ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တံခါးပိတ်ကျင်းပသင့်ကြောင်း ရုရှားအစိုးရ မှတ်ချက်ပြု

 79

Pika (NP News) - ဒီဇင်ဘာ ၂၇

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှန်သမျှကို ဖုန်းမှတစ်ဆင့်ပြောသည့် သံတမန်ရေးအစား တံခါးပိတ်ကျင်းပ သင့်ကြောင်း ရုရှားအစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။ အမေရိကန်၏ အချက်(၂၀) ပါငြိမ်းချမ်းရေး အစီအစဉ်မူကြမ်းကို ရုရှားက ပြောင်းလဲရန်ကြိုးပမ်း နေသည်ဆိုသည့် အစီရင်ခံစာများနှင့်ပတ်သက်ပြီး ဒီမစ်ထရီပက်စကော့ဗ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ ကြောင်းသိရသည်။
ဒီမစ်ထရီပက်စကော့ဗ်က ‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မှတ်ချက်ပေးစရာမရှိပါဘူး။ယူကရိန်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှန်သမျှကို တံခါးပိတ်ကျင်းပသင့်တယ်ဆိုတာကို ကျွန်တော်တို့ ဆက်လက်ယုံကြည်နေတုန်းပါပဲ’ ဟုပြောဆိုခဲ့သည်။ ရုရှား နိုင်ငံ ဒွန်းနက်စ်၊ လူဟန့်စ်၊ ဇာပိုရိုဇီရာနှင့် ခါဆွန်ဒေသများရှိ ရှေ့တန်းတစ်လျှောက် ပဋိပက္ခများကိုရပ်တန့် ထားစဉ်အချိန်အတွင်း ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံ Kharkov၊ Dnepropetrovsk၊ Sumy နှင့် Nikolayev ဒေသများမှဆုတ်ခွာပေးရမည့် အစီအစဉ်တစ်ခုကို ယူကရိန်းသမ္မတဇယ်လန်စကီးက ပြီးခဲ့ သည့်ရက်ပိုင်း တွင် ထုတ်ပြန်ပြသခဲ့ကြောင်းသိရသည်။
ထို့ပြင် ယူကရိန်းအတွက် အမေရိကန်၊ နေတိုးအဖွဲ့နှင့် ဥရောပနိုင်ငံများထံမှ လုံခြုံရေးဆိုင်ရာ အာမခံချက်များ ကိုလည်း ဇယ်လန်စကီးက တောင်းဆိုခဲ့ကြောင်းသိရသည်။ ရုရှားက အချက် (၂၀)ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို နောက်ထပ် ဆွေးနွေးပွဲများအတွက် အစပြုရာတစ်ခုအဖြစ်ရှုမြင်ထား သကဲ့သို့ ရုရှားအတွက် အရေးကြီးသော ပြဋ္ဌာန်းချက်များချို့တဲ့နေပြီး ရုရှား၏မေးခွန်းများစွာကိုလည်း မဖြေဘဲထားသည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုအ ဖြစ်လည်းရှုမြင်ထားကြောင်း Bloomberg သတင်း ဌာန၏အဆိုအရသိရသည်။ ထို့ပြင် အနာဂတ်တွင် နေတိုး၏ချဲ့ ထွင်မှုများနှင့် ယူကရိန်း၏ကြားနေအဆင့် များကိုဆန့်ကျင်သည့်အာမခံချက်များကို ရုရှားက ရှာဖွေနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Zawgyi Version:
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို တံခါးပိတ္က်င္းပသင့္ေၾကာင္း ႐ုရွားအစိုးရ မွတ္ခ်က္ျပဳ
Pika (NP News) - ဒီဇင္ဘာ ၂၇

ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွန္သမွ်ကို ဖုန္းမွတစ္ဆင့္ေျပာသည့္ သံတမန္ေရးအစား တံခါးပိတ္က်င္းပ သင့္ေၾကာင္း ႐ုရွားအစိုးရ ေျပာေရး ဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့သည္။ အေမရိကန္၏ အခ်က္(၂၀) ပါၿငိမ္းခ်မ္းေရး အစီအစဥ္မူၾကမ္းကို ႐ုရွားက ေျပာင္းလဲရန္ႀကိဳးပမ္း ေနသည္ဆိုသည့္ အစီရင္ခံစာမ်ားႏွင့္ပတ္သက္ၿပီး ဒီမစ္ထရီပက္စေကာ့ဗ္က မွတ္ခ်က္ေပးရန္ ျငင္းဆိုခဲ့ ေၾကာင္းသိရသည္။
ဒီမစ္ထရီပက္စေကာ့ဗ္က ‘ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ မွတ္ခ်က္ေပးစရာမရွိပါဘူး။ယူကရိန္း ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲမွန္သမွ်ကို တံခါးပိတ္က်င္းပသင့္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ ဆက္လက္ယုံၾကည္ေနတုန္းပါပဲ’ ဟုေျပာဆိုခဲ့သည္။ ႐ုရွား ႏိုင္ငံ ဒြန္းနက္စ္၊ လူဟန႔္စ္၊ ဇာပို႐ိုဇီရာႏွင့္ ခါဆြန္ေဒသမ်ားရွိ ေရွ႕တန္းတစ္ေလွ်ာက္ ပဋိပကၡမ်ားကိုရပ္တန႔္ ထားစဥ္အခ်ိန္အတြင္း ႐ုရွားတပ္ဖြဲ႕မ်ားက ယူကရိန္းႏိုင္ငံ Kharkov၊ Dnepropetrovsk၊ Sumy ႏွင့္ Nikolayev ေဒသမ်ားမွဆုတ္ခြာေပးရမည့္ အစီအစဥ္တစ္ခုကို ယူကရိန္းသမၼတဇယ္လန္စကီးက ၿပီးခဲ့ သည့္ရက္ပိုင္း တြင္ ထုတ္ျပန္ျပသခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ယူကရိန္းအတြက္ အေမရိကန္၊ ေနတိုးအဖြဲ႕ႏွင့္ ဥေရာပႏိုင္ငံမ်ားထံမွ လုံၿခဳံေရးဆိုင္ရာ အာမခံခ်က္မ်ား ကိုလည္း ဇယ္လန္စကီးက ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ ႐ုရွားက အခ်က္ (၂၀)ပါ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ေနာက္ထပ္ ေဆြးေႏြးပြဲမ်ားအတြက္ အစျပဳရာတစ္ခုအျဖစ္ရႈျမင္ထား သကဲ့သို႔ ႐ုရွားအတြက္ အေရးႀကီးေသာ ျပ႒ာန္းခ်က္မ်ားခ်ိဳ႕တဲ့ေနၿပီး ႐ုရွား၏ေမးခြန္းမ်ားစြာကိုလည္း မေျဖဘဲထားသည့္ ၿငိမ္းခ်မ္းေရးအစီအစဥ္တစ္ခုအ ျဖစ္လည္းရႈျမင္ထားေၾကာင္း Bloomberg သတင္း ဌာန၏အဆိုအရသိရသည္။ ထို႔ျပင္ အနာဂတ္တြင္ ေနတိုး၏ခ်ဲ႕ ထြင္မႈမ်ားႏွင့္ ယူကရိန္း၏ၾကားေနအဆင့္ မ်ားကိုဆန႔္က်င္သည့္အာမခံခ်က္မ်ားကို ႐ုရွားက ရွာေဖြေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။

Related news

© 2021. All rights reserved.