နယ်စပ်တိုက်ပွဲများ ရပ်တန့်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး

 538

ALynn (NP news)- ဒီဇင်ဘာ ၂၇
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့သည် ရက်သတ္တပတ်အတန်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် စနေနေ့ (ဒီဇင်ဘာ ၂၇) က သဘောတူညီမှုရရှိခဲ့ကြကြောင်း သိရသည်။ ယင်းတိုက်ပွဲများသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများဖြစ်ပြီး တိုက်လေယာဉ်များဖြင့် ပျံသန်းတိုက်ခိုက်ခြင်း၊ ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပါဝင်ခဲ့သည်။

နှစ်ဖက်စလုံးက လက်ရှိတပ်ဖြန့်ထားမှုများကို နောက်ထပ်ရွှေ့ပြောင်းခြင်းမပြုဘဲ ဆက်လက်ထားရှိဖို့ သဘောတူခဲ့ကြသည်' ဟု ၎င်းတို့၏ ကာကွယ်ရေးဝန်ကြီးများက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြသည်။

၎င်းအပစ်အခတ်ရပ်စဲရေးသည် စနေနေ့၏ ဒေသစံတော်ချိန် မွန်းတည့် (ဂရင်းနစ်စံတော်ချိန် ၀၅:၀၀ နာရီ) တွင် စတင်သက်ရောက်မည်ဖြစ်ပြီး ယင်းသဘောတူညီချက်တွင် 'လက်နက်အမျိုးအစားအားလုံး' အသုံးမပြုရန်နှင့် 'မည်သည့်အခြေအနေ၊ မည်သည့်နေရာတွင်မဆို အရပ်သားများ၊ အများပြည်သူပိုင် ပစ္စည်းနှင့် အခြေခံအဆောက်အအုံများအပြင် နှစ်ဖက်စလုံး၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ပါဝင်ကြောင်းသိရသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး နတ်သဖွန် နာခဖန်နင်း နှင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီးဆီဟာ တို့ လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်သည် ရက်ပေါင်း (၂၀) ကြာ တိုက်ပွဲများကို အဆုံးသတ်စေခဲ့သည်။ ထိုတိုက်ပွဲများကြောင့် လူပေါင်း (၁၀၁) ဦး သေဆုံးခဲ့ရပြီး နှစ်ဖက်စလုံးမှ လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ဒီဇင်ဘာလအစောပိုင်းတွင် ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

Zawgyi Version :
နယ္စပ္တိုက္ပြဲမ်ား ရပ္တန႔္ဖို႔ ထိုင္းႏွင့္ ကေမာၻဒီးယားၾကား အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုး
ALynn (NP news)- ဒီဇင္ဘာ ၂၇
ထိုင္းႏွင့္ ကေမာၻဒီးယား ႏွစ္ႏိုင္ငံတို႔သည္ ရက္သတၱပတ္အတန္ၾကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အပစ္အခတ္ရပ္စဲရန္ စေနေန႔ (ဒီဇင္ဘာ ၂၇) က သေဘာတူညီမႈရရွိခဲ့ၾကေၾကာင္း သိရသည္။ ယင္းတိုက္ပြဲမ်ားသည္ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံး တိုက္ခိုက္မႈမ်ားျဖစ္ၿပီး တိုက္ေလယာဥ္မ်ားျဖင့္ ပ်ံသန္းတိုက္ခိုက္ျခင္း၊ ဒုံးက်ည္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္ျခင္းႏွင့္ အေျမာက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းတို႔ ပါဝင္ခဲ့သည္။

ႏွစ္ဖက္စလုံးက လက္ရွိတပ္ျဖန႔္ထားမႈမ်ားကို ေနာက္ထပ္ေ႐ႊ႕ေျပာင္းျခင္းမျပဳဘဲ ဆက္လက္ထားရွိဖို႔ သေဘာတူခဲ့ၾကသည္' ဟု ၎တို႔၏ ကာကြယ္ေရးဝန္ႀကီးမ်ားက အပစ္အခတ္ရပ္စဲေရးဆိုင္ရာ ပူးတြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့ၾကသည္။

၎အပစ္အခတ္ရပ္စဲေရးသည္ စေနေန႔၏ ေဒသစံေတာ္ခ်ိန္ မြန္းတည့္ (ဂရင္းနစ္စံေတာ္ခ်ိန္ ၀၅:၀၀ နာရီ) တြင္ စတင္သက္ေရာက္မည္ျဖစ္ၿပီး ယင္းသေဘာတူညီခ်က္တြင္ 'လက္နက္အမ်ိဳးအစားအားလုံး' အသုံးမျပဳရန္ႏွင့္ 'မည္သည့္အေျခအေန၊ မည္သည့္ေနရာတြင္မဆို အရပ္သားမ်ား၊ အမ်ားျပည္သူပိုင္ ပစၥည္းႏွင့္ အေျခခံအေဆာက္အအုံမ်ားအျပင္ ႏွစ္ဖက္စလုံး၏ စစ္ေရးပစ္မွတ္မ်ားကို တိုက္ခိုက္ျခင္း မျပဳရန္တို႔ ပါဝင္ေၾကာင္းသိရသည္။

ထိုင္းကာကြယ္ေရးဝန္ႀကီး နတ္သဖြန္ နာခဖန္နင္း ႏွင့္ ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီး တီးဆီဟာ တို႔ လက္မွတ္ေရးထိုးခဲ့ေသာ အဆိုပါ သေဘာတူညီခ်က္သည္ ရက္ေပါင္း (၂၀) ၾကာ တိုက္ပြဲမ်ားကို အဆုံးသတ္ေစခဲ့သည္။ ထိုတိုက္ပြဲမ်ားေၾကာင့္ လူေပါင္း (၁၀၁) ဦး ေသဆုံးခဲ့ရၿပီး ႏွစ္ဖက္စလုံးမွ လူဦးေရ ငါးသိန္းေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရေၾကာင္း သိရသည္။


အဆိုပါ တိုက္ပြဲမ်ားသည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၾကားဝင္ေစ့စပ္ ညႇိႏႈိင္းေပးခဲ့သည့္ အပစ္အခတ္ရပ္စဲေရး ပ်က္ျပားသြားၿပီးေနာက္ ဒီဇင္ဘာလအေစာပိုင္းတြင္ ျပန္လည္ျဖစ္ပြားလာခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.