ဦးချစ်ခိုင်၊ ဦးသိမ်းဝေ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် အချို့ကို ဂုဏ်ထူးဆောင်ဘွဲ့ ရုပ်သိမ်းခြင်းမှာ နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆို

 534

Pearl(NP News)-ဒီဇင်ဘာ ၂၇
ဦးချစ်ခိုင်၊ ဦးသိမ်းဝေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဂုဏ်ထူးဆောင်ဘွဲ့ ရုပ်သိမ်းခြင်းမှာ နိုင်ငံရေး နှင့်မသက်ဆိုင်ကြောင်း သိရှိသူ အငြိမ်းစားအရာရှိကြီးတစ်ဦးက NP News သို့ ပြောသည်။
ရုပ်သိမ်းခံရသူများအနက် သူရဦးအောင်ကိုမှာ NLD အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဖြစ်ပြီး သူရဘွဲ့နှင့် ဝဏ္ဏကျော် ထင်ဘွဲ့ချီးမြှင့်ခံထားရသူဖြစ်ကာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ချီးမြှင့်ခံထားရ သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ် ချုပ်အောင်လင်း ထွန်း (ဇေယျကျော်ထင်ဘွဲ့)၊ စစ် လက်နက်ပစ္စည်းòန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ဖြစ်ပြီး ဗိုလ်ချုပ် အောင်လင်းထွန်း နှင့် ဗိုလ်ချုပ်လှမြင့်စိုးတို့မှာ အွန်လိုင်း လိမ်လည်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဖမ်းဆီးထောင်ချခံရခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရသည်။
အလားတူ ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး (၃) ဦးမှာ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစု ဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun (သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)နှင့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန် တံဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များ ချီးမြှင့်ခံထားရသူများအနေဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် ငြိစွန်းသူများဖြစ်ပါက အထက်ပါကဲ့သို့ ပြန်လည်ရုပ်သိမ်းနိုင်ပြီး ယခင်ကလည်း ပြန်လည် ရုပ်သိမ်းမှုများ ရှိခဲ့ဖူးကြောင်းလည်း ၎င်းက ဆိုသည်။
‘‘ဘွဲ့ရထားပြီးပြစ်မှုတစ်ခုလုပ်ရင် ပြန်ရုပ် ရတယ်။ ဘွဲ့ရတဲ့လူက Clear ဖြစ်ရတယ်လေ။ အဲဒါထုံးစံပဲ။ ကြာပြီ မဆလခေတ်ကတည်းက။ ဥပမာ-အန်ကယ် ဌာနဆိုင်ရာမှာ ဘွဲ့ရထားတယ် ဆိုပါစို့။ အန်ကယ် ပြစ်မှုကျူးလွန်လို့ ထောင်ကျသွား ပြီဆိုပါစို့။ ပင်စင်သာ မရုပ်တာ။ ဘွဲ့တွေကတော့ ပါသွားတာပဲ။ အရင်ကလည်းဘွဲ့တွေ ရုပ်သွားတာ တွေ ရှိတာပဲလေ။ အခု ပြန်ရုပ်သိမ်းတဲ့အထဲမှာ တချို့က အွန်လိုင်းလိမ်လည်မှုတွေ ရှိတယ်လေ။ တချို့က လက်နက်ချ တဲ့သူတွေ။ သူရအောင်ကိုဆိုရင် အဂတိ မှုလေ။ နိုင်ငံရေးမှုမှ မဟုတ်တာ။ ဦးသိမ်းဝေတို့က ငွေကြေးမှုလေ။ ဦးခင်ရွှေလည်း အဲဒီအတိုင်းပဲ။ ဦးချစ်ခိုင်ကလည်း ဗဟိုဘဏ်နဲ့ ငွေရေးကြေးရေး ကိစ္စပဲလေ။ ပြစ်မှုဆိုင်ရာ အမှုတွေပဲလေ။ အရင်က လည်း ဘွဲ့တွေ ရုပ်သွားတာတွေ ရှိတာပဲလေ။ နိုင်ငံ ရေးနဲ့မဆိုင်ဘူး” ဟု ၎င်းက ပြောသည်။
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အပိုဒ်(၆၇)တွင် လည်း နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ အကျင့်စာရိတ္တနှင့် စပ်ဆိုင်သောပြစ်မှုကျူးလွန်၍ တရားရုံး၏ အပြစ်ပေးခံရခြင်း၊ ဌာနဆိုင်ရာအရေး ယူခြင်းခံရပြီး အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ နုတ်ပယ်ခြင်း၊ ရပ်စဲခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံ ထိုက်ကြောင်း ထောက်ခံတင်ပြချက်အရ နိုင်ငံတော်က ချီးမြှင့် အပ်နှင်းပြီးနောက် မူလထောက်ခံချက်ပါ အချက်အလက်အကြောင်းအရာများနှင့် စပ်လျဉ်း၍ မမှန်မကန် တင်ပြခဲ့ ကြောင်း ပေါ်ပေါက်တွေ့ရှိခြင်းနှင့် ပြန်လည် ရုပ်သိမ်းသင့်သည့် လုံလောက်သော အခြားအကြောင်းရာများ တွေ့ရှိပါက လည်း ပြန် လည်ရုပ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ထူးဆောင် တံဆိပ်ကို ပြန်လည်ရုပ်သိမ်းပါက ယင်းဘွဲ့အမည် သုံးစွဲခွင့်ကို လည်းကောင်း၊ ယင်းဂုဏ်ထူးဆောင်ဘွဲ့၏အဆောင်အယောင်တံဆိပ်နှင့်ပုံစံတူတံဆိပ်များ တပ်ဆင်ခွင့် ကိုလည်း ကောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ခံစားခွင့်ပြုထားသော အခွင့်အရေးများကိုလည်း ကောင်း၊ ချီးမြှင့်ထောက်ပံ့ငွေများကို လည်းကောင်း ရပ်စဲမည်ဖြစ်ကြောင်းလည်း အပိုဒ် (၆၈)တွင် ပြဋ္ဌာန်းထားသည်။

Zawgyi Version:
ဦးခ်စ္ခိုင္၊ ဦးသိမ္းေဝ အပါအဝင္ စီးပြားေရး လုပ္ငန္းရွင္ အခ်ိဳ႕ကို ဂုဏ္ထူးေဆာင္ဘြဲ႕ ႐ုပ္သိမ္းျခင္းမွာ ႏိုင္ငံေရးႏွင့္ မသက္ဆိုင္ဟုဆို
Pearl(NP News)-ဒီဇင္ဘာ ၂၇
ဦးခ်စ္ခိုင္၊ ဦးသိမ္းေဝအပါအဝင္ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ကို ဂုဏ္ထူးေဆာင္ဘြဲ႕ ႐ုပ္သိမ္းျခင္းမွာ ႏိုင္ငံေရး ႏွင့္မသက္ဆိုင္ေၾကာင္း သိရွိသူ အၿငိမ္းစားအရာရွိႀကီးတစ္ဦးက NP News သို႔ ေျပာသည္။
႐ုပ္သိမ္းခံရသူမ်ားအနက္ သူရဦးေအာင္ကိုမွာ NLD အစိုးရလက္ထက္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး ျဖစ္ၿပီး သူရဘြဲ႕ႏွင့္ ဝဏၰေက်ာ္ ထင္ဘြဲ႕ခ်ီးျမႇင့္ခံထားရသူျဖစ္ကာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္မွာ ဝဏၰေက်ာ္ထင္ဘြဲ႕ႏွင့္ စီမံထူးခြၽန္တံဆိပ္(ဒုတိယအဆင့္)ခ်ီးျမႇင့္ခံထားရ သူျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဘြဲ႕၊ တံဆိပ္႐ုပ္သိမ္းခံရသည့္ ဗိုလ္ခ်ဳပ္ေလးဦးမွာ ကာကြယ္ေရးဒုဝန္ႀကီးေဟာင္း ဗိုလ္ ခ်ဳပ္ေအာင္လင္း ထြန္း (ေဇယ်ေက်ာ္ထင္ဘြဲ႕)၊ စစ္ လက္နက္ပစၥည္းòန္ၾကားမႉးေဟာင္း ဗိုလ္ခ်ဳပ္ဝင္းလြင္(ေဇယ်ာေက်ာ္ထင္ဘြဲ႕)၊ တြဲဖက္ စစ္ေရးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္လွျမင့္စိုး(ေဇယ်ေက်ာ္ထင္ဘြဲ႕)ႏွင့္ သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕ၫႊန္ၾကားေရးမႉးေဟာင္း ဗိုလ္ခ်ဳပ္ ေဇာ္လြင္ဦး(ေဇယ်ေက်ာ္ထင္ဘြဲ႕ႏွင့္ ျမန္မာႏိုင္ငံစစ္မႈထမ္းသဂၤဟတံဆိပ္)တို႔ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ ေအာင္လင္းထြန္း ႏွင့္ ဗိုလ္ခ်ဳပ္လွျမင့္စိုးတို႔မွာ အြန္လိုင္း လိမ္လည္သည့္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ဖမ္းဆီးေထာင္ခ်ခံရျခင္းတို႔ ေၾကာင့္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ဘြဲ႕၊ တံဆိပ္႐ုပ္သိမ္းခံရသည့္ စီးပြားေရးလုပ္ငန္းရွင္ႀကီး (၃) ဦးမွာ ႐ိုးမဘဏ္ႏွင့္ FMI လုပ္ငန္းစု ဥကၠ႒ေဟာင္း ဦးသိမ္းေဝ(ခ) Serge Pun (သီရိပ်ံခ်ီဘြဲ႕)၊ ေဇကမာၻကုမၸဏီဥကၠ႒ ဦးခင္ေ႐ႊ(ဝဏၰေက်ာ္ထင္ဘြဲ႕)ႏွင့္ ဧဒင္လုပ္ငန္းစုဥကၠ႒ ဦးခ်စ္ခိုင္(စည္သူဘြဲ႕၊ ဝဏၰေက်ာ္ထင္ဘြဲ႕၊ စီမံထူးခြၽန္ တံဆိပ္ (ဒုတိယအဆင့္)တို႔ ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ႏိုင္ငံေတာ္မွ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဆုတံဆိပ္မ်ား ခ်ီးျမႇင့္ခံထားရသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒမ်ားႏွင့္ ၿငိစြန္းသူမ်ားျဖစ္ပါက အထက္ပါကဲ့သို႔ ျပန္လည္႐ုပ္သိမ္းႏိုင္ၿပီး ယခင္ကလည္း ျပန္လည္ ႐ုပ္သိမ္းမႈမ်ား ရွိခဲ့ဖူးေၾကာင္းလည္း ၎က ဆိုသည္။
‘‘ဘြဲ႕ရထားၿပီးျပစ္မႈတစ္ခုလုပ္ရင္ ျပန္႐ုပ္ ရတယ္။ ဘြဲ႕ရတဲ့လူက Clear ျဖစ္ရတယ္ေလ။ အဲဒါထုံးစံပဲ။ ၾကာၿပီ မဆလေခတ္ကတည္းက။ ဥပမာ-အန္ကယ္ ဌာနဆိုင္ရာမွာ ဘြဲ႕ရထားတယ္ ဆိုပါစို႔။ အန္ကယ္ ျပစ္မႈက်ဴးလြန္လို႔ ေထာင္က်သြား ၿပီဆိုပါစို႔။ ပင္စင္သာ မ႐ုပ္တာ။ ဘြဲ႕ေတြကေတာ့ ပါသြားတာပဲ။ အရင္ကလည္းဘြဲ႕ေတြ ႐ုပ္သြားတာ ေတြ ရွိတာပဲေလ။ အခု ျပန္႐ုပ္သိမ္းတဲ့အထဲမွာ တခ်ိဳ႕က အြန္လိုင္းလိမ္လည္မႈေတြ ရွိတယ္ေလ။ တခ်ိဳ႕က လက္နက္ခ် တဲ့သူေတြ။ သူရေအာင္ကိုဆိုရင္ အဂတိ မႈေလ။ ႏိုင္ငံေရးမႈမွ မဟုတ္တာ။ ဦးသိမ္းေဝတို႔က ေငြေၾကးမႈေလ။ ဦးခင္ေ႐ႊလည္း အဲဒီအတိုင္းပဲ။ ဦးခ်စ္ခိုင္ကလည္း ဗဟိုဘဏ္နဲ႔ ေငြေရးေၾကးေရး ကိစၥပဲေလ။ ျပစ္မႈဆိုင္ရာ အမႈေတြပဲေလ။ အရင္က လည္း ဘြဲ႕ေတြ ႐ုပ္သြားတာေတြ ရွိတာပဲေလ။ ႏိုင္ငံ ေရးနဲ႔မဆိုင္ဘူး” ဟု ၎က ေျပာသည္။
ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္ တံဆိပ္မ်ားဆိုင္ရာ ျပ႒ာန္းခ်က္အပိုဒ္(၆၇)တြင္ လည္း ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္ျခင္း၊ အက်င့္စာရိတၱႏွင့္ စပ္ဆိုင္ေသာျပစ္မႈက်ဴးလြန္၍ တရား႐ုံး၏ အျပစ္ေပးခံရျခင္း၊ ဌာနဆိုင္ရာအေရး ယူျခင္းခံရၿပီး အျပစ္ရွိေၾကာင္း ေပၚေပါက္သျဖင့္ ရာထူးမွ ထုတ္ပယ္ျခင္း၊ ႏုတ္ပယ္ျခင္း၊ ရပ္စဲျခင္း၊ ဂုဏ္ထူးေဆာင္ဘြဲ႕၊ တံဆိပ္ ခ်ီးျမႇင့္အပ္ႏွင္းျခင္းခံ ထိုက္ေၾကာင္း ေထာက္ခံတင္ျပခ်က္အရ ႏိုင္ငံေတာ္က ခ်ီးျမႇင့္ အပ္ႏွင္းၿပီးေနာက္ မူလေထာက္ခံခ်က္ပါ အခ်က္အလက္အေၾကာင္းအရာမ်ားႏွင့္ စပ္လ်ဥ္း၍ မမွန္မကန္ တင္ျပခဲ့ ေၾကာင္း ေပၚေပါက္ေတြ႕ရွိျခင္းႏွင့္ ျပန္လည္ ႐ုပ္သိမ္းသင့္သည့္ လုံေလာက္ေသာ အျခားအေၾကာင္းရာမ်ား ေတြ႕ရွိပါက လည္း ျပန္ လည္႐ုပ္သိမ္းႏိုင္ေၾကာင္း ျပ႒ာန္းထားသည္။
ထိုသို႔ ဂုဏ္ထူးေဆာင္ဘြဲ႕ ဂုဏ္ထူးေဆာင္ တံဆိပ္ကို ျပန္လည္႐ုပ္သိမ္းပါက ယင္းဘြဲ႕အမည္ သုံးစြဲခြင့္ကို လည္းေကာင္း၊ ယင္းဂုဏ္ထူးေဆာင္ဘြဲ႕၏အေဆာင္အေယာင္တံဆိပ္ႏွင့္ပုံစံတူတံဆိပ္မ်ား တပ္ဆင္ခြင့္ ကိုလည္း ေကာင္း၊ ယင္းတို႔ႏွင့္စပ္လ်ဥ္း၍ ခံစားခြင့္ျပဳထားေသာ အခြင့္အေရးမ်ားကိုလည္း ေကာင္း၊ ခ်ီးျမႇင့္ေထာက္ပံ့ေငြမ်ားကို လည္းေကာင္း ရပ္စဲမည္ျဖစ္ေၾကာင္းလည္း အပိုဒ္ (၆၈)တြင္ ျပ႒ာန္းထားသည္။

Related news

© 2021. All rights reserved.