ဟိုပန်တွင် အချင်းချင်း စကားများရန်ဖြစ်ပြီး လူသတ်မှုကျူးလွန်သူကို UWSP သေဒဏ်ပေး

210

စိမ့် (NP News) - ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ UWSA ထိန်းချုပ်နယ်မြေ၌ အချင်းချင်း စကားများရာမှ လူသေသည်ထိ ပြစ်မှုကျူးလွန်သူ အမျိုးသားကို "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားစီရင်ရေးဌာန (UWSA/ UWSP)က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကံကြီးအုပ်စု၊ လက်ပံကုန်းရွာက စိုင်းအောင်လင်းဦး (၂၄) နှစ် နှင့် မိုင်းငေါ့မြို့နယ်ခွဲ၊ ပန်ကွဲရွာက တအာင်း(ပလောင်) လူမျိုး မောင်ကျော်လွင်(ခ)ကိုလှ (၃၅) နှစ်တို့ အချင်းချင်းစကားများမှ စိုင်းအောင်လင်းဦး က မောင်ကျော်လွင်ကို တူဖြင့် ခေါင်းကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မောင်ကျော်လွင်သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး စိုင်းအောင်လင်းဦးသည် သေဆုံးသူ၏ လက်ကိုင်ဖုန်းနှင့် ၎င်းဖုန်းကာဗာနောက်မှ တရုတ်ငွေ (၁၅၀) ယွမ်ကိုယူဆောင်သွားပြီး လောင်းကစားရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများကို အဆင့်ဆင့် ပြုလုပ်ပြီးနောက် "ဝ" အခြေခံဥပဒေ ရာဇဝတ်မှုဆိုင်ရာဥပဒေ အခန်း (၄) အရ "နိုင်ငံသား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ခြင်းဆိုင်ရာပြစ်မှု၊ ပုဒ်မ (၁၉၁) အရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်လုံသဖြင့် ကျူးလွန်သူ စိုင်းအောင်လင်းဦးကို သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ သေဒဏ်ပေးခြင်းကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) ၊ မနက် (၉) နာရီခန့်က ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ပြည်သူများပါ တစ်အိမ်တစ်ယောက်နှုန်းဖြင့် လာရောက်ကြည့်ရှု့စေခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဟိုပန္တြင္ အခ်င္းခ်င္း စကားမ်ားရန္ျဖစ္ၿပီး လူသတ္မႈက်ဴးလြန္သူကို UWSP ေသဒဏ္ေပး
စိမ့္ (NP News) - ဒီဇင္ဘာ ၂၇
ရွမ္းျပည္နယ္၊ ဟိုပန္ခ႐ိုင္၊ ဟိုပန္ၿမိဳ႕၊ UWSA ထိန္းခ်ဳပ္နယ္ေျမ၌ အခ်င္းခ်င္း စကားမ်ားရာမွ လူေသသည္ထိ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကို "ဝ"ျပည္ ေသြးစည္းညီၫြတ္ေရးပါတီ၊ "ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း တရားစီရင္ေရးဌာန (UWSA/ UWSP)က ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ကံႀကီးအုပ္စု၊ လက္ပံကုန္း႐ြာက စိုင္းေအာင္လင္းဦး (၂၄) ႏွစ္ ႏွင့္ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ၊ ပန္ကြဲ႐ြာက တအာင္း(ပေလာင္) လူမ်ိဳး ေမာင္ေက်ာ္လြင္(ခ)ကိုလွ (၃၅) ႏွစ္တို႔ အခ်င္းခ်င္းစကားမ်ားမွ စိုင္းေအာင္လင္းဦး က ေမာင္ေက်ာ္လြင္ကို တူျဖင့္ ေခါင္းကို ႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေမာင္ေက်ာ္လြင္သည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး စိုင္းေအာင္လင္းဦးသည္ ေသဆုံးသူ၏ လက္ကိုင္ဖုန္းႏွင့္ ၎ဖုန္းကာဗာေနာက္မွ တ႐ုတ္ေငြ (၁၅၀) ယြမ္ကိုယူေဆာင္သြားၿပီး ေလာင္းကစား႐ုံသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ စုံစမ္းစစ္ေဆးမႈမ်ားကို အဆင့္ဆင့္ ျပဳလုပ္ၿပီးေနာက္ "ဝ" အေျခခံဥပေဒ ရာဇဝတ္မႈဆိုင္ရာဥပေဒ အခန္း (၄) အရ "ႏိုင္ငံသား၏ ပုဂၢိဳလ္ေရးဆိုင္ရာအခြင့္အေရးမ်ားႏွင့္ ဒီမိုကေရစီအခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ျခင္းဆိုင္ရာျပစ္မႈ၊ ပုဒ္မ (၁၉၁) အရ ရည္႐ြယ္ခ်က္ရွိရွိ လူသတ္မႈျဖစ္ေၾကာင္း သက္ေသအေထာက္အထား ခိုင္လုံသျဖင့္ က်ဴးလြန္သူ စိုင္းေအာင္လင္းဦးကို ေသဒဏ္ခ်မွတ္ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထိုသို႔ ေသဒဏ္ေပးျခင္းကို ယေန႔ (ဒီဇင္ဘာ ၂၇ ရက္) ၊ မနက္ (၉) နာရီခန႔္က ဟိုပန္ၿမိဳ႕ယဥ္ေက်းမႈကြင္းတြင္ ျပဳလုပ္ခဲ့ၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားအျပင္ ျပည္သူမ်ားပါ တစ္အိမ္တစ္ေယာက္ႏႈန္းျဖင့္ လာေရာက္ၾကည့္ရႈ႕ေစခဲ့ေၾကာင္း သိရသည္။