ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့က အလွန်နီးကပ်နေပြီလို့ ရုရှားအစိုးရပြော

112

Pika (NP News) - ဒီဇင်ဘာ ၂၈
ယူကရိန်းပဋိပက္ခမှာ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့အတွက် အဓိကတိုးတက်မှုတွေကို ရရှိထားပြီးပြီ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗက် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရုရှားက ပဋိပက္ခကိုဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း ယူကရိန်းရဲ့၎င်းရဲ့ဥရောပ ကျောထောက် နောက်ခံနိုင်ငံတွေက အလားအလာရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖျက်ဆီးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆမြှင့်တင်ခဲ့တယ်လို့ ဆာဂေးရိုက်ယက်ကော့ဗ် က ပြောကြားခဲ့ပါတယ်။
ဆာဂေးရိုက်ယက်ကော့ဗ်က “ဖြေရှင်းချက်တစ်ခုနဲ့ အလွန်နီးကပ်တဲ့အခြေအနေအထိ ကျွန်တော်တို့ ရောက်ရှိနေပါ ပြီ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိကတိုးတက်မှုတွေက ဘယ်အရာတွေဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဆာဂေးရိုက်ယက်ကော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှု တွေက အပြုသဘောဆောင်တဲ့ရလဒ်တွေရှိခဲ့ကြောင်းနဲ့ နောက်ထပ်ဆွေးနွေးမှုတွေကိုလည်း ထပ်မံလုပ်ဆောင် သွားမယ်လို့ ရုရှားအစိုးရရဲ့အထူးသံတမန်ကီရေးဒီမစ်ထရိဗ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြားမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version
ယူကရိန္းပဋိပကၡကို ေျဖရွင္းႏိုင္ဖို႔က အလြန္နီးကပ္ေနၿပီလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၈
ယူကရိန္းပဋိပကၡမွာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုရရွိဖို႔အတြက္ အဓိကတိုးတက္မႈေတြကို ရရွိထားၿပီးၿပီ ျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဒုဝန္ႀကီး ဆာေဂး႐ိုက္ယက္ေကာ့ဗက္ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားက ပဋိပကၡကိုေျဖရွင္းဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္လည္း ယူကရိန္းရဲ႕၎ရဲ႕ဥေရာပ ေက်ာေထာက္ ေနာက္ခံႏိုင္ငံေတြက အလားအလာရွိတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြကို ႏွစ္ဆျမႇင့္တင္ခဲ့တယ္လို႔ ဆာေဂး႐ိုက္ယက္ေကာ့ဗ္ က ေျပာၾကားခဲ့ပါတယ္။
ဆာေဂး႐ိုက္ယက္ေကာ့ဗ္က “ေျဖရွင္းခ်က္တစ္ခုနဲ႔ အလြန္နီးကပ္တဲ့အေျခအေနအထိ ကြၽန္ေတာ္တို႔ ေရာက္ရွိေနပါ ၿပီ” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဓိကတိုးတက္မႈေတြက ဘယ္အရာေတြျဖစ္တယ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ အေမရိကန္နဲ႔ ႐ုရွားတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ေတြက အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြရွိခဲ့ေၾကာင္းနဲ႔ ေနာက္ထပ္ေဆြးေႏြးမႈေတြကိုလည္း ထပ္မံလုပ္ေဆာင္ သြားမယ္လို႔ ႐ုရွားအစိုးရရဲ႕အထူးသံတမန္ကီေရးဒီမစ္ထရိဗ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြၾကားမွာလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။