပာသည္။ ဂါဇာေဒသတြင္ ခရစ္ယာန္ဘာသာဝင္အေရအတြက္ နည္းပါးၿပီး ၂ဝဝ၇ ခုႏွစ္တြင္ ခရစ္ယာန္ဘာသာဝင္ ၃ဝဝဝ ရွိရာမွ လက္ရွိအခ်ိန္တြင္ ၁ဝဝဝ ဝန္းက်င္သာရွိေၾကာင္း သိရသည္။
ဂါဇာေဒသတြင္ တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရသည္ အပစ္ခတ္ရပ္စဲႏိုင္ရန္ ၾကားဝင္ ေစ့စပ္ခဲ့ၿပီး ေအာက္တိုဘာ ၁ဝ ရက္တြင္ အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။
အပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ေသာ္လည္း အစၥေရးသည္ ဂါဇာေဒသကို တိုက္ခိုက္မႈမ်ားရွိေနဆဲျဖစ္သလို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမႈမ်ား ပိတ္ပင္ထားဆဲျဖစ္ေၾကာင္း ကုလသမဂၢအဖြဲ႕က သတင္းထုတ္ျပန္ ထားသည္။ ကုလသမဂၢအဖြဲ႕က တိုက္ပြဲမ်ားျဖစ္လာခဲ့ျခင္းေၾကာင့္ ဂါဇာေဒသ၏ စီးပြားေရးအေျခေနက ဆိုး႐ြားေနၿပီး အေဆာက္အဦး ၇ဝ ရာခိုင္ႏႈန္း ပ်က္စီးထားသည့္အတြက္ ဂါဇာေဒသတြင္ေနထိုင္သူအမ်ားစုက အမႈိက္ပုံမ်ား ႏွင့္ တဲမ်ားျဖင့္ ေနထိုင္ေနရေၾကာင္း သိရသည္။ ဂါဇာေဒသတြင္ စစ္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လူေပါင္း ခုႏွစ္ေသာင္းေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပါလက္စတိုင္းက်န္းမာေရးအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈရရွိထားေသာ္လည္း ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕က ဂါဇာေဒသအတြင္းမွ အစၥေရးတပ္ဖြဲ႕မ်ား ျပန္လည္႐ုတ္သိမ္းရန္ေတာင္းဆိုေနသလို အစၥေရးဘက္ကလည္း ဟားမက္စ္လက္နက္ကိုင္ အဖြဲ႕မွ ဖမ္းဆီးထားသူမ်ား အျပန္အလွန္လႊဲေျပာင္းေပးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။