တရုတ်က အမေရိကန်ကုမ္ပဏီ(၂ဝ)ခုကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်

3062

Pika (NP News) - ဒီဇင်ဘာ ၂၈
အမေရိကန်က တရုတ်(တိုင်ပေ)ကျွန်းကို စစ်လက်နက်ပစ္စည်းရောင်းချပေးမှုနဲ့ပတ်သက်ပြီး Boeing ဌာနခွဲတစ်ခု အပါအဝင် အမေရိကန်ကာကွယ်ရေးကုမ္ပဏီ(၂၀)ခုကို တရုတ်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ကတိပြုပြောခဲ့ပါတယ်။
တရုတ်(တိုင်ပေ)ကျွန်းအတွက် အမေရိကန်ဒေါ်လာ(၁၁)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချပေးဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတည်ပြုခဲ့ပြီးနောက် တရုတ်ရဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး Boeing ကုမ္ပဏီရဲ့ကာကွယ်ရေးထုတ်လုပ်ရေးစခန်း၊ အာကာသလုပ်ငန်းကြီး Northrop Grumman နဲ့ အခြားကုမ္ပဏီတွေအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းအနည်းငယ်သာရှိပုံပေါ်ပြီး အချို့ကုမ္ပဏီတွေက ယခင်ကတည်းက တရုတ်ရဲ့ပိတ်ဆို့အရေးယူမှုတွေကို ခံခဲ့ရပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version
တ႐ုတ္က အေမရိကန္ကုမၸဏီ(၂ဝ)ခုကို ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္
Pika (NP News) - ဒီဇင္ဘာ ၂၈
အေမရိကန္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို စစ္လက္နက္ပစၥည္းေရာင္းခ်ေပးမႈနဲ႔ပတ္သက္ၿပီး Boeing ဌာနခြဲတစ္ခု အပါအဝင္ အေမရိကန္ကာကြယ္ေရးကုမၸဏီ(၂၀)ခုကို တ႐ုတ္က ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္လာမယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ကတိျပဳေျပာခဲ့ပါတယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အေမရိကန္ေဒၚလာ(၁၁)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြေရာင္းခ်ေပးဖို႔ အေမရိကန္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အတည္ျပဳခဲ့ၿပီးေနာက္ တ႐ုတ္ရဲ႕ပိတ္ဆို႔အေရးယူမႈအသစ္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။ အဲဒီသေဘာတူညီခ်က္ကို တ႐ုတ္ႏိုင္ငံက ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး Boeing ကုမၸဏီရဲ႕ကာကြယ္ေရးထုတ္လုပ္ေရးစခန္း၊ အာကာသလုပ္ငန္းႀကီး Northrop Grumman နဲ႔ အျခားကုမၸဏီေတြအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီကုမၸဏီေတြဟာ တ႐ုတ္ႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းအနည္းငယ္သာရွိပုံေပၚၿပီး အခ်ိဳ႕ကုမၸဏီေတြက ယခင္ကတည္းက တ႐ုတ္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို ခံခဲ့ရၿပီးသားျဖစ္တယ္လို႔လည္း သိရပါတယ္။