ဆင်ဖြူကျွန်းမြို့ကို PDF အဖွဲ့က တိုက်ပွဲဖော်ဆောင်ကာ လမ်းဘေးတစ်လျှောက်မိုင်းများ ထောင်ထားသဖြင့် ဒေသခံများ အခက်ကြုံနေ

 633

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ကို ဒေသခံများတားဆီးနေသည့် ကြားမှ PDF အဖွဲ့က တိုက်ပွဲဖော်ဆောင် ကာ လမ်းဘေးတစ်လျှောက်မိုင်းများထောင်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများ အခက်အခဲကြုံတွေ့နေရ ကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဆင်ဖြူကျွန်းမြို့ကို PDF အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်၊ ညပိုင်းမှစတင်ကာ တိုက်ပွဲများဖော်ဆောင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများလည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရ ကြောင်း သိရသည်။
“ပြည်သူအခြေအနေကတော့ အရှင်းဆုံးပြောရရင် စလင်းမြို့ခံရော ဆင်ဖြူကျွန်းမြို့ခံရောက အကုန်လုံးက PDF ဝင်မှာကို မလိုလားဘူးပေါ့နော်။ သူတို့ဘက်ကထောက်ခံလူတွေကိုယ်တိုင်ကိုက အကုန်လုံးမဝင်စေချင်ဘူး။ အခုလည်း ဘုမသိဘမသိနဲ့ ညကြီးမိုးချုပ်ကို ဝင်လိုက်တဲ့ကိစ္စက တချို့ဆိုရင် ပြည်သူတွေ ဒဏ်ရာရတာရှိတယ်။ အခုထိတော့ တပ်ဘက်ကလည်းထိတာရှိတယ်။ PDF ဘက်ကလည်း ထိတာရှိတယ်။ အကျအဆုံးများတယ်လို့ တော့ သိရတယ်။ (၂) ဖက်စစ်ရေးကတော့ တင်းမာနေတယ်။ ကြားထဲက ပြည်သူပဲနာတာ။ ပြည်သူက မပြောရဲလို့ သာမပြောတာ။ လိုင်းပေါ်တွေလည်း မတင်ရဲလို့မတင်တာ။ စစ်ရှောင်ရင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ဒေသခံများ အေးချမ်းစွာနေထိုင်လိုသည့်အကြားမှာ PDF အဖွဲ့က တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူများမှာ များစွာဒုက္ခရောက်နေကြကြောင်း ၎င်းကဆိုသည်။
“အရှင်းဆုံးပြောရရင် အေးချမ်းနေတဲ့အချိန်မှာ ဘာမှမဖြစ်ဘူး။ သူတို့ (PDF) တွေဝင်လာတဲ့ အချိန် တွေကြ ပြဿနာတွေက အကုန်တက်ကြတာ။ စီးပွားတွေ ပျက်ပေါ့နော်။ PDF တွေ ဝင်မှမြို့ကြေမှာကိုပဲ စိုးရိမ်နေကြရတာ ပေါ့။ ဝင်မှာကိုလုံးဝမလိုလားဘူးပေါ့နော်။ အေးအေးချမ်းချမ်းနေချင်ကြတာတော့အမှန်ပဲ။ အခုဖြစ်တဲ့ (၂) ရက်၊ (၃) ရက်လောက်ကိုပဲ မြို့ခံတွေက ထမင်းလဲမစားနိုင်ဘူး။ စိုးရိမ်နေကြရတာ။ ထမင်းကို မချက်စားနိုင်ကြဘူး။ အိပ်လည်း မအိပ်ရဲကြဘူး။ ကလေးကော လူကြီးကော အကုန်ဒုက္ခရောက်ကြတာ” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်ရာတွင်လည်း ဆင်ဖြူကျွန်းမြို့နှင့် (၇) မိုင်ခန့်သာကွာဝေးသည့် စလင်းမြို့သို့ ပြောင်းရွေ့သူများပြား ပြီး PDF ၏လမ်းပိတ်ဆို့မှုများ၊ လမ်းဘေးတစ်လျှောက်ထောင်ထားသည့် မိုင်းများကြောင့် သွားလာရာတွင်လည်း အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သိရသည်။
“စစ်ရှောင်ရင်လည်း မိုင်းတွေရှိတော့ ခွေးတိုးဘာတိုးနဲ့ကွဲသွားတာတွေကလည်း ရှိတယ်။ လမ်းကသာပေမယ့် မိုင်းတွေနဲ့ ဘာတွေနဲ့ အခက်အခဲ တွေဖြစ်နေတာ။ အခုကတော့ မြို့ထဲမှာလူသိပ်မှရှိတော့ဘူး။ စဖြစ်တုန်းကတော့ ကြိုသိတဲ့လူတွေကတော့ရှောင်ကြတယ်။ ကြိုမသိတဲ့လူတွေကတော့ များသော အားဖြင့် မရှောင်ဘူး အဲဒီမှာပိတ်မိနေကြတယ်။ အရှေ့ဘက်မှာကလည်း သူတို့က မိုင်းတွေ ထောင်ထားတယ်။ မြောက်ဘက်ကလည်း သူတို့ပဲပေါ့နော်။ တောင်ဘက်ကလည်း သူတို့ပိတ်ထားတယ်ဆိုတော့ ဘယ်လိုမှမထွက်ရဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိတွင်လည်း ဆင်ဖြူကျွန်း၏ အနောက်ဘက် နွယ်တမယ်ကျေးရွာတွင်လည်း တပ်မတော်နှင့် PDF အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
NUG လက်အောက်ခံ စလင်းပကဖအဖွဲ့ကမူ ဆင်ဖြူကျွန်းမြို့ခံများအား တိုက်ပွဲဖော်ဆောင်မည်ဖြစ်သဖြင့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့ဘက်သို့ထွက်ခွာရန် ထုတ်ပြန်ထားသော်လည်း ဒေသခံအချို့မှာမူ နေရပ်စွန့်ခွာရန် အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။

Zawgyi Version:
ဆင္ျဖဴကြၽန္းၿမိဳ႕ကို PDF အဖြဲ႕က တိုက္ပြဲေဖာ္ေဆာင္ကာ လမ္းေဘးတစ္ေလွ်ာက္မိုင္းမ်ား ေထာင္ထားသျဖင့္ ေဒသခံမ်ား အခက္ႀကဳံေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၇
မေကြးတိုင္းေဒသႀကီး၊ ဆင္ျဖဴကြၽန္းၿမိဳ႕ကို ေဒသခံမ်ားတားဆီးေနသည့္ ၾကားမွ PDF အဖြဲ႕က တိုက္ပြဲေဖာ္ေဆာင္ ကာ လမ္းေဘးတစ္ေလွ်ာက္မိုင္းမ်ားေထာင္ထားသျဖင့္ စစ္ေဘးေရွာင္ျပည္သူမ်ား အခက္အခဲႀကဳံေတြ႕ေနရ ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဆင္ျဖဴကြၽန္းၿမိဳ႕ကို PDF အဖြဲ႕က ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၂ရက္၊ ညပိုင္းမွစတင္ကာ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့ ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ေဒသခံမ်ားလည္း ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနၾကရ ေၾကာင္း သိရသည္။
“ျပည္သူအေျခအေနကေတာ့ အရွင္းဆုံးေျပာရရင္ စလင္းၿမိဳ႕ခံေရာ ဆင္ျဖဴကြၽန္းၿမိဳ႕ခံေရာက အကုန္လုံးက PDF ဝင္မွာကို မလိုလားဘူးေပါ့ေနာ္။ သူတို႔ဘက္ကေထာက္ခံလူေတြကိုယ္တိုင္ကိုက အကုန္လုံးမဝင္ေစခ်င္ဘူး။ အခုလည္း ဘုမသိဘမသိနဲ႔ ညႀကီးမိုးခ်ဳပ္ကို ဝင္လိုက္တဲ့ကိစၥက တခ်ိဳ႕ဆိုရင္ ျပည္သူေတြ ဒဏ္ရာရတာရွိတယ္။ အခုထိေတာ့ တပ္ဘက္ကလည္းထိတာရွိတယ္။ PDF ဘက္ကလည္း ထိတာရွိတယ္။ အက်အဆုံးမ်ားတယ္လို႔ ေတာ့ သိရတယ္။ (၂) ဖက္စစ္ေရးကေတာ့ တင္းမာေနတယ္။ ၾကားထဲက ျပည္သူပဲနာတာ။ ျပည္သူက မေျပာရဲလို႔ သာမေျပာတာ။ လိုင္းေပၚေတြလည္း မတင္ရဲလို႔မတင္တာ။ စစ္ေရွာင္ရင္လည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေပါ့” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ေဒသခံမ်ား ေအးခ်မ္းစြာေနထိုင္လိုသည့္အၾကားမွာ PDF အဖြဲ႕က တိုက္ပြဲေဖာ္ေဆာင္ခဲ့သည့္အတြက္ ေဒသခံျပည္သူမ်ားမွာ မ်ားစြာဒုကၡေရာက္ေနၾကေၾကာင္း ၎ကဆိုသည္။
“အရွင္းဆုံးေျပာရရင္ ေအးခ်မ္းေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္ဘူး။ သူတို႔ (PDF) ေတြဝင္လာတဲ့ အခ်ိန္ ေတြၾက ျပႆနာေတြက အကုန္တက္ၾကတာ။ စီးပြားေတြ ပ်က္ေပါ့ေနာ္။ PDF ေတြ ဝင္မွၿမိဳ႕ေၾကမွာကိုပဲ စိုးရိမ္ေနၾကရတာ ေပါ့။ ဝင္မွာကိုလုံးဝမလိုလားဘူးေပါ့ေနာ္။ ေအးေအးခ်မ္းခ်မ္းေနခ်င္ၾကတာေတာ့အမွန္ပဲ။ အခုျဖစ္တဲ့ (၂) ရက္၊ (၃) ရက္ေလာက္ကိုပဲ ၿမိဳ႕ခံေတြက ထမင္းလဲမစားႏိုင္ဘူး။ စိုးရိမ္ေနၾကရတာ။ ထမင္းကို မခ်က္စားႏိုင္ၾကဘူး။ အိပ္လည္း မအိပ္ရဲၾကဘူး။ ကေလးေကာ လူႀကီးေကာ အကုန္ဒုကၡေရာက္ၾကတာ” ဟု ၎က ေျပာသည္။
စစ္ေဘးေရွာင္ရာတြင္လည္း ဆင္ျဖဴကြၽန္းၿမိဳ႕ႏွင့္ (၇) မိုင္ခန႔္သာကြာေဝးသည့္ စလင္းၿမိဳ႕သို႔ ေျပာင္းေ႐ြ႕သူမ်ားျပား ၿပီး PDF ၏လမ္းပိတ္ဆို႔မႈမ်ား၊ လမ္းေဘးတစ္ေလွ်ာက္ေထာင္ထားသည့္ မိုင္းမ်ားေၾကာင့္ သြားလာရာတြင္လည္း အခက္အခဲမ်ားစြာျဖစ္ေပၚေနေၾကာင္း သိရသည္။
“စစ္ေရွာင္ရင္လည္း မိုင္းေတြရွိေတာ့ ေခြးတိုးဘာတိုးနဲ႔ကြဲသြားတာေတြကလည္း ရွိတယ္။ လမ္းကသာေပမယ့္ မိုင္းေတြနဲ႔ ဘာေတြနဲ႔ အခက္အခဲ ေတြျဖစ္ေနတာ။ အခုကေတာ့ ၿမိဳ႕ထဲမွာလူသိပ္မွရွိေတာ့ဘူး။ စျဖစ္တုန္းကေတာ့ ႀကိဳသိတဲ့လူေတြကေတာ့ေရွာင္ၾကတယ္။ ႀကိဳမသိတဲ့လူေတြကေတာ့ မ်ားေသာ အားျဖင့္ မေရွာင္ဘူး အဲဒီမွာပိတ္မိေနၾကတယ္။ အေရွ႕ဘက္မွာကလည္း သူတို႔က မိုင္းေတြ ေထာင္ထားတယ္။ ေျမာက္ဘက္ကလည္း သူတို႔ပဲေပါ့ေနာ္။ ေတာင္ဘက္ကလည္း သူတို႔ပိတ္ထားတယ္ဆိုေတာ့ ဘယ္လိုမွမထြက္ရဘူး ျဖစ္ေနတယ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ လက္ရွိတြင္လည္း ဆင္ျဖဴကြၽန္း၏ အေနာက္ဘက္ ႏြယ္တမယ္ေက်း႐ြာတြင္လည္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္ေနေၾကာင္း သိရသည္။
NUG လက္ေအာက္ခံ စလင္းပကဖအဖြဲ႕ကမူ ဆင္ျဖဴကြၽန္းၿမိဳ႕ခံမ်ားအား တိုက္ပြဲေဖာ္ေဆာင္မည္ျဖစ္သျဖင့္ ဒီဇင္ဘာ ၂၅ ရက္၊ နံနက္ ၈ နာရီမွ ညေန ၆ နာရီအတြင္း စလင္းၿမိဳ႕ဘက္သို႔ထြက္ခြာရန္ ထုတ္ျပန္ထားေသာ္လည္း ေဒသခံအခ်ိဳ႕မွာမူ ေနရပ္စြန႔္ခြာရန္ အခက္အခဲမ်ား ရွိေနေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.