တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

259

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၈
ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း စံချိန် တင်မြင့်တက်နေပြီး ဒီဇင်ဘာလ (၂၃) ရက် ပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၅၀ဝ)ဝန်းကျင်အထိမြင့်တက်နေခြင်းဖြစ်သည်။ အနောက်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ဖွံ့ဖြိုးတိုးတက် သောနိုင်ငံများတွင် အမေရိကန်ဒေါ်လာအစား ရွှေကို ပိုမိုရင်းနှီးမြှုပ်နှံလာခြင်းကြောင့် ကမ္ဘာ့ရွှေဝယ်လိုအား မြင့်တက်နေခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်ဗဟို ဘဏ်က ငွေကြေးဖောင်းပွမှု မြင့်တက် လာခြင်းအပေါ် ဘဏ်အတိုးနှုန်းများမြင့်တင်ခြင်းဖြင့် ငွေကြေးမူဝါဒ ပြောင်းလဲခဲ့ရာ စတော့ရှယ်ယာ ဈေးကွက်အစား ရွှေ ဈေးကွက်သို့ ဒေါ်လာငွေများ ပြောင်းလဲ စီးဝင်လာခြင်း ဖြစ်သည်။
အမေရိကန်အစိုးရ၏ ငွေတိုက်စာချုပ်များကိုလည်း ဝယ်ယူမှုမြင့်တက်လာရာ အမေရိကန်အစိုးရ၏ အရန်ရွှေစု ဆောင်းမှုမှာလည်း လတ်တလော များပြားနေသည်။ ကမ္ဘာ့ဈေးကွက်အခြေအနေအပေါ်မူတည် ကာ ပြည်တွင်းရွှေဈေး ကွက်သည်လည်း အပြောင်းအလဲများဖြစ်ပေါ်နေပြီး လတ်တလောတွင် ပြည်တွင်း ဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ် သားလျှင် (၉၃) သိန်းဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။
ပြည်တွင်းရွှေဈေးသည် ပြန်လည်ကျဆင်းရန် ခက်ခဲနိုင်ပြီး ကမ္ဘာ့ရွှေဈေးပေါ်မူတည်ကာ ဆက်လက် မြင့်တက် နေမည်ဖြစ်သည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးအပါအဝင် နိုင်ငံခြား ငွေဈေးနှုန်းများ တည်ငြိမ်နေပြီး အများစုမှာ ဈေးနှုန်း အကျပိုင်းသို့ဦးတည်နေသည်။ ဒီဇင်ဘာလ (၂၃)ရက် ပြင်ပငွေလဲနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် (၃၉၈၅)ကျပ်အထိကျဆင်းလာပြီး တရုတ် ယွမ်၊ ထိုင်း ဘတ်နှင့် အိန္ဒိယ ရူပီးဈေးများပါ ကျဆင်းနေခြင်း ဖြစ်သည်။ ပို့ကုန်/သွင်းကုန် မူဝါဒအပြောင်းအလဲမရှိပါက ပြင်ပငွေလဲဈေးနှုန်း အပြောင်းအလဲမရှိနိုင် ကြောင်း ဈေးကွက်အတွင်းမှသိရသည်။
လတ်တလောထူးခြားချက်အနေဖြင့် မကြာမီ ကျင်းပတော့မည့်ရွေးကောက်ပွဲကြောင့် ပြည်တွင်းရှိ လုပ်ငန်း ရှင်အများစုမှာ လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားမပြုလုပ်ဘဲ လုပ်ငန်းလည်ပတ် ရန်သာလုပ် ကိုင်နေကြကြောင်းသိရသည်။ အဓိကအားဖြင့် သွင်းကုန်လုပ်ငန်းရှင်အများစုမှာ လုပ်ငန်းအများစုကို ပုံမှန်လည်ပတ် နိုင်သည့်အခြေအနေဖြင့်သာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ရွေးကောက်ပွဲပြီးဆုံးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေကိုမူတည်ကာ အိမ် ခြံမြေနှင့် ကားဈေးကွက်အပါအဝင် ပြည်တွင်းဈေး ကွက်တစ်ခုလုံး စောင့်ကြည့်နေကြကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။ လက်ရှိအချိန်သည် ပြောင်းသီးနှံများ စတင်ရိတ်သိမ်းချိန်ဖြစ်ပြီး ရှမ်းပြည်နယ်တွင်း အများဆုံးထွက်ရှိ လာမည်ဖြစ်သည်။
ပြောင်းသီးနှံကို ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အဓိကဝယ်ယူနေခြင်းဖြစ်ရာ ထိုင်းနိုင်ငံ၏ အခွန် လွတ်တင် သွင်းခွင့်ကို ပြောင်းလုပ်ငန်းရှင်များ စောင့်ဆိုင်းနေကြသည်။ ထိုင်းနိုင်ငံဘက်မှ အခွန်ကင်းလွတ် ခွင့်ဖြင့် စတင် ဝယ်ယူပါက ပြောင်းဈေးနှုန်းများ မြင့်တက်လာပြီး တောင်သူများ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။ ဈေးကွက်အတွင်း အခက်အခဲကြုံနေရ သောတောင်သူများမှာ ကြံစိုက်တောင်သူများဖြစ်ကြပြီး လက်ရှိ သကြားစက်ရုံများမှ ကြံဝယ်ယူ ရာတွင် စိုက်စရိတ်ပင်ပြန်လည်မရရှိသောအခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်။
(စံချိန်တင်မြင့်တက်နေသည့် ရွှေဈေးကွက်နှင့်ငွေလဲဈေးနှုန်းများ)
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးကွက် သည် ကမ္ဘာ့ရွှေဈေးကွက်နှင့်အပြိုင် စံချိန်တင်မြင့်တက်နေပြီး လတ်တလောတွင် ဈေးနှုန်းပြန်လည်ကျ ဆင်းနိုင်ခြေမရှိကြောင်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ကမ္ဘာ့ရွှေပေါက် ဈေးမှာ ရွှေတစ်အောင်စလျှင် (၄၄၉၅) ဒေါ်လာပေါက်ဈေးရှိပြီး ပြည်တွင်းရွှေဈေး ကွက်အတွင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် (၉၂၈၀ဝဝဝ)အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။ ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဗဟိုဘဏ်၏ ငွေ ကြေးမူဝါဒအပြောင်းအလဲကြောင့် ဆက်တိုက်မြင့် တက်နေခြင်းဖြစ်ရာ ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။ (၂၀၂၅)ခုနှစ်ကုန်ဆုံးချိန် ခရစ္စမတ်ပိတ် ရက်ကာလများသို့ရောက်ရှိနေရာ နိုင်ငံတကာဈေး ကွက်အတွင်း ရွှေဝယ်လို အားမြင့်တက်နေပြီး (၂၀၂၆) ခုနှစ် နှစ်ဆန်းပိုင်းအထိ ဆက်လက်မြင့်တက်နိုင် ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ ကခန့်မှန်းထားသည်။ ကမ္ဘာ့ရွှေဈေးသည် ယခုနှစ်ကုန်တွင် တစ်အောင်စလျှင် (၅၀ဝဝ)ဒေါ်လာအထိ အများဆုံးမြင့် တက်နိုင်ကြောင်း နိုင်ငံတကာ ရွှေဈေးကွက်ကျွမ်းကျင် သူများကခန့်မှန်းထားသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း(၉၀)ကျော်အထိမြင့်တက် နေရာ ကမ္ဘာ့ ရွှေဈေး ဆက်လက်မြင့်တက်ပါက သိန်းတစ်ရာဝန်းကျင်အထိရောက်ရှိနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ခန့်မှန်း ပြောဆိုနေကြသည်။ ရွှေဈေး အဆမတန်မြင့်တက်နေမှုကြောင့် လတ်တလောတွင် ရွှေဆိုင်အများစုမှာ အခေါက် ရွှေအရောင်း ရပ်နားထားပြီး အဝယ်ပိုင်းကိုသာလုပ်ကိုင်နေကြကြောင်းသိရသည်။ ရွှေဈေးအတက် အကျမြန်ဆန်နေ သောကြောင့် ရွှေဝယ်ယူစုဆောင်းသူများအနေဖြင့် ရောင်းမှား/ ဝယ်မှားမဖြစ်စေရန်သတိထားသင့် ကြောင်း ဝါရင့်ရွှေ လုပ်ငန်းရှင်များက အကြံပြုပြောကြားသည်။
ငွေလဲဈေးကွက်အတွင်းတွင် ငွေလဲဈေးနှုန်းများ တည်ငြိမ်နေပြီး ဈေးအကျပိုင်းတွင်ရပ်တည်နေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာဈေးသည် ယခုတစ် ပတ်အတွင်း မြန်မာငွေ (၄၀ဝဝ)အောက်အထိကျ ဆင်းလာရာ အထွေထွေကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်သည်။ ဒီဇင်ဘာလ(၂၃)ရက် ပေါက်ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၃၉၈၅)ကျပ်၊ တရုတ်တစ်ယွမ်လျှင် (၅၆၇)ကျပ် ထိုင်းတစ်ဘတ်လျှင်(၁၂၈)ကျပ်နှင့် အိန္ဒိယ တစ်ရူပီး လျှင် (၄၄)ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်းသိရသည်။ နိုင်ငံခြားငွေလဲနှုန်းများကျဆင်းနေရာ ပြည်တွင်းသို့ တင်သွင်းနေသည့် စက်သုံးဆီနှင့်စားအုန်းဆီ ဈေးများပါ လိုက်ပါကျဆင်းနေပြီး အခြေခံပြည်သူများ အတွက် အဆင်ပြေ နေကြောင်းသိရသည်။ စက်သုံး ဆီဈေးမှာ ဓာတ်ဆီတစ်လီတာလျှင် (၂၅၀ဝ)ကျပ် ဝန်းကျင်သာရှိသောကြောင့် နှစ်နှစ်ဝန်းကျင်အတွင်း အနိမ့်ဆုံးဈေးများဖြစ်ကြောင်းသိရသည်။ လာမည့် ရက်ပိုင်းအတွင်း ငွေလဲနှုန်းများမှာ အပြောင်းအလဲ နည်းပါးနိုင်ပြီး ပြည်ပသွင်းကုန်များမှာ ဈေးနှုန်းကျ ဆင်းလာနိုင်ဖွယ်ရှိနေသည်။
(ရွေးကောက်ပွဲအပေါ်စောင့်ကြည့်နေသည့် မြန်မာ့ဈေးကွက်)
မကြာခင်ကျင်းပမည့် (၂၀၂၅)ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပေါ် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များစောင့်ကြည့်နေပြီး ရွေးကောက်ပွဲလွန်ကာလဖြစ်ပေါ်လာမည့် နိုင်ငံရေး စီးပွားရေးအခြေ အနေများနှင့် သက်ဆိုင်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းများအတွင်း သွင်းကုန်လုပ်ငန်းလုပ် ကိုင်သူများနှင့် အိမ်ခြံမြေ၊ ကားလုပ် ငန်းရှင်များမှာ ရွေးကောက်ပွဲအလွန် အစိုးရသစ်၏ စီးပွားရေးမူဝါဒ အပြောင်းအလဲကို ပိုမိုမျှော်လင့်နေကြခြင်းဖြစ်သည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွင်း (၂၅/၇၅) ရာခိုင်နှုန်းဖြင့် ငွေလဲလှယ်နေရခြင်း၊ ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် (၂၁၀ဝ)နှုန်းဖြင့် ကိန်းသေ သတ်မှတ်ထားခြင်း စသည့် ငွေကြေးဆိုင်ရာမူဝါဒများ အပြောင်းအလဲ ပြုလုပ်ရန် မျှော်လင့်နေကြခြင်းဖြစ်သည်။ လတ်တလောတွင် လုပ်ငန်းရှင်အများစုမှာ စီးပွားရေးဈေးကွက်အတွင်း ငွေအလုံးအရင်းဖြင့် ရင်းနှီး မြှုပ်နှံခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် သာ လုပ်ကိုင်နေကြကြောင်းသိရသည်။
အထူးသဖြင့် ပြည်ပမှတင်သွင်းရသည် စက္ကူ၊ စာရေးကိရိယာ၊ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂနှင့် အထွေထွေ အိမ်သုံးပစ္စည်းများမှာ ယခင်တင်သွင်းထားသည့်လက်ကျန်ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးနေပြီး အသစ် ထပ်မံတင်သွင်းမှုနည်းပါး ကြောင်းသိရသည်။ အိမ်ခြံမြေလုပ်ငန်းများအတွင်း အရောင်းအဝယ်နည်းပါးသွားပြီး အခွန်နှုန်း အပြောင်း အလဲအပေါ် စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ထို့ပြင် အိမ်ခြံမြေဈေးနှုန်းများမှာ ငွေကြေး ဖောင်းပွမှုနှင့်အတူ ဆက်တိုက်မြင့်တက်နေရာ ဝယ်လက်နည်းပါး ခြင်းကို ကြုံတွေ့နေရခြင်းဖြစ်သည်။ ရွေးကောက်ပွဲလွန်ကာလတွင် ငွေကြေးဖောင်းပွမှုကျ ဆင်းလာပါက အိမ်ခြံမြေလုပ်ငန်းများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်သောကြောင့် ဝယ် ရောင်းသမားများမှာ လုပ်ငန်း များရပ်နားထားကြောင်း သိရသည်။ လာမည့်ရွေးကောက်ပွဲလွန်ကာလသည် နိုင်ငံရေးစီးပွားရေး အထိုက်အလျောက် အပြောင်းအ လဲရှိနိုင်သောကြောင့် စီးပွားရေးလုပ်ငန်းများအကြား အပြောင်းအလဲများကို မျှော်လင့်နေကြောင်းသိရ သည်။
(ပြောင်းသီးနှံနှင့်ထိုင်းနိုင်ငံ၏အခွန်လွတ်ရာသီနီးကပ်လာခြင်း)
အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ချိန်ကာလနီးကပ်လာ၍ ပြည်တွင်း၌ ပြောင်း ဈေး အနည်းငယ်မြင့်တက်လာကြောင်း ပြောင်းကုန် သည်များထံမှသိရသည်။ ထိုင်းနိုင်ငံအနေဖြင့် လက်ရှိတွင် အခွန်ကင်း လွတ်ခွင့်ဖြင့် ပြောင်းသီးနှံဝယ်ယူခြင်းကို ယခုနှစ် စက်တင်ဘာလမှ လာမည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီ လကုန်အထိ (၅)လတာခန့်ရပ်ဆိုင်းထားပြီး လက်ရှိတွင် ပြန်လည်တင်ပို့နိုင်ရန် အချိန် (၂)လခန့် သာလိုအပ်ခြင်းကြောင့် ပြောင်းဈေး အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းမှထွက်ရှိသောပြောင်းများကို ထိုင်းနိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး လတ်တလောတွင် ထိုင်း နိုင်ငံသို့ ပြောင်းတင်ပို့မှုရပ်တန့်ထားသဖြင့် ပြောင်း ဈေးများကျဆင်းနေကြောင်းသိရသည်။ လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံဘက်မှ အခွန်လွတ်ဖြင့် ပြောင်းပြန်လည်ဝယ်ယူမည်ဖြစ်ရာ ဈေးအနည်းငယ် ပြန်တက်လာကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် နှစ်စဉ် ပြောင်းလိုအပ်ချက် တန်ချိန်(၉)သန်းခန့်ရှိပြီး လိုအပ်သောပြောင်းတန်ချိန် (၈၈)ရာခိုင်နှုန်းကို မြန်မာနိုင်ငံဘက်မှ တင်သွင်းနေရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ တွင် ပြောင်းထွက်ရှိချိန်တွင် ပြည်ပမှ အဝယ်ရပ်ထား ပြီး ပြောင်းထွက်ချိန်ကုန်ဆုံးမှသာ ပြည်ပမှ အခွန် လွတ်ဖြင့်တင်သွင်ခြင်းဖြစ်သည်။ ဘုရင့်နောင်ကုန် စည်ဒိုင်ဈေးကွက်တွင် နိုဝင်ဘာလလယ်ပိုင်းက ပြောင်းတစ်ပိဿာလျှင် (၁၃၇၀)ကျပ်အထိသာဈေး ရရှိခဲ့ပြီး လက်ရှိတွင် ပြောင်းတစ် ပိဿာလျှင် (၁၄၆၀) ကျပ်အထိ ပြန်လည်ဈေးမြင့်တက်လာကြောင်းသိရ သည်။
ထို့ပြင် ထိုင်းအစိုးရအနေဖြင့် လာမည့်ပြောင်း တင်ပို့ချိန်ကာလတွင် ဝယ်ယူမှုနှင့်ပတ်သက်၍ မူဝါဒ အသစ်များ ပြန်လည်ချမှတ်နိုင်ခြေရှိသဖြင့် စောင့်ကြည့်ရမည့်အနေအထားတွင်ရှိကြောင်း ပြောင်းကုန် သည်များထံမှသိရသည်။ မြန်မာ့ဒေသထွက် ပြောင်း ၏ (၅၀)ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံသို့တင်ပို့နေခြင်း ဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် နိုင်ငံများကိုလည်း အနည်းငယ်တင်ပို့လျက်ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံနေဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိကတင်ပို့ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း ဖြင့်သာ အဓိက တင်ပို့နေကြောင်းသိရသည်။
(အရှုံးဖြင့်ရင်ဆိုင်နေရသည့် ကြံစိုက်တောင်သူများ)
စိုက်ပျိုးစရိတ်မြင့်မားနေသည့်အပြင် အထွေထွေကုန်ကျစရိတ်များ ယခင်ထက်မြင့်မားနေချိန်၌ ယခုနှစ် ကြံဈေးမှာ ယခင်နှစ်အောက် လျော့သောနှုန်း မျိုးဖြစ်နေ၍ ကြံစိုက်တောင်သူများ စိုက်ရှုံးအခြေအ နေမျိုးကြုံနေ ရကြောင်း ကြံစိုက်ပျိုးသူများကြားမှသိ ရသည်။
လွန်ခဲ့သောနှစ်က ကြံတစ်တန် စက်ရုံအရောက် ဈေး (၁၈၀ယဝဝဝ)ကျပ်မှ (၂၀ဝယဝဝဝ)ကျပ်ကြား ဈေး ကောင်းပေးဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် စက်ရုံ အရောက်ဈေး (၁၅၀ယဝဝဝ)ကျပ်မှ (၁၇၀ယဝဝဝ) ကျပ် ကြား ဝယ်ယူနေခြင်းဖြစ်သည်။
ယခင်က တရုတ်နိုင်ငံဘက်က မူဆယ်နယ်စပ်မှ တစ်ဆင့် သကြားဝယ်ယူမှုများရှိခဲ့ရာ ပြည်တွင်းသ ကြားဈေးများနှင့်ကြံဈေးများ ကောင်းမွန်ခဲ့သော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်မှုရပ်တန့်သွားခြင်း ကြောင့် သကြားဈေးနှင့် ကြံဈေးများ ကျဆင်းနေခြင်း ဖြစ်သည်။ ဈေးကွက်အတွင်းတွင် သကြားဈေးများမှာ လည်း ယခင်နှစ်က တစ်ပိဿာလျှင် (၅၁၀ဝ) ကျပ် ဈေးဝန်းကျင်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဒီဇင်ဘာလ (၂၃) ရက်ပေါက်ဈေးအရ (၄၁၀ဝ)ကျပ်ဝန်းကျင်နှုန်းဖြင့် ဘုရင့်နောင်ပွဲရုံများအတွင်း ဈေးဖွင့်၍ အရောင်းအ ဝယ်လုပ်ခဲ့ကြကြောင်းသိရသည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံး သကြားစက်ရုံပေါင်း (၂၉)ရုံရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနစာရင်းများ၌ ဖော်ပြ ထားပြီး ပို့ကုန်အရည်အသွေးရှိသော သကြား အဖြူ၊ ပြည်တွင်းသုံး သကြားညို၊ သကာရည်များကို ထုတ်လုပ် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်း ဒေသကြီးအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့၌ ဒုတိယအများဆုံးစိုက်ပျိုးကြကာ ရန် ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌လည်း အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း၊ အဆိုပါ စိုက်ပျိုးရာဒေသများတွင် လတ်တလော အခြေအနေများအရ စိုက်ပျိုးထုတ်လုပ်မှုလျော့ပါးခြင်းများရှိပြီး လွန်ခဲ့သော (၂၀၂၄-၂၀၂၅) ကြံရာသီတွင် ကြံတန်ချိန် (၅ယ၃၇၉ယ၅၇၇)တန်ကို ကြိတ်ဝါးနိုင်ခဲ့သလို သကြား ထွက်ရှိမှု (၅၄၃ယ၆၆၃) တန်၊ တင်လဲရည် (၂၆၁ယ၈၉၅) တန် ထွက်ခဲ့ကြောင်းသိရသည်။
ကြံနှင့်သကြားဈေးကွက် ပြန်လည်ကောင်းမွန် ရန်မှာ ပြည်ပမှသကြားဝယ်လိုအားအပေါ်တွင် အဓိ ကမူတည်နေပြီး လတ်တလောတွင် ကြံစိုက်တောင်သူများမှာ စိုက်စရိတ်နှင့်ကြံဈေး မကာမိသောအခြေအနေတွင် ရောက်ရှိနေပြီး စိုက်ရှုံးအဖြစ်သို့ရောက်ရှိနေ ကြသည်။

Zawgyi Version
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၈
ကမာၻ႔ေ႐ႊေဈးသည္ ယခုတစ္ပတ္အတြင္း စံခ်ိန္ တင္ျမင့္တက္ေနၿပီး ဒီဇင္ဘာလ (၂၃) ရက္ ေပါက္ေဈးအရ ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၅၀ဝ)ဝန္းက်င္အထိျမင့္တက္ေနျခင္းျဖစ္သည္။ အေနာက္ႏိုင္ငံမ်ားႏွင့္ ဥေရာပတိုက္ရွိ ဖြံ႕ၿဖိဳးတိုးတက္ ေသာႏိုင္ငံမ်ားတြင္ အေမရိကန္ေဒၚလာအစား ေ႐ႊကို ပိုမိုရင္းႏွီးျမႇဳပ္ႏွံလာျခင္းေၾကာင့္ ကမာၻ႔ေ႐ႊဝယ္လိုအား ျမင့္တက္ေနျခင္းျဖစ္သည္။ ထို႔ျပင္ အေမရိကန္ဗဟို ဘဏ္က ေငြေၾကးေဖာင္းပြမႈ ျမင့္တက္ လာျခင္းအေပၚ ဘဏ္အတိုးႏႈန္းမ်ားျမင့္တင္ျခင္းျဖင့္ ေငြေၾကးမူဝါဒ ေျပာင္းလဲခဲ့ရာ စေတာ့ရွယ္ယာ ေဈးကြက္အစား ေ႐ႊ ေဈးကြက္သို႔ ေဒၚလာေငြမ်ား ေျပာင္းလဲ စီးဝင္လာျခင္း ျဖစ္သည္။
အေမရိကန္အစိုးရ၏ ေငြတိုက္စာခ်ဳပ္မ်ားကိုလည္း ဝယ္ယူမႈျမင့္တက္လာရာ အေမရိကန္အစိုးရ၏ အရန္ေ႐ႊစု ေဆာင္းမႈမွာလည္း လတ္တေလာ မ်ားျပားေနသည္။ ကမာၻ႔ေဈးကြက္အေျခအေနအေပၚမူတည္ ကာ ျပည္တြင္းေ႐ႊေဈး ကြက္သည္လည္း အေျပာင္းအလဲမ်ားျဖစ္ေပၚေနၿပီး လတ္တေလာတြင္ ျပည္တြင္း ေဈးကြက္၌ အေခါက္ေ႐ႊ တစ္က်ပ္ သားလွ်င္ (၉၃) သိန္းဝန္းက်င္အထိ ေပါက္ေဈးျဖစ္ေပၚေနသည္။
ျပည္တြင္းေ႐ႊေဈးသည္ ျပန္လည္က်ဆင္းရန္ ခက္ခဲႏိုင္ၿပီး ကမာၻ႔ေ႐ႊေဈးေပၚမူတည္ကာ ဆက္လက္ ျမင့္တက္ ေနမည္ျဖစ္သည္။ ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးအပါအဝင္ ႏိုင္ငံျခား ေငြေဈးႏႈန္းမ်ား တည္ၿငိမ္ေနၿပီး အမ်ားစုမွာ ေဈးႏႈန္း အက်ပိုင္းသို႔ဦးတည္ေနသည္။ ဒီဇင္ဘာလ (၂၃)ရက္ ျပင္ပေငြလဲႏႈန္းအရ အေမရိကန္တစ္ေဒၚလာလွ်င္ (၃၉၈၅)က်ပ္အထိက်ဆင္းလာၿပီး တ႐ုတ္ ယြမ္၊ ထိုင္း ဘတ္ႏွင့္ အိႏၵိယ ႐ူပီးေဈးမ်ားပါ က်ဆင္းေနျခင္း ျဖစ္သည္။ ပို႔ကုန္/သြင္းကုန္ မူဝါဒအေျပာင္းအလဲမရွိပါက ျပင္ပေငြလဲေဈးႏႈန္း အေျပာင္းအလဲမရွိႏိုင္ ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
လတ္တေလာထူးျခားခ်က္အေနျဖင့္ မၾကာမီ က်င္းပေတာ့မည့္ေ႐ြးေကာက္ပြဲေၾကာင့္ ျပည္တြင္းရွိ လုပ္ငန္း ရွင္အမ်ားစုမွာ လုပ္ငန္းမ်ားအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ႀကီးႀကီးမားမားမျပဳလုပ္ဘဲ လုပ္ငန္းလည္ပတ္ ရန္သာလုပ္ ကိုင္ေနၾကေၾကာင္းသိရသည္။ အဓိကအားျဖင့္ သြင္းကုန္လုပ္ငန္းရွင္အမ်ားစုမွာ လုပ္ငန္းအမ်ားစုကို ပုံမွန္လည္ပတ္ ႏိုင္သည့္အေျခအေနျဖင့္သာ လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။
ေ႐ြးေကာက္ပြဲၿပီးဆုံးပါက ျဖစ္ေပၚလာႏိုင္သည့္ ႏိုင္ငံေရး၊ စီးပြားေရး အေျခအေနကိုမူတည္ကာ အိမ္ ၿခံေျမႏွင့္ ကားေဈးကြက္အပါအဝင္ ျပည္တြင္းေဈး ကြက္တစ္ခုလုံး ေစာင့္ၾကည့္ေနၾကေၾကာင္း စီးပြားေရး လုပ္ငန္းရွင္မ်ားထံမွ သိရသည္။ လက္ရွိအခ်ိန္သည္ ေျပာင္းသီးႏွံမ်ား စတင္ရိတ္သိမ္းခ်ိန္ျဖစ္ၿပီး ရွမ္းျပည္နယ္တြင္း အမ်ားဆုံးထြက္ရွိ လာမည္ျဖစ္သည္။
ေျပာင္းသီးႏွံကို ထိုင္းႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံတို႔မွ အဓိကဝယ္ယူေနျခင္းျဖစ္ရာ ထိုင္းႏိုင္ငံ၏ အခြန္ လြတ္တင္ သြင္းခြင့္ကို ေျပာင္းလုပ္ငန္းရွင္မ်ား ေစာင့္ဆိုင္းေနၾကသည္။ ထိုင္းႏိုင္ငံဘက္မွ အခြန္ကင္းလြတ္ ခြင့္ျဖင့္ စတင္ ဝယ္ယူပါက ေျပာင္းေဈးႏႈန္းမ်ား ျမင့္တက္လာၿပီး ေတာင္သူမ်ား အက်ိဳးျဖစ္ထြန္းႏိုင္မည္ ျဖစ္သည္။ ေဈးကြက္အတြင္း အခက္အခဲႀကဳံေနရ ေသာေတာင္သူမ်ားမွာ ႀကံစိုက္ေတာင္သူမ်ားျဖစ္ၾကၿပီး လက္ရွိ သၾကားစက္႐ုံမ်ားမွ ႀကံဝယ္ယူ ရာတြင္ စိုက္စရိတ္ပင္ျပန္လည္မရရွိေသာအေျခအေနကို ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။
(စံခ်ိန္တင္ျမင့္တက္ေနသည့္ ေ႐ႊေဈးကြက္ႏွင့္ေငြလဲေဈးႏႈန္းမ်ား)
ယခုတစ္ပတ္အတြင္း ျပည္တြင္းေ႐ႊေဈးကြက္ သည္ ကမာၻ႔ေ႐ႊေဈးကြက္ႏွင့္အၿပိဳင္ စံခ်ိန္တင္ျမင့္တက္ေနၿပီး လတ္တေလာတြင္ ေဈးႏႈန္းျပန္လည္က် ဆင္းႏိုင္ေျခမရွိေၾကာင္းသိရသည္။ ဒီဇင္ဘာလ (၂၃) ရက္ ကမာၻ႔ေ႐ႊေပါက္ ေဈးမွာ ေ႐ႊတစ္ေအာင္စလွ်င္ (၄၄၉၅) ေဒၚလာေပါက္ေဈးရွိၿပီး ျပည္တြင္းေ႐ႊေဈး ကြက္အတြင္းတြင္ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၉၂၈၀ဝဝဝ)အထိ ေပါက္ေဈးျဖစ္ေပၚေနသည္။ ကမာၻ႔ေ႐ႊေဈးသည္ အေမရိကန္ဗဟိုဘဏ္၏ ေငြ ေၾကးမူဝါဒအေျပာင္းအလဲေၾကာင့္ ဆက္တိုက္ျမင့္ တက္ေနျခင္းျဖစ္ရာ ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း သိရသည္။ (၂၀၂၅)ခုႏွစ္ကုန္ဆုံးခ်ိန္ ခရစၥမတ္ပိတ္ ရက္ကာလမ်ားသို႔ေရာက္ရွိေနရာ ႏိုင္ငံတကာေဈး ကြက္အတြင္း ေ႐ႊဝယ္လို အားျမင့္တက္ေနၿပီး (၂၀၂၆) ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ ဆက္လက္ျမင့္တက္ႏိုင္ ေၾကာင္း ေဈးကြက္ကြၽမ္းက်င္သူမ်ား ကခန႔္မွန္းထားသည္။ ကမာၻ႔ေ႐ႊေဈးသည္ ယခုႏွစ္ကုန္တြင္ တစ္ေအာင္စလွ်င္ (၅၀ဝဝ)ေဒၚလာအထိ အမ်ားဆုံးျမင့္ တက္ႏိုင္ေၾကာင္း ႏိုင္ငံတကာ ေ႐ႊေဈးကြက္ကြၽမ္းက်င္ သူမ်ားကခန႔္မွန္းထားသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္း(၉၀)ေက်ာ္အထိျမင့္တက္ ေနရာ ကမာၻ႔ ေ႐ႊေဈး ဆက္လက္ျမင့္တက္ပါက သိန္းတစ္ရာဝန္းက်င္အထိေရာက္ရွိႏိုင္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားက ခန႔္မွန္း ေျပာဆိုေနၾကသည္။ ေ႐ႊေဈး အဆမတန္ျမင့္တက္ေနမႈေၾကာင့္ လတ္တေလာတြင္ ေ႐ႊဆိုင္အမ်ားစုမွာ အေခါက္ ေ႐ႊအေရာင္း ရပ္နားထားၿပီး အဝယ္ပိုင္းကိုသာလုပ္ကိုင္ေနၾကေၾကာင္းသိရသည္။ ေ႐ႊေဈးအတက္ အက်ျမန္ဆန္ေန ေသာေၾကာင့္ ေ႐ႊဝယ္ယူစုေဆာင္းသူမ်ားအေနျဖင့္ ေရာင္းမွား/ ဝယ္မွားမျဖစ္ေစရန္သတိထားသင့္ ေၾကာင္း ဝါရင့္ေ႐ႊ လုပ္ငန္းရွင္မ်ားက အႀကံျပဳေျပာၾကားသည္။
ေငြလဲေဈးကြက္အတြင္းတြင္ ေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနၿပီး ေဈးအက်ပိုင္းတြင္ရပ္တည္ေနေၾကာင္း သိရသည္။ အေမရိကန္ေဒၚလာေဈးသည္ ယခုတစ္ ပတ္အတြင္း ျမန္မာေငြ (၄၀ဝဝ)ေအာက္အထိက် ဆင္းလာရာ အေထြေထြကုန္ေဈးႏႈန္းအေပၚ သက္ေရာက္မႈရွိလာႏိုင္သည္။ ဒီဇင္ဘာလ(၂၃)ရက္ ေပါက္ေဈးမ်ားအရ အေမရိကန္ တစ္ေဒၚလာလွ်င္ (၃၉၈၅)က်ပ္၊ တ႐ုတ္တစ္ယြမ္လွ်င္ (၅၆၇)က်ပ္ ထိုင္းတစ္ဘတ္လွ်င္(၁၂၈)က်ပ္ႏွင့္ အိႏၵိယ တစ္႐ူပီး လွ်င္ (၄၄)က်ပ္ အသီးသီး ေပါက္ေဈးရွိေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြလဲႏႈန္းမ်ားက်ဆင္းေနရာ ျပည္တြင္းသို႔ တင္သြင္းေနသည့္ စက္သုံးဆီႏွင့္စားအုန္းဆီ ေဈးမ်ားပါ လိုက္ပါက်ဆင္းေနၿပီး အေျခခံျပည္သူမ်ား အတြက္ အဆင္ေျပ ေနေၾကာင္းသိရသည္။ စက္သုံး ဆီေဈးမွာ ဓာတ္ဆီတစ္လီတာလွ်င္ (၂၅၀ဝ)က်ပ္ ဝန္းက်င္သာရွိေသာေၾကာင့္ ႏွစ္ႏွစ္ဝန္းက်င္အတြင္း အနိမ့္ဆုံးေဈးမ်ားျဖစ္ေၾကာင္းသိရသည္။ လာမည့္ ရက္ပိုင္းအတြင္း ေငြလဲႏႈန္းမ်ားမွာ အေျပာင္းအလဲ နည္းပါးႏိုင္ၿပီး ျပည္ပသြင္းကုန္မ်ားမွာ ေဈးႏႈန္းက် ဆင္းလာႏိုင္ဖြယ္ရွိေနသည္။
(ေ႐ြးေကာက္ပြဲအေပၚေစာင့္ၾကည့္ေနသည့္ ျမန္မာ့ေဈးကြက္)
မၾကာခင္က်င္းပမည့္ (၂၀၂၅)ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအေပၚ စီးပြားေရးနယ္ပယ္အသီးသီးမွ လုပ္ငန္းရွင္မ်ားေစာင့္ၾကည့္ေနၿပီး ေ႐ြးေကာက္ပြဲလြန္ကာလျဖစ္ေပၚလာမည့္ ႏိုင္ငံေရး စီးပြားေရးအေျခ အေနမ်ားႏွင့္ သက္ဆိုင္ေၾကာင္း သိရသည္။ စီးပြားေရးလုပ္ငန္းမ်ားအတြင္း သြင္းကုန္လုပ္ငန္းလုပ္ ကိုင္သူမ်ားႏွင့္ အိမ္ၿခံေျမ၊ ကားလုပ္ ငန္းရွင္မ်ားမွာ ေ႐ြးေကာက္ပြဲအလြန္ အစိုးရသစ္၏ စီးပြားေရးမူဝါဒ အေျပာင္းအလဲကို ပိုမိုေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။ ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ားအတြင္း (၂၅/၇၅) ရာခိုင္ႏႈန္းျဖင့္ ေငြလဲလွယ္ေနရျခင္း၊ ဗဟိုဘဏ္မွ အေမရိကန္ တစ္ေဒၚလာလွ်င္ (၂၁၀ဝ)ႏႈန္းျဖင့္ ကိန္းေသ သတ္မွတ္ထားျခင္း စသည့္ ေငြေၾကးဆိုင္ရာမူဝါဒမ်ား အေျပာင္းအလဲ ျပဳလုပ္ရန္ ေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။ လတ္တေလာတြင္ လုပ္ငန္းရွင္အမ်ားစုမွာ စီးပြားေရးေဈးကြက္အတြင္း ေငြအလုံးအရင္းျဖင့္ ရင္းႏွီး ျမႇဳပ္ႏွံျခင္းမရွိဘဲ လုပ္ငန္းလည္ပတ္ႏိုင္ရန္အတြက္ သာ လုပ္ကိုင္ေနၾကေၾကာင္းသိရသည္။
အထူးသျဖင့္ ျပည္ပမွတင္သြင္းရသည္ စကၠဴ၊ စာေရးကိရိယာ၊ လွ်ပ္စစ္ပစၥည္း၊ ပရိေဘာဂႏွင့္ အေထြေထြ အိမ္သုံးပစၥည္းမ်ားမွာ ယခင္တင္သြင္းထားသည့္လက္က်န္ကုန္စည္မ်ားကိုသာ ေဈးကြက္အတြင္းျဖန႔္ျဖဴးေနၿပီး အသစ္ ထပ္မံတင္သြင္းမႈနည္းပါး ေၾကာင္းသိရသည္။ အိမ္ၿခံေျမလုပ္ငန္းမ်ားအတြင္း အေရာင္းအဝယ္နည္းပါးသြားၿပီး အခြန္ႏႈန္း အေျပာင္း အလဲအေပၚ ေစာင့္ၾကည့္ေနၾကျခင္းျဖစ္သည္။
ထို႔ျပင္ အိမ္ၿခံေျမေဈးႏႈန္းမ်ားမွာ ေငြေၾကး ေဖာင္းပြမႈႏွင့္အတူ ဆက္တိုက္ျမင့္တက္ေနရာ ဝယ္လက္နည္းပါး ျခင္းကို ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။ ေ႐ြးေကာက္ပြဲလြန္ကာလတြင္ ေငြေၾကးေဖာင္းပြမႈက် ဆင္းလာပါက အိမ္ၿခံေျမလုပ္ငန္းမ်ား အေရာင္းအဝယ္ ျပန္လည္ေကာင္းမြန္လာႏိုင္ေသာေၾကာင့္ ဝယ္ ေရာင္းသမားမ်ားမွာ လုပ္ငန္း မ်ားရပ္နားထားေၾကာင္း သိရသည္။ လာမည့္ေ႐ြးေကာက္ပြဲလြန္ကာလသည္ ႏိုင္ငံေရးစီးပြားေရး အထိုက္အေလ်ာက္ အေျပာင္းအ လဲရွိႏိုင္ေသာေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအၾကား အေျပာင္းအလဲမ်ားကို ေမွ်ာ္လင့္ေနေၾကာင္းသိရ သည္။
(ေျပာင္းသီးႏွံႏွင့္ထိုင္းႏိုင္ငံ၏အခြန္လြတ္ရာသီနီးကပ္လာျခင္း)
အခြန္ကင္းလြတ္ခြင့္ျဖင့္ ထိုင္းႏိုင္ငံသို႔ ေျပာင္း တင္ပို႔ခ်ိန္ကာလနီးကပ္လာ၍ ျပည္တြင္း၌ ေျပာင္း ေဈး အနည္းငယ္ျမင့္တက္လာေၾကာင္း ေျပာင္းကုန္ သည္မ်ားထံမွသိရသည္။ ထိုင္းႏိုင္ငံအေနျဖင့္ လက္ရွိတြင္ အခြန္ကင္း လြတ္ခြင့္ျဖင့္ ေျပာင္းသီးႏွံဝယ္ယူျခင္းကို ယခုႏွစ္ စက္တင္ဘာလမွ လာမည့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီ လကုန္အထိ (၅)လတာခန႔္ရပ္ဆိုင္းထားၿပီး လက္ရွိတြင္ ျပန္လည္တင္ပို႔ႏိုင္ရန္ အခ်ိန္ (၂)လခန႔္ သာလိုအပ္ျခင္းေၾကာင့္ ေျပာင္းေဈး အနည္းငယ္ ျပန္လည္ျမင့္တက္လာျခင္းျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းမွထြက္ရွိေသာေျပာင္းမ်ားကို ထိုင္းႏိုင္ငံမွ အဓိကဝယ္ယူေနျခင္းျဖစ္ၿပီး လတ္တေလာတြင္ ထိုင္း ႏိုင္ငံသို႔ ေျပာင္းတင္ပို႔မႈရပ္တန႔္ထားသျဖင့္ ေျပာင္း ေဈးမ်ားက်ဆင္းေနေၾကာင္းသိရသည္။ လာမည့္ ေဖေဖာ္ဝါရီလတြင္ ထိုင္းႏိုင္ငံဘက္မွ အခြန္လြတ္ျဖင့္ ေျပာင္းျပန္လည္ဝယ္ယူမည္ျဖစ္ရာ ေဈးအနည္းငယ္ ျပန္တက္လာေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ ႏွစ္စဥ္ ေျပာင္းလိုအပ္ခ်က္ တန္ခ်ိန္(၉)သန္းခန႔္ရွိၿပီး လိုအပ္ေသာေျပာင္းတန္ခ်ိန္ (၈၈)ရာခိုင္ႏႈန္းကို ျမန္မာႏိုင္ငံဘက္မွ တင္သြင္းေနရျခင္းျဖစ္သည္။ ထိုင္းႏိုင္ငံ တြင္ ေျပာင္းထြက္ရွိခ်ိန္တြင္ ျပည္ပမွ အဝယ္ရပ္ထား ၿပီး ေျပာင္းထြက္ခ်ိန္ကုန္ဆုံးမွသာ ျပည္ပမွ အခြန္ လြတ္ျဖင့္တင္သြင္ျခင္းျဖစ္သည္။ ဘုရင့္ေနာင္ကုန္ စည္ဒိုင္ေဈးကြက္တြင္ ႏိုဝင္ဘာလလယ္ပိုင္းက ေျပာင္းတစ္ပိႆာလွ်င္ (၁၃၇၀)က်ပ္အထိသာေဈး ရရွိခဲ့ၿပီး လက္ရွိတြင္ ေျပာင္းတစ္ ပိႆာလွ်င္ (၁၄၆၀) က်ပ္အထိ ျပန္လည္ေဈးျမင့္တက္လာေၾကာင္းသိရ သည္။
ထို႔ျပင္ ထိုင္းအစိုးရအေနျဖင့္ လာမည့္ေျပာင္း တင္ပို႔ခ်ိန္ကာလတြင္ ဝယ္ယူမႈႏွင့္ပတ္သက္၍ မူဝါဒ အသစ္မ်ား ျပန္လည္ခ်မွတ္ႏိုင္ေျခရွိသျဖင့္ ေစာင့္ၾကည့္ရမည့္အေနအထားတြင္ရွိေၾကာင္း ေျပာင္းကုန္ သည္မ်ားထံမွသိရသည္။ ျမန္မာ့ေဒသထြက္ ေျပာင္း ၏ (၅၀)ရာခိုင္ႏႈန္းခန႔္ကို ထိုင္းႏိုင္ငံသို႔တင္ပို႔ေနျခင္း ျဖစ္ၿပီး တ႐ုတ္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အိႏၵိယ စသည့္ ႏိုင္ငံမ်ားကိုလည္း အနည္းငယ္တင္ပို႔လ်က္ရွိေၾကာင္း၊ ယခင္က ျမန္မာႏိုင္ငံေနျဖင့္ ထိုင္းႏိုင္ငံသို႔ နယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္းမွ အဓိကတင္ပို႔ခဲ့ေသာ္လည္း လက္ရွိတြင္ ပုံမွန္ကုန္သြယ္ေရးလမ္းေၾကာင္း ျဖင့္သာ အဓိက တင္ပို႔ေနေၾကာင္းသိရသည္။
(အရႈံးျဖင့္ရင္ဆိုင္ေနရသည့္ ႀကံစိုက္ေတာင္သူမ်ား)
စိုက္ပ်ိဳးစရိတ္ျမင့္မားေနသည့္အျပင္ အေထြေထြကုန္က်စရိတ္မ်ား ယခင္ထက္ျမင့္မားေနခ်ိန္၌ ယခုႏွစ္ ႀကံေဈးမွာ ယခင္ႏွစ္ေအာက္ ေလ်ာ့ေသာႏႈန္း မ်ိဳးျဖစ္ေန၍ ႀကံစိုက္ေတာင္သူမ်ား စိုက္ရႈံးအေျခအ ေနမ်ိဳးႀကဳံေန ရေၾကာင္း ႀကံစိုက္ပ်ိဳးသူမ်ားၾကားမွသိ ရသည္။
လြန္ခဲ့ေသာႏွစ္က ႀကံတစ္တန္ စက္႐ုံအေရာက္ ေဈး (၁၈၀ယဝဝဝ)က်ပ္မွ (၂၀ဝယဝဝဝ)က်ပ္ၾကား ေဈး ေကာင္းေပးဝယ္ယူခဲ့ေသာ္လည္း ယခုႏွစ္တြင္ စက္႐ုံ အေရာက္ေဈး (၁၅၀ယဝဝဝ)က်ပ္မွ (၁၇၀ယဝဝဝ) က်ပ္ ၾကား ဝယ္ယူေနျခင္းျဖစ္သည္။
ယခင္က တ႐ုတ္ႏိုင္ငံဘက္က မူဆယ္နယ္စပ္မွ တစ္ဆင့္ သၾကားဝယ္ယူမႈမ်ားရွိခဲ့ရာ ျပည္တြင္းသ ၾကားေဈးမ်ားႏွင့္ႀကံေဈးမ်ား ေကာင္းမြန္ခဲ့ေသာ္လည္း လက္ရွိတြင္ နယ္စပ္ကုန္သြယ္မႈရပ္တန႔္သြားျခင္း ေၾကာင့္ သၾကားေဈးႏွင့္ ႀကံေဈးမ်ား က်ဆင္းေနျခင္း ျဖစ္သည္။ ေဈးကြက္အတြင္းတြင္ သၾကားေဈးမ်ားမွာ လည္း ယခင္ႏွစ္က တစ္ပိႆာလွ်င္ (၅၁၀ဝ) က်ပ္ ေဈးဝန္းက်င္ျဖစ္ခဲ့ၿပီး ယခုႏွစ္တြင္ ဒီဇင္ဘာလ (၂၃) ရက္ေပါက္ေဈးအရ (၄၁၀ဝ)က်ပ္ဝန္းက်င္ႏႈန္းျဖင့္ ဘုရင့္ေနာင္ပြဲ႐ုံမ်ားအတြင္း ေဈးဖြင့္၍ အေရာင္းအ ဝယ္လုပ္ခဲ့ၾကေၾကာင္းသိရသည္။
ယခုႏွစ္တြင္ တစ္ႏိုင္ငံလုံး သၾကားစက္႐ုံေပါင္း (၂၉)႐ုံရွိသည္ဟု စိုက္ပ်ိဳးေရးဦးစီးဌာနစာရင္းမ်ား၌ ေဖာ္ျပ ထားၿပီး ပို႔ကုန္အရည္အေသြးရွိေသာ သၾကား အျဖဴ၊ ျပည္တြင္းသုံး သၾကားညိဳ၊ သကာရည္မ်ားကို ထုတ္လုပ္ လ်က္ရွိသည္။ ျမန္မာႏိုင္ငံတြင္ ႀကံကို စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၌ အမ်ားဆုံးစိုက္ပ်ိဳးၿပီး ပဲခူးတိုင္း ေဒသႀကီးအေရွ႕ဘက္ျခမ္းႏွင့္ အေနာက္ဘက္ျခမ္းတို႔၌ ဒုတိယအမ်ားဆုံးစိုက္ပ်ိဳးၾကကာ ရန္ ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔၌လည္း အနည္းငယ္စိုက္ပ်ိဳးမႈရွိေၾကာင္း၊ အဆိုပါ စိုက္ပ်ိဳးရာေဒသမ်ားတြင္ လတ္တေလာ အေျခအေနမ်ားအရ စိုက္ပ်ိဳးထုတ္လုပ္မႈေလ်ာ့ပါးျခင္းမ်ားရွိၿပီး လြန္ခဲ့ေသာ (၂၀၂၄-၂၀၂၅) ႀကံရာသီတြင္ ႀကံတန္ခ်ိန္ (၅ယ၃၇၉ယ၅၇၇)တန္ကို ႀကိတ္ဝါးႏိုင္ခဲ့သလို သၾကား ထြက္ရွိမႈ (၅၄၃ယ၆၆၃) တန္၊ တင္လဲရည္ (၂၆၁ယ၈၉၅) တန္ ထြက္ခဲ့ေၾကာင္းသိရသည္။
ႀကံႏွင့္သၾကားေဈးကြက္ ျပန္လည္ေကာင္းမြန္ ရန္မွာ ျပည္ပမွသၾကားဝယ္လိုအားအေပၚတြင္ အဓိ ကမူတည္ေနၿပီး လတ္တေလာတြင္ ႀကံစိုက္ေတာင္သူမ်ားမွာ စိုက္စရိတ္ႏွင့္ႀကံေဈး မကာမိေသာအေျခအေနတြင္ ေရာက္ရွိေနၿပီး စိုက္ရႈံးအျဖစ္သို႔ေရာက္ရွိေန ၾကသည္။