ရန်ကုန်တိုင်းဒေသကြီးတွင် နံနက် (၁) နာရီမှ နံနက် (၃) နာရီအထိ ညမထွက်ရအမိန့် ရုပ်သိမ်း

220
(NP News)-ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့( ဒီဇင်ဘာ ၂၆) ရက်တွင် ထုတ်ပြန်ထားသည်။
Zawgyi Version:ရန္ကုန္တိုင္းေဒသႀကီးတြင္ နံနက္ (၁) နာရီမွ နံနက္ (၃) နာရီအထိ ညမထြက္ရအမိန႔္ ႐ုပ္သိမ္း
(NP News)-ဒီဇင္ဘာ ၂၆
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္(၄၄)ၿမိဳ႕နယ္ (ကိုကိုးကြၽန္းၿမိဳ႕နယ္မပါ)တြင္ လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ ထုတ္ျပန္၍ နံနက္(၁)နာရီမွ နံနက္(၃)နာရီအခ်ိန္အတြင္း ညမထြက္ရအမိန႔္ကို ထုတ္ျပန္ထားခဲ့ရာ ယခုအခါ ရန္ကုန္တိုင္းေဒသႀကီးအတြင္း နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းမႈ ပိုမိုတိုးတက္ေကာင္းမြန္လာၿပီျဖစ္ပါသျဖင့္ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရးဆိုင္ရာကိစၥရပ္မ်ား တိုးတက္ေဆာင္႐ြက္ႏိုင္ေရး၊ အမ်ားျပည္သူမ်ား သြားလာမႈအဆင္ေျပေခ်ာေမြ႕ေစေရးႏွင့္ လုပ္ငန္းမ်ားပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစေရးရည္႐ြယ္၍ လက္ရွိထုတ္ျပန္ထားေသာ နံနက္(၁)နာရီမွ နံနက္(၃)နာရီအခ်ိန္အတြင္း ညမထြက္ရ အမိန႔္အား ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္ေန႔ နံနက္မွစတင္၍ ႐ုပ္သိမ္းေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ယေန႔( ဒီဇင္ဘာ ၂၆) ရက္တြင္ ထုတ္ျပန္ထားသည္။