မော်လမြိုင်တွင် တစ်ရက်တည်း၌ Fixed wing Drone (၂) စီး ပျက်ကျပေါက်ကွဲမှုဖြစ်ပွားခဲ့

 1670

Pearl (NP News) - ဒီဇင်ဘာ ၂၈
ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆)ရက် ၊ ညနေ (၅) နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြသီတာရပ် သဘာဝဓမ္မကျောင်းဟောင်း မြေနေရာလွတ်ရှိ သစ်ပင်နှစ်ပင်ကြားတွင် Fixed wing Drone တစ်စီး ပျက်ကျပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အလားတူ ညနေ (၅) နာရီ ၊ (၅)မိနစ်ခန့်တွင် မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ Sunshine Hotel မြတ်ခင်းဘေးရှိ ကားလမ်းမပေါ်သ်ု့ Fixed wing Drone တစ်စီး ပျက်ကျပေါက်ကွဲခဲ့ကြောင်းသိရသည်။
“လူထိခိုက်မှု မရှိပါဘူး။ တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းပြီးပြီလို့ သိရပါတယ်” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် လူနှင့် အ‌ဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း သိရပြီး လုံခြုံရေးအဖွဲ့များက လိုအပ်သည့် နယ်မြေရှင်းလင်းရေးများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေမာ္လၿမိဳင္တြင္ တစ္ရက္တည္း၌ Fixed wing Drone (၂) စီး ပ်က္က်ေပါက္ကြဲမႈျဖစ္ပြားခဲ့
Pearl (NP News) - ဒီဇင္ဘာ ၂၈
ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၆)ရက္ ၊ ညေန (၅) နာရီခန႔္က မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ လႈိင္ရပ္ကြက္၊ ျမသီတာရပ္ သဘာဝဓမၼေက်ာင္းေဟာင္း ေျမေနရာလြတ္ရွိ သစ္ပင္ႏွစ္ပင္ၾကားတြင္ Fixed wing Drone တစ္စီး ပ်က္က်ၿပီး ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
အလားတူ ညေန (၅) နာရီ ၊ (၅)မိနစ္ခန႔္တြင္ ေျမနီကုန္းရပ္ကြက္၊ ၿမိဳ႕ေရွာင္လမ္းရွိ Sunshine Hotel ျမတ္ခင္းေဘးရွိ ကားလမ္းမေပၚသ္ု႔ Fixed wing Drone တစ္စီး ပ်က္က်ေပါက္ကြဲခဲ့ေၾကာင္းသိရသည္။
“လူထိခိုက္မႈ မရွိပါဘူး။ တာဝန္ရွိသူေတြက နယ္ေျမရွင္းလင္းၿပီးၿပီလို႔ သိရပါတယ္” ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ လူႏွင့္ အ‌ေဆာက္အဦးမ်ား ထိခိုက္မႈ မရွိေၾကာင္း သိရၿပီး လုံၿခဳံေရးအဖြဲ႕မ်ားက လိုအပ္သည့္ နယ္ေျမရွင္းလင္းေရးမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.